Author: Baby Yit Lone
-

Train Dreams
Train Dreams (2025) Train Dreams ဟာ Denis Johnson ရဲ့ နာမည်ကြီး ဝတ္ထုတိုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်ကတော့ Robert Grainier (Joel Edgerton) ဆိုတဲ့ သစ်ထုတ်လုပ်သူနဲ့ မီးရထားလမ်း တည်ဆောက်သူတစ်ယောက်ရဲ့ ဘဝအကြောင်းပါ။ ၂၀ ရာစု အမေရိကန်ပြည်ထောင်စုရဲ့ ကျေးလက်ဒေသမှာ သူ့ဘဝရဲ့ ပျော်ရွှင်မှု၊ အချစ်ရေးနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းရတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ လူသဘာဝနဲ့ သဘာဝပတ်ဝန်းကျင်ဆက်စပ်မှု၊ အတိတ်နဲ့ပစ္စုပ္ပန်၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတဲ့ ဆန့်ကျင်ဘက်စိတ်ခံစားချက်တွေကို လှပစွာ ဖော်ပြသွားတဲ့ ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Clint Bentley က ဇာတ်ကားကို သဘာဝအလင်းရောင်တွေနဲ့ အဓိက ရိုက်ကူးထားပြီး…
-

My First of May
My First of May (2025) ဒီဇာတ်လမ်းကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ မိသားစုဒရာမာပဲလို့ ပြောရမှာပေါ့သွမ့်ရှူယန် ဆိုတဲ့ လူတစ်ယောက် သူဟာ တစ်ချိန်က ဟောင်ကောင် ချန်ပီယံ သုံးကြိမ်တောင် ရဖူးတဲ့သူ … ဒါပေမဲ့ အခုတော့ ခြေထောက်မသန်တော့တဲ့အတွက် အားကစားနည်းပြ အလုပ်လုပ်ရင်း၊ တစ်ခါတစ်လေ လက်မှတ်မှောင်ခိုလုပ်တယ်လို့တောင် အပြောခံရတဲ့ဘဝနဲ့ ရုန်းကန်နေရတယ်။ သူ့ဘဝရဲ့ အဓိက စိန်ခေါ်မှုကတော့… သူ့သမီးလေး အားစီ ပါ…သမီးလေးက မသန်စွမ်းဘီးတပ်ကုလားထိုင်နဲ့ အသက်ရှူစက်ကို အသုံးပြုနေရပြီး ရောဂါကလည်း ဆိုးရွားလာတယ် ဒါကြောင့် သွမ့်ရှူယန်ဟာ အိမ်ငှားခသက်သာတဲ့ အခန်းကျဉ်းလေးမှာ ခိုအောင်းနေရင်း ၊ သူ့သမီးနဲ့ အမေ့ကို ပိုက်ဆံပို့ပေးနေရတယ်…ဒါ့အပြင်… သူ့အမေနဲ့လည်း အဆင်မပြေဘူး။ အမေက အစိုးရအိမ်ရာ လေးယောက်စာ အခန်းကို လက်ဝါးကြီးအုပ်ထားတာမို့ စစ်ဆေးရေး…
-

Derelict
Derelict (2025) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ ဗြိတိန်နိုင်ငံက ဘတ်ဂျက်အနည်း ဆုံးနဲ့ ရိုက်ကူးထားပေမဲ့ အနုပညာတန်ဖိုးမြင့်မားတဲ့ ဒရာမာကား Derelict ကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ် Derelict ရုပ်ရှင်ဟာ ပုံမှန် အစ၊ အလယ်၊ အဆုံး ဖွဲ့စည်းပုံအတိုင်း မဟုတ်ဘဲ၊ အချိန်ကာလကို နောက်ပြန်လှည့်ပြီး ဇာတ်လမ်းကို ပိုင်းခြား တင်ဆက်ထားတဲ့ (Non-linear Narrative) ပုံစံမျိုးကို အသုံးပြုထားပါတယ်။ ဒီဇာတ်ကားဟာ အဓိက ဇာတ်ကောင်နှစ်ဦးရဲ့ ဘဝကို အပြိုင်ပြသပြီး၊ သူတို့ရဲ့ ကံကြမ္မာ ဘယ်လို ရောယှက်သွားတယ်ဆိုတာကို ဖော်ပြပါတယ်။ အက်ဘီဂေးဟာ ဖခင်ဖြစ်သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အတွက် ပြင်းပြတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ လက်စားချေလိုစိတ် တွေ လွှမ်းမိုးနေတဲ့ လူငယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဖခင်ကို သတ်ခဲ့တဲ့…
-

ကြံ့ဖွံ့ဦးခင်ရီ မဲဆွယ်ပွဲလာသူကျပ် ၂၀၀၀၀ ပေးမယ်ပြောပြီး ၇၀၀၀ ပဲပေးဟုသွားခဲ့သူတွေပြော
စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ၊ သုဝဏ္ဏမှာလုပ်ခဲ့တဲ့ မဲဆွယ်ဟောပြောပွဲ လာတဲ့သူတွေကို ကျပ်၂၀၀၀၀ ပေးမယ်ဆိုပြီး ၇၀၀၀ ကျပ်ပဲပေးတယ်လို့ ပွဲကိုသွားရောက်သူတွေကပြောပါတယ်။ အဆိုပါမဲဆွယ်ဟောပြောပွဲကို ကြံဲ့ဖွံ့က စည်ကားစေဖို့အတွက် ခရိုင်အလိုက် လူတွေကိုစုခိုင်းပြီး YBS ယာဉ်နဲ့အကြို/အပို့ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ခရိုင်အလိုက်ပွဲလာတဲ့သူတွေကို ကြံ့ခိုင်ရေးပါတီက တစ်ယောက်ကို ၂၀၀၀၀ ပေးမယ်လို့ ရပ်ကွက်ထဲမှာပြောပြီးလူစုခေါ်ခဲ့တာလို့ ပွဲသွားခဲ့သူအချို့ကပြောပါတယ်။ “ပိုက်ဆံလည်းမရဘူး။ သူတို့က ၂၀,၀၀၀ ပေးမယ်ဆိုပြီးပြောတယ်။ထမင်းလည်းကျွေးမယ်ပေါ့။ တစ်ကယ်တမ်းကြမပေးဘူး။ ကျွေးတာတောင်မဖြစ်စလောက်လေး။ ၇,၀၀၀ ပဲပေးတယ်။ အဲဒါတောင် လိုက်တောင်းနေရတာ။ တော်တော်နဲ့မပေးဘူး” လို့ ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးခင်ရီဟောပြောမဲဆွယ်တဲ့ပွဲကိုတတ်ရောက်သူတဦးကပြောပါတယ်။ ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲမှာ ပိုက်ဆံပေးမယ်ဆိုပြီးလူစုခဲ့တာကြောင့် လူဦးရေတစ်သောင်းခန့်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ် ။ပွဲကိုစစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်ယူထားပေးတယ်လို့လည်းစုံစမ်း သိရပါတယ်။ အလားတူ ကြံ့ဖွံ့ ပါတီ အမတ်လောင်းဆိုသူတွေကလည်း စစ်တပ်ရွေးကောက်ပွဲအတွက်…
-

ဝမ်းတွင်းမြို့နယ် ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၁ ဦး ဓားထိုးခံရပြီး သေဆုံး
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွာကို လာမှာဖြစ်တဲ့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဈေးသွားဝယ်တဲ့ ရပ်ကျေးပါတီဥက္ကဋ္ဌတယောက် နိုဝင်ဘာ ၂၂ ရက် မနက်က ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ မနက်အစောပိုင်းက နေအိမ်ကနေ ဈေးဝယ်ထွက်လာတဲ ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တယောက်ဟာ ကျွတ်ကန်ကျေးရွာအဝင်မှာ စကားများ ရန်ဖြစ်ပြီး ဓားနဲ့အထိုးခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “ကြံ့ခိုင်ရေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မျိုးမြင့်သိန်း လာမယ်ဆိုလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရွှေတောင်ရွာမှာ ဈေးသွားဝယ်တာ၊ ကျွတ်ကန်ရွာအဝင်မှာ လူငယ်တွေနဲ့ စကားများပြီး ဓားနဲ့ထိုးခံရတာ။ ဈေးတောင် မရောက်ဘူး၊ ပွဲချင်းပြီး သေသွားတယ်။” သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာအုပ်စုက ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။ “ရန်ဖြစ်…