Sunflower (2006)

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Action, Drama အမျိုးအစားဖြစ်တဲ့ Sunflowerဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Kim Rae-won, Kim Hae-sook, Heo Yi-jae, Kim Byeong-ok, Kim Jung-tae, Han Jung-soo တို့ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်း
လူသတ်မှုနဲ့ ထောင်ဆယ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ထယ်ရှစ်(Kim Rae-won)က သူ့လုပ်ရပ်ကို နောင်တရပြီး လူကောင်းတစ်ယောက်အဖြစ် နေသွားဖို့ နေကြာပန်း စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အို့ဂျာ (Kim Hae-sook)ကို ကတိပေးခဲ့ပါတယ်။
နေကြာပန်း ဆိုင်ပိုင်ရှင် အို့ဂျာက ထောင်ထွက် ထယ်ရှစ်ကို သားအဖြစ်မွေးစားပြီး သမီးအရင်းဖြစ်သူ ဟီဂျူ(Kim Hae-sook)နဲ့အတူတူ တက္ကသိုလ်တက်နိုင်အောင် ထောက်ပံ့ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဖြစ်ချင်တော့ ထယ်ရှစ်ရဲ့နောက်လိုက်တွေဖြစ်ခဲ့တဲ့ ယန်းဂီ(Kim Jung-tae)နဲ့ ချန်းမူ(Han Jung-soo)တို့က ဥက္ကဌဂျိုဖန်းဆူ(Kim Byeong-ok)ဆီမှာ သစ္စာခံပြီး နေကြာပန်းဆိုင်ကို ဖယ်ရှားကာ စီမံကိန်းအသစ်တည်ဆောက်ဖို့ လုပ်လာကြပါတော့တယ်။
ထယ်ရှစ်က အို့ဂျာကို ရန်ထပ်မဖြစ်တော့ပါဘူးလို့ ကတိပေးခဲ့တဲ့အတွက် ယန်းဂီနဲ့ချန်းမူရဲ့ ရန်စမှုအမျိုးမျိုးကို သည်းခံခဲ့ပေမဲ့ ဥက္ကဌဂျိုနဲ့ နောက်လိုက်တွေက ဟီဂျူနဲ့ အို့ဂျာကို ထိခိုက်အောင်လုပ်လာတဲ့အခါ ထယ်ရှစ်တစ်ယောက် ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။


Leave a Reply