ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အရှိန်မြှင့် ပူးပေါင်း လုပ်ဆောင်သွားဖို့ နိုင်ငံပေါင်း ၆၀ ဝန်းကျင်က သဘောတူခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက ကျင်းပခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ (International Conference on the Global Partnership against Online Scams) ညီလာခံ အပြီးမှာ “၂၀၂၅ ဘန်ကောက် ပူးတွဲကြေညာချက်” အဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့က အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တစ်နေ့တခြား ပိုမိုပျံ့နှံ့လာတဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို တုံ့ပြန်နိုင်ဖို့၊ ပြည်တွင်းဥပဒေတွေကို ပိုပြီး တင်းကျပ်ဖို့နဲ့ နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သွားဖို့လည်း ဒီအစည်းအဝေးမှာ ကတိပြုခဲ့ကြပါတယ်။

ကြမ်းပြီ နိုင်ငံပေါင်း ၆၀ က ကျားဖြန့် ရှင်းဖို့ သဘောတူ ပူးပေါင်းတဲ့။

မအလ ငစော သာကော ခုမှ အကြီးကျယ် ဒုက္ခဆိုက်ပြီ။

နိုင်ငံတကာ ပေါင်း ၆၀ ဆိုကတည်းက ထောက်ခံ ပါ၀င်သူများလို့ US action ထိတောင် ယူလာနိုင်ပါတယ်။

ဒီလိုပူးပေါင်း ချိတ်ဆက်မှုတွေနဲ့ဆို ကျားဖြန့် ပပျောက်သွားနိုင်တယ်။

ပြန်ပေါ်လာလည်း လူနည်းစု ခဏပေါ့။

အဲ့အတွက် သေချာအပိုးကျိုးအောင် ခုကတည်းက လုပ်ပြထားရင် တျုတ်ကြီး ခေါင်း မဖော်ရဲတော့ပါဘူး။

ခုလည်း လက်သည် တျုတ်ဆိုတာသိလို့ နိုင်ငံတကာက ခုလို ပူးပေါင်းပါ၀င်လာတယ်လို့မြင်တယ်။

တျုတ်‌ဆိုတာနဲ့ အမြင်ကပ် အမှုန့်ချေချင်နေကြတယ်မလား

နိုင်ငံ‌ပေါင်း ၆၀ အားက မနည်းဘူး

သေချာ ချိတ်ဆက်လုပ်ရင် ပြေးမလွှတ်တော့ဘူးလေ

ခု လုပ်ဆောင်မှုဟာ ထိုင်းက ဦးဆောင်လုပ်တာဆိုရင်တော့ ကမ္ဘောဒီးယားဘက် ရပ်တည်နေတဲ့ တျုတ်ကြီး ရှေ့မှာ ရေးပြထားတဲ့ပိုစ့်အရဆို သေချာပါတယ်။

မြန်မာထဲ US မ၀င်နိုင်စေဖို့ ဟွန်ဆန်ကို မြောက်ပေးပြီး ထိုင်းကို စစ်ရေးနဲ့ ခမာမြေထဲမှာပဲ ဆွဲခေါ်ပြီး အာရုံလွဲ ကစားနေအုံးမယ်ဆိုတာ။

ထိုင်းကလည်း သိတော့ အလွတ်ရှောင်ကွက်ကို အကြီးကြီး လုပ်ချလိုက်ပြီလေ။

ပွဲကတော့ လှပါပြီ

ဒီတခါ တျုတ်ကြီး သေချာ အထိနာပြီ ထင်တယ်

ဖြစ်စဉ်တွေရဲ့ လားရာ ကနဦးအစဟာ ခန့်မှန်းကြည့်ရသလောက် ရွှေကုက္ကိုလ်ပိုင်ရှင် ရှဲကျိ့ကျန်းကို ထိုင်းက တျုတ်ဆီ အရင်မအပ်ပဲ US FBI နဲ့ အရင်ပေးတွေ့ ဒေတာတွေ ပေးလိုက်လို့ ခုလို သာကောနဲ့ ခွန်ထိုင်း နှစ်ဖက်စလုံး အလွတ်ရှောင်ပွဲကို ဦးအောင်လုပ်ရင်း နှစ်ဖက်ဆိုင်လာတဲ့ ပွဲလို့တောင် မြင်မိပါတယ် !

ဉ္ဇူရီမင်းမြတ် 👁️


Leave a Reply

Your email address will not be published. Required fields are marked *