Author: Baby Yit Lone
-

ဧရာ၀တီကိုစတေးပြီး သူခိုးဓားရိုးကမ်းတဲ့အဖြစ်
ဧရာ၀တီမြစ်ဆုံစီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည် စတင်ရန် လုပ်ဆောင်နေမှုတွင် ပြည်သူလူထု၏ဆန္ဒကို အဓိက အလေးအနက်ထားရန် အရေးတကြီးလိုအပ်ဟု KIO/KIA က သတိပေး ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပြန်လည် စတင်ရန် လုပ် ဆောင်နေရာတွင် လူထု၏ဆန္ဒသဘောထားကို အဓိက အလေးအနက်ထားရန် အရေးတကြီးလိုအပ်နေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် သမ္မတသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံစီမံကိန်းကို မင်းအောင်လှိုင်က ပြန်လည် စတင်ရန် လုပ်ဆောင်လျက်ရှိပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်းကလည်း မြစ်ဆုံစီမံကိန်းအတွက် တည်ဆောက်မည့် ဆည်တာတမံဒီဇိုင်းကို နှစ်နိုင်ငံ ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ KIO/KIA အနေဖြင့် ကချင်ပြည်နယ်၊ ဧရာ၀တီမြစ်ဆုံတွင် ပြန်လည် တည်ဆောက်ရန် လုပ်ဆောင်နေသော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး…
-

ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ
ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အရှိန်မြှင့် ပူးပေါင်း လုပ်ဆောင်သွားဖို့ နိုင်ငံပေါင်း ၆၀ ဝန်းကျင်က သဘောတူခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက ကျင်းပခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ (International Conference on the Global Partnership against Online Scams) ညီလာခံ အပြီးမှာ “၂၀၂၅ ဘန်ကောက် ပူးတွဲကြေညာချက်” အဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့က အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့တခြား ပိုမိုပျံ့နှံ့လာတဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို တုံ့ပြန်နိုင်ဖို့၊ ပြည်တွင်းဥပဒေတွေကို…
-

Loverboy: Emoties Uit
Loverboy: Emoties Uit (2024) ဒီ နယ်သာလန်ထုတ်လုပ်ထားတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကတော့ လက်တွေ့လောကမှာ တကယ်ရှိပေမယ့် အကြောင်းမျိုးစုံကြောင့် လူတွေသိမြင်ခွင့်မရတဲ့ နယ်သာလန်မှာဖြစ်ပျက်ခဲ့တဲ့ လူကုန်ကူးမှုဒုစရိုက်လောကအကြောင်း ကွက်ကွက်ကွင်းကွင်းမြင်အောင် တစေ့တစောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ နစ်နာသူတစ်ယောက်မိခင်ဖြစ်သူနဲ့ ဒတ်ခ်ျလူမျိုး နာမည်ကြီး ဒါရိုက်တာ သရုပ်ဆောင်တစ်ယောက်တို့ ပူးပေါင်းပြီး ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇနီးဖြစ်သူဆုံးပါးပြီးနောက်ပိုင်း ၉ နှစ်သမီးလေးနဲ့အတူ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ဖခင်တစ်ဦးဟာ သူ့သမီးကို ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ခေါ်သွားမှာစိုးပြီး ဒုစရိုက်များတဲ့ပတ်ဝန်းကျင်မှာ ထောက်ပံ့ပေးနိုင်ဖို့ကြိုးစားခဲ့ရပါတယ်။ ပတ်ဝန်းကျင်ကလည်း ပညာတတ်တစ်ယောက်လည်းမဟုတ်တဲ့သူဖြစ်တဲ့အတွက် လမ်းဘေးဂိုဏ်းအဖွဲ့တွေနဲ့ပေါင်းပြီး ပိုက်ဆံပတ်လိမ်နေရာကနေ တစ်နေ့မှာ လူကုန်ကူးတဲ့ဒုစရိုက်အဖွဲ့ကိုရောက်သွားပါတယ်။ အစကတော့ သမီးလေးကိုပံ့ပိုးပေးနိုင်ဖို့အတွက် အကြွေးပြန်ဆပ်ဖို့ပဲလုပ်ခဲ့တာဆိုပေမယ့် သူ့ကို လူကုန်ကူးဂိုဏ်းခေါင်းဆောင်ကနေ သူ့ကိုအကြွေးနွံထဲနစ်အောင် ချောက်ချခဲ့ပါတယ်။ ဒီလိုနဲ့ ဖခင်ဖြစ်သူဟာ အကြွေးမဆပ်နိုင်တော့တဲ့အခါမှာ လူကုန်ကူးဂိုဏ်းကနေ သူ့အကြွေးတွေကိုလျှော်ပေးရမယ်ဆိုရင် အမျိုးသမီးငယ်သုံးယောက်ကို လိင်လုပ်သားအဖြစ်…
-

Santhana Prapthirasthu
Santhana Prapthirasthu (2025) “သားသမီးရတနာ ထွန်းကားပါစေကြောင်း” တေလူဂူဒါရိုက်တာဆန်ဂျိဗ်ရတ်ဒီရိုက်ကူးပုံဖော်ထားတဲ့ အချစ်ဟာသမိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ မိန်းကလေးတွေကို စကားပြောဖို့တောင် ကြောက်ရွံ့နေတတ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာလေး ချိုင်တန်ယာ။ တစ်နေ့မှာတော့ စကားပြောဖို့တောင်ကြောက်တတ်သူကြီးက မိန်းကလေးတစ်ယောက်ကို တွေ့တွေ့ချင်းမှာပဲ ဖုန်းနံပါတ်တောင်းမိပါရော။ ဒီမှာပဲ ချိုင်တန်ယာကို ရဲတင်းလွန်းတဲ့သူလို့ထင်ပြီး ဝေးဝေးရှောင်သွားခဲ့တာပေါ့။ ဖူးစာပါတော့လည်း နှစ်ယောက်သားပေါင်းဖက်ကြရပေမဲ့ ရှေးရိုးစွဲကျောင်းဆရာကြီးက ဆော့ဖ်ဝဲအင်ဂျင်နီယာ ချိုင်တန်ယာနဲ့ သူ့သမီးတို့ပေါင်းဖက်မှုကို သဘောမတူဘဲ ရက်တစ်ရာအတွင်း မရရအောင်ခွဲမယ်လို့ စိန်ခေါ်လိုက်တဲ့အခါမှာတော့…။
-

Off the Record
Off the Record (2025) အက်စတာဂရေးဆိုတဲ့ လူငယ်အမျိုးသမီးတစ်ယောက်ဟာ အယ်လ်အေမှာနေတဲ့ တက်သစ်စတေးရေးတေးဆို အမျိုးသမီးအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘရန်ဒန်ဗာ့ဂ်ျဆိုတဲ့ သီချင်းထုတ်လုပ်ရေးနယ်ပယ်မှာကျော်မော်တဲ့ ကိုယ်တိုင်လည်းတေးရေးတေးဆိုဖြစ်တဲ့ နာမည်ကြီးတစ်ယောက်နဲ့တွေ့ပြီး ချစ်ကျွမ်းဝင်သွားကြပါတယ်။ အက်စတာကလည်း ဘရန်ဒန်ဘက်ကနေ နှစ်ယောက်တွေ့ဖြစ်ကြတဲ့အချိန်မှာ တလေးတစားနဲ့ ပိုးပန်းခဲ့တာဖြစ်တဲ့အတွက် အချစ်စစ်အချစ်မှန်လို့ ထင်ပြီး အိမ်မက်ကော ဘဝကြီးပါပြီးပြည့်စုံသွားသလိုခံစားလိုက်ရပါတယ်။ ဒီလိုနဲ့ ဘရန်ဒန်ကလည်း သီချင်းထုတ်လုပ်ရေးမှာအလုပ်လုပ်တော့ အက်စတာ့လို့ တက်သစ်စကို ပံ့ပို့ပေးဖို့ဆိုပြီး အက်စတာ့သီချင်းတွေကို ထုတ်ဝေဖို့အတွက် အက်စတာနဲ့အတူစာချုပ်ချုပ်လိုက်ပါတယ်။ အစပိုင်းမှာတော့ အက်စတာဘက်နေလည်း ပထမဆုံးစာချုပ်လည်းဖြစ် လူယုံတစ်ယောက်ကလည်းတိုက်တွန်းလို့လည်းဖြစ်နဲ့ စာချုပ်ချုပ်တဲ့အချိန်မှာ သေချာမဖတ်မိဘဲ အမှတ်တမဲ့လက်မှတ်ထိုးခဲ့မိပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာတဲ့အချိန်မှာ ဘရန်ဒန်ဟာ စိတ်ဖောက်ပြန်လာပါတယ်။ ဘရန်ဒန်ဟာ မဆိုရင်မဆိုသလို အက်စတာ့အပေါ်စိတ်ဆိုး ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပြီး လေးစားမှုမရှိလာတော့ပါဘူး။ အငြိုးထားတတ်ပြီး ကလေးဆန်တဲ့ ဘရန်ဒန်ရဲ့အပြူအမူကိုမြင်လာရတဲ့အခါမှာ နောက်ဆုံးအက်စတာဟာ ဘရန်ဒန်နဲ့လမ်းခွဲပြီး…