Author: Baby Yit Lone

  • သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်

    သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်

    သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့အား ညစ်ညမ်းစွာ ကပြမှုဖြင့် ကမာရွတ်ရဲစခန်း၌ အမှုဖွင့်

    ရန်ကုန်မြို့ရှိ Novotel ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝတ်စားဆင်ယင်မှုများနဲ့ကပြဖျော်ဖြေခဲ့တယ်လို့ဆိုကာ သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နဲ့ အကအဖွဲ့ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၄(က)/၁၁၄တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

    ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့၊ ညနေ ၅ နာရီမှ ၁၀နာရီခွဲအထိ Novotel Hotel Yangon Ballroom ခန်းမမှာ ကျင်းပခဲ့တဲ့ “Cloud Seven Production & Entertainment” ရဲ့ Founder & CEO ကိုခန့်ဇော်အောင်ရဲ့ မွေးနေ့ပွဲနဲ့ ရုပ်ရှင်မိတ်ဆက်ပွဲမှာ သဉ္ဇာဝင့်ကျော် ဦးစီးတဲ့အဖွဲ့က ပါဝင်ဖျော်ဖြေခဲ့ကြဝာာဖြစ်ပါတယ်။

    အဆိုပါဖျော်ဖြေမှုမှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားများမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပြီး အများပြည်သူအမြင်မှာ မတင့်တယ်တဲ့အပြင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့ အကများ (Sex Dancer) အဖြစ် ကပြခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကမာရွတ်ရဲစခန်းက စခန်းမှူး ဒုရဲမှူးဘတိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

    အခု သဥ္ဇာဝင့်ကျော်နဲ့ အဖွဲ့ကို ဆွဲဆိုထားတဲ့ ပုဒ်မ ၂ခုမှာတော့ ပုဒ်မ ၂၉၄(က)ဟာ အများပြည်သူဆိုင်ရာနေရာမှာ ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း (ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်) ဖြစ်ပြီး ပုဒ်မ ၁၁၄ကတော့ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီခြင်းပဲ ဖြစ်ပါတယ်။

    သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ဟာ အရင်ကလည်း အလားတူအမှုမျိုးနဲ့ ထောင်ဒဏ်ကျခံခဲ့ရဖူးသူဖြစ်ပါတယ်။

    ၂၀၂၂ခုနှစ် ဩဂုတ်လမှာ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုများ လူမှုကွန်ရက်မှာ ဖြန့်ဝေတယ်လို့ဆိုကာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    ၂၀၂၃ခုနှစ် မေလမှာတော့ အင်းစိန်ထောင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရပြီး ၂၀ဝ၅ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာတော့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

    လက်ရှိမှာ ရဲစခန်းမှတ်တမ်းများအရ တရားခံများမှာ “ဖမ်းဆီးရန်ကျန်” အဖြစ် ဖော်ပြထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

  • Sunflower

    Sunflower

    Sunflower (2006)

    ဒီတစ်​ခေါက် တင်ဆက်​ပေးမယ့် ဇာတ်ကား​လေးက​တော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Action, Drama အမျိုးအစားဖြစ်တဲ့ Sunflowerဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

    ပါဝင်တဲ့ သရုပ်​ဆောင်​တွေက​တော့ နာမည်ကြီးမင်းသားမင်းသမီး​တွေဖြစ်တဲ့ Kim Rae-won, Kim Hae-sook, Heo Yi-jae, Kim Byeong-ok, Kim Jung-tae, Han Jung-soo တို့ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဥ်း

    လူသတ်မှုနဲ့ ​​ထောင်ဆယ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ထယ်ရှစ်(Kim Rae-won)က သူ့လုပ်ရပ်ကို​ နောင်တရပြီး လူ​ကောင်းတစ်​ယောက်အဖြစ် ​နေသွားဖို့ ​နေကြာပန်း စား​သောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အို့ဂျာ (Kim Hae-sook)ကို ကတိ​ပေးခဲ့ပါတယ်။

    ​နေကြာပန်း ဆိုင်ပိုင်ရှင် အို့ဂျာက ​ထောင်ထွက် ထယ်ရှစ်ကို သားအဖြစ်​မွေးစားပြီး သမီးအရင်းဖြစ်သူ ဟီဂျူ(Kim Hae-sook)နဲ့အတူတူ တက္ကသိုလ်တက်နိုင်​အောင် ​ထောက်ပံ့​ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဖြစ်ချင်​တော့ ထယ်ရှစ်ရဲ့​​နောက်လိုက်​တွေဖြစ်ခဲ့တဲ့ ယန်းဂီ(Kim Jung-tae)နဲ့ ချန်းမူ(Han Jung-soo)တို့က ဥက္ကဌဂျိုဖန်းဆူ​(Kim Byeong-ok)ဆီမှာ သစ္စာခံပြီး ​နေကြာပန်းဆိုင်ကို ဖယ်ရှားကာ စီမံကိန်းအသစ်တည်​ဆောက်ဖို့ လုပ်လာကြပါ​တော့တယ်။

    ထယ်ရှစ်က အို့ဂျာကို ရန်ထပ်မဖြစ်​တော့ပါဘူးလို့ ကတိ​ပေးခဲ့တဲ့အတွက် ယန်းဂီနဲ့ချန်းမူရဲ့ ရန်စမှုအမျိုးမျိုးကို သည်းခံခဲ့​ပေမဲ့ ဥက္ကဌဂျိုနဲ့ ​နောက်လိုက်​တွေ​က ဟီဂျူနဲ့ အို့ဂျာကို ထိခိုက်​အောင်လုပ်လာတဲ့အခါ ထယ်ရှစ်တစ်​ယောက် ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။

  • Nak Loves Mak Sooo Much

    Nak Loves Mak Sooo Much

    Nak Loves Mak Sooo Much (2025)

    ဒီဇာတ်ကားလေးကတော့ အားလုံးသိပြီးသား ပီမက်နဲ့မယ့်နက်တို့ရဲ့အကြောင်းကို ခေတ်ဆန်ဆန်အနေနဲ့ပြန်လည်ရိုက်ကူးထားတာပါ။

    နက်က သူအရမ်းကိုမှချစ်ရတဲ့မက်နဲ့ သေကွဲကွဲခဲ့ရတာကြောင့် နောက်ဘဝမှာ မက်နဲ့အတူချစ်ခွင့်ရဖို့အတွက် ကြိုးစားချိန် ရက်၃၀ရခဲ့ပါတယ်။

    ဒီရက်၃၀အတွင်းမှာ မက်အနေနဲ့ နက်ကို ချစ်ရေးမဆိုခဲ့ရင် တကယ်အချစ်စစ်နဲ့မချစ်မိကြရင် နက်ဟာ မက်နဲ့ထပ်ကွေကွင်းရမှာပဲဖြစ်ပါတယ်။

    ဒါကြောင့် နက်တစ်ယောက် ချစ်ရသူမက်နဲ့နီးစပ်သွားမလား ဒီမစ်ရှင်အောင်မြင်ပါ့မလား။

    နောက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာ “မက်ကို အရမ်းချစ်တဲ့နက်” ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြရအောင်ပါ။

  • The Devil’s Bath

    The Devil’s Bath

    The Devil’s Bath (2025)

    ၁၇ ရာစု ၁၈ ရာစုကာလတွေမှာ စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း အစရှိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ နတ်ဆိုးရဲ့လွှမ်းမိုးမှု အဖြစ်ယူဆကြပြီး မိမိကိုယ်ကိုသတ်သေခြင်းဟာအပြစ်ကြီးတစ်ခုဖြစ်တဲ့အတွက် ထာ၀ရအပြစ်စီရင်ခြင်းကိုခံရမယ်ဆိုတဲ့ အစွဲရှိခဲ့ပါတယ်။

    အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုသတ်သေလိုသူတွေက လူသတ်မှုကိုတမင်ကျူးလွန်ပြီးနောက် တရားရုံးမှာပြစ်ဒဏ်စီရင်ခံပြီး ကွပ်မျက်ခံလေ့ရှိကြပါတယ်။

    ဒီလုပ်ရပ်ကိုလုပ်တဲ့သူတွေက များသောအားဖြင့် အမျိုးသမီးတွေဖြစ်လေ့ရှိပြီး သူတို့သားကောင်တွေကလည်း ကလေးငယ်တွေသာ အဖြစ်များပါတယ်။

    ဒီဇာတ်လမ်းကိုလည်း အဲ့ဒီလိုဖြစ်ရပ်တစ်ခုနဲ့စပြီးဖွင့်လှစ်ထားတာပါ။

    ဟော်ရာကားဆိုပေမယ့် တစ္ဆေသရဲတွေ၊ မကောင်းဆိုးဝါးတွေမပါပဲနဲ့လူသားတွေရဲ့အစွန်းရောက်ယုံကြည်ချက်တွေ၊အယူအဆမှားတွေ၊ လှုမှုပတ်ဝန်းကျင်ရဲ့တလွဲစံနှုန်းနဲ့ဖိအားပေးမှုတွေကိုသာ ဗီလိန်အဖြစ်ကောင်းကောင်းကြီး ပုံဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။

    ဘာလင်ရုပ်ရှင်ပွဲတော်အပါအဝင် ဆုပေးပွဲအတော်များများမှာ အဓိကဆုကြီးတွေရရှိခဲ့ပြီး ၂၀၂၅ အော်စကာမှာလည်း Best International Feature Film အတွက် ဩစတြီးယားနိုင်ငံကိုယ်စားပြုရွေးချယ်ခံထားရတဲ့ အနုပညာလက်ရာမြောက်ကားကောင်းတစ်ကားပါ။

  • ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေ

    ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေ

    နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေသည်ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ထုတ်ပြန်သည်။

    လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံလျက်ရှိသည့် အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) Page သို့ လည်းကောင်း၊ ဗဟိုသဘင်အလုပ်အမှုဆောင်များထံသို့လည်းကောင်း တိုင်ကြားမှုများ လက်ခံရရှိ နေသည့် ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့သည် နှစ်ပါးသွား အစီအစဉ် ဖျော်ဖြေနေစဉ် ပရိတ်သတ်အတွင်းမှ ကလေးငယ်တစ်ဦးအား ဇာတ်စင်ပေါ်သို့ ခေါ်ယူပြီး အမြင်မသင့်သော ကလေးသူငယ် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာပြုမူခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ များစွာစိတ်မကောင်း ဖြစ်ရသည်ဟု အစည်းအရုံးက ဖော်ပြထားသည်။

    ထိုကိစ္စရပ်အတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စုံစမ်းစိစစ်လျက်ရှိပါကြောင်းနှင့် နောက်ဆက်တွဲ အ​ခြေအနေများအား ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ကြေညာသည်။

    သဘင်အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဇာတ်အဖွဲ့၏ နာမည်ကို ထုတ်ဖော်ရေးသားထားခြင်းမရှိပေ။

    အောင်ဇဗ္ဗူဇာတ်အဖွဲ့မှာ ကလေးငယ်ကို စင်ပေါ်ခေါ်တင်ပြီး မဖွယ်မရာဖျော်ဖြေခဲ့သဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပရိတ်သတ်များက ဝေဖန်နေခြင်းဖြစ်ကြောင်း သိရသည်။