ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေ

နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေသည်ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ထုတ်ပြန်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံလျက်ရှိသည့် အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) Page သို့ လည်းကောင်း၊ ဗဟိုသဘင်အလုပ်အမှုဆောင်များထံသို့လည်းကောင်း တိုင်ကြားမှုများ လက်ခံရရှိ နေသည့် ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့သည် နှစ်ပါးသွား အစီအစဉ် ဖျော်ဖြေနေစဉ် ပရိတ်သတ်အတွင်းမှ ကလေးငယ်တစ်ဦးအား ဇာတ်စင်ပေါ်သို့ ခေါ်ယူပြီး အမြင်မသင့်သော ကလေးသူငယ် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာပြုမူခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ များစွာစိတ်မကောင်း ဖြစ်ရသည်ဟု အစည်းအရုံးက ဖော်ပြထားသည်။

ထိုကိစ္စရပ်အတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် စုံစမ်းစိစစ်လျက်ရှိပါကြောင်းနှင့် နောက်ဆက်တွဲ အ​ခြေအနေများအား ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ကြေညာသည်။

သဘင်အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဇာတ်အဖွဲ့၏ နာမည်ကို ထုတ်ဖော်ရေးသားထားခြင်းမရှိပေ။

အောင်ဇဗ္ဗူဇာတ်အဖွဲ့မှာ ကလေးငယ်ကို စင်ပေါ်ခေါ်တင်ပြီး မဖွယ်မရာဖျော်ဖြေခဲ့သဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပရိတ်သတ်များက ဝေဖန်နေခြင်းဖြစ်ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *