Author: Baby Yit Lone

  • နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်

    နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်

    နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်း ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ (YOMA GBK PDF) နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်…

  • Man Finds Tape

    Man Finds Tape

    Man Finds Tape (2025) ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်များနဲ့ မြို့ငယ်လေးရဲ့လျှို့ဝှက်ချက် Found Footage Horror နဲ့ Mystery ကားကိုသဘောကျတဲ့သူမျိုးဆိုရင်တော့ ဒီနှစ်ကုန်ခါနီးမှထွက်ရှိထားတဲ့”Man Finds Tape”(2025)ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ ဇာတ်အိမ်လေးကတစ်မျိုးလေးမလို့ ပုံမှန်ဇာတ်အိမ်ကိုရိုးအီနေတဲ့သူတွေဆိုရင်တော့ ဒီကားလေးကိုကြည့်လိုက်ကြပါ။ ဇာတ်လမ်းအကျဉ်း လူးကပ်စ်ဟာ သူ့ရဲ့ YouTube Channel မှာ မေ့ပျောက်နေတဲ့အတိတ်က ဗီဒီယိုဖိုင်တစ်ခုကို တင်လိုက်ရာကနေသူ့ဘဝဟာ စတင်ပြောင်းလဲသွားပါတော့တယ်။ သူ့မိဘတွေအိမ်မှာရှာတွေ့ခဲ့တဲ့ ဒီလျှို့ဝှက်တိပ်ခွေထဲမှာ လူးကပ်စ် ငယ်ငယ်တုန်းကအိပ်ပျော်နေချိန် အခန်းထဲကို လူစိမ်းနှစ်ယောက်ဝင်လာပြီး တစ်ခုခုလုပ်သွားတဲ့မြင်ကွင်းပါဝင်နေပေမယ့် ဒီအဖြစ်အပျက်ကိုသူလုံးဝမမှတ်မိနေပါဘူး။ ဒီကိစ္စကို စုံစမ်းဖို့အတွက် မြို့ကနေ ခွဲခွာသွားတဲ့ သူ့အစ်မဖြစ်သူ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ လင်းန်ကပြန်ရောက်လာပြီး မောင်နှမနှစ်ယောက်သာ အဖြေရှာဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့ရှာဖွေလေလေ… သူတို့နေထိုင်ရာ တက္ကဆက်ပြည်နယ်ကမြို့ငယ်လေး Larkin မှာ ဖုံးကွယ်ထားတဲ့ကြောက်မက်ဖွယ်ရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်လာရလေပါပဲ။ မြို့ခံတွေရဲ့…

  • မှန်ရာကို ထွက်ဆိုပါမည်

    မီးဇာ စိတ်က အပြောင်းအလဲ မြန်လွန်းလှသည်။ ကိုစစ်အောင်နှင့် အိမ်နီးပါးချင်း ဖြစ်သော်လည်း မီးဇာ ခေါ်ချင်မှခေါ်သည်။ ပြောချင်မှလည်း ပြောသည်။ သို့သော် နောင်လတ် နှင့် ပတ်သက်လာသောအခါ ကိုစစ်အောင်ရဲ့ မိတ္တူကူးစက်ဆိုင်သို့ မကူးချင်ပဲလဲ ကူးလျက်၊ မသွားချင်ပဲလဲ သွားလျက် မီးဇာ အောက်ကျို့ခံလျက် အောက်စီးမှ ဆက်ဆံလာရသည်။ ထိုသို့ အောက်စီးမှ ဝင်ရသည်က အသဲအသက်မက ချစ်ရလွန်းသူ နောင်လတ်ကြောင့်ပဲ ဖြစ်သည်။ မီးဇာဟု ချစ်စနိုးခေါ်တတ်သော နောင်လတ်သည် ဇာနည်နွယ်ဟူသော မီးဇာရဲ့ နာမည်ရင်းကိုပင် ပျောက်အောင် မီးဇာကို လွှမ်းမိုးသူဖြစ်၏။ နောင်လတ်နှင့် (၁၀) တန်းမှာ ကတည်းက ချစ်ခဲ့ကြသည်။ နောင်လတ် မျက်နှာကို မြင်တိုင်း မီးဇာ ရင်ခံတတ်သည်။ နောင်လတ်၏ အကြည့်ပြာပြာဝေဝေလေးမှာ မီးခိုးမှိုင်းမိသော လိပ်ပြာလေးနှယ်…

  • နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန် နုတ်ထွက်မှု မြန်မာအပေါ် သက်ရောက်မှုရှိနိုင်

    နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန် နုတ်ထွက်မှု မြန်မာအပေါ် သက်ရောက်မှုရှိနိုင်

    နိုင်ငံတကာ အဖွဲ့အစည်း ၆၀ ကျော်ကနေ အမေရိကန် နုတ်ထွက်သွားမှုနဲ့အတူ ရန်ပုံငွေထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်သလို မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း ၃၁ ခု၊ တခြားအဖွဲ့အစည်း ၃၅ ခု၊ စုစုပေါင်း နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်ပြည်ထောင်စုနုတ်ထွက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက်နေ့ မှာ အမိန့်စာထုတ်ပြန်ခဲ့တာပါ။ ဒီနုတ်ထွက်မှုကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ရပ်တည်နေရတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်သလို သွယ်ဝိုက်သက်ရောက်မှုတွေလည်း ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုအရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဒီမိုကရေစီအရေးတွေမှာ တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်ပြီး…

  • မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲ မသမာမှု  စစ်တပ်ဩဇာခံ UEC ဖြေရှင်းမပေး

    မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲ မသမာမှု စစ်တပ်ဩဇာခံ UEC ဖြေရှင်းမပေး

    စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ မဲမသမာမှုတွေရှိခဲ့ပေမဲ့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ပြေလည်အောင်မဖြေရှင်းဘဲ ရွေးကောက်ပွဲနောက်အပိုင်းတွေကျမှ ပိုကောင်းအောင်ပြုလုပ်မယ်လို့ပြောဆိုတဲ့ အပေါ် ‌ဝေဖန်ခံနေရပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့က မဲရုံတွေထဲမှာလည်း မဲပေးစက်အခက်အခဲတွေနဲ့ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးတပါတီတခုတည်းကိုပဲ ခလုပ်နှိပ်ပြီး မဲပေးခဲ့ရတဲ့ မသမာမှုတွေရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလိုမဲမသမာမှုရှိခဲ့တဲ့အပေါ် ကော်မရှင်က ဖြေရှင်းချက်မပေးဘဲ နောက်အပိုင်းတွေမှသာ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ မရိုးသားဘူးလို့ ထားဝယ်မြို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ကိုမင်းလွင်ဦးက ပြောပါတယ်။ “ကျနော်တို့ နားလည်တာက သူတို့ မဲလိမ်မဲခိုးတာကို သူတို့စက်ချွတ်ယွင်းလို့ အားနည်းချက် တစုံတရာရှိသွားလို့ ဆိုတဲ့ဟာမျိုး ဖာထေးပြီးတော့ပြောတယ်လို့ နားလည်တယ်။ ဒါပေမဲ့ အရမ်းကို ထင်သာမြင်သာရှိတာက မဲပေးရင်းနဲ့မှ စက်က USDP တခုတည်းကိုပဲ…