Author: Baby Yit Lone

  • ကမ္ဘောဒီးယားနယ်စပ်အနီး၌ တင့်ကားများ ပစ်ခတ်နေပုံ ရုပ်သံဖိုင် ထိုင်းစစ်တပ် ထုတ်ပြန်

    ကမ္ဘောဒီးယားနယ်စပ်အနီး၌ တင့်ကားများ ပစ်ခတ်နေပုံ ရုပ်သံဖိုင် ထိုင်းစစ်တပ် ထုတ်ပြန်

    ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း ၂ နိုင်ငံ နယ်စပ်ရဲ့ ကမ္ဘောဒီးယားဘက်ခြမ်းက ခြံဝင်းတခုကို ဖျက်ဆီးဖို့ ‘တင့်ကားနဲ့ပစ်ခတ်တဲ့ စစ်ဆင်ရေး’ လုပ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမီချေပြည်နယ်၊ ဆရာငွိုင်မြို့မှာရှိတဲ့ အဲဒီပစ်မှတ်ဟာ ထိုင်းနိုင်ငံ၊ ဆာကဲးပြည်နယ်၊ ထာ့ဖရာယာ ခရိုင်မှာရှိတဲ့ ဘန်းထာ့ဖရာယာ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တခြားတဖက်မှာ ရှိတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ အဆောက်အအုံဖွဲ့စည်းပုံ၊ စိုက်ခင်းတွေနဲ့ လမ်းအပြင်အဆင်တွေက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ ဗီဒီယိုရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ရဲ့ ရိုက်ကူးတဲ့ ရက်စွဲကိုတော့ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံစလုံးက သူတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ နောက်မဆုတ်ဘူးလို့ ပြောခဲ့ကြလို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား…

  • Palestine 36

    Palestine 36

    Palestine 36 (2025) Palestine 36 ဟာ ၁၉၃၆–၁၉၃၉ ခုနှစ်က “1936–1939 အာရပ်တော်လှန်ရေး”အကြောင်းတွေ — အစိုးရရဲ့ British colonial rule ဆန့်ကျင်ရေး ပုန်ကန်မှုတွေကို အခြေခံထားတယ်။ ဇာတ်လမ်းမှာ ပါလက်စတိုင်းပြည်သူ တွေရဲ့ဘဝ ဗြိတိသျှကိုလိုနီတွေရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းတွေ ပေါင်းစပ်ထားတယ်။ အရေးပါတဲ့ historical drama တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး၊ ပရိသတ်/သုတေသနရှင်များ ရဲ့ စဉ်းစားစရာကောင်းမယ့် လူမျိုးရေးသိပ္ပံ-လူမှုဆိုင်ရာ topics တွေကို ထည့်ထားပါတယ်။

  • The Tin Mine

    The Tin Mine

    The Tin Mine (2005) အာဂျင်ဆိုတဲ့ ဒုတိယနှစ်တက္ကသိုလ်​ကျောင်းသားတစ်​ယောက်ဟာ ​ကျောင်းထုတ်ပယ်ခဲ့ရပြီး အနာဂတ်​ဝေဝါး​နေသူပါ။ အာဂျင်ဟာ အ​ဖေဖြစ်သူရဲ့​စေလွှတ်မှု​ကြောင့် ​တောင်ပိုင်း​ဒေသမှာရှိတဲ့သတ္တုလုပ်ငန်းမှာ ​အလုပ်သ​ဘောကိုလေ့လာဖို့​ရောက်လာခဲ့ပါတယ်။ သတ္တုလုပ်ငန်းဆိုတဲ့အတိုင်း ခက်ခဲပင်ပန်းလွန်းတာ​ကြောင့် အာဂျင်လိုလူငယ်မြိုသားတစ်​ယောက်ဟာ ခက်ခဲကြမ်းတမ်းတဲ့အလုပ်ကိုလုပ်နိုင်ပါ့မလား။ နောက်ပြီး သတ္တုတွင်းမှာလုပ်ကိုင်​နေရတဲ့သူ​တွေ အလုပ်ကြမ်းသမား​တွေရဲ့ဘဝ၊ ခက်ခဲပင်ပန်းမှု​တွေကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်​ကောင်း​လေးတစ်ပုဒ်အဖြစ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

  • The Wrecker

    The Wrecker

    The Wrecker (2025) “မိသားစုကို ထိရင်မီးပွင့်သွားမယ့်ရေတပ်သားဟောင်းတစ်ဦးရဲ့လက်တုံ့ပြန်မှု” Action, Crime, Thriller ကားကောင်း ကြိုက်သူတွေအတွက် ၈၀/၉၀ ခုနှစ်တွေက အက်ရှင်ကားတွေရဲ့ အရသာကိုပြန်လည်ပေးစွမ်းမယ့် The_Wrecker_2025 ကားလေးပဲဖြစ်ပြီး ဒီကားမှာ နာမည်ကြီး Fast and Furioys သရုပ်ဆောင်ဖြစ်တဲ့မင်းသား Tyrese Gibson ၊ဝါရင့်သရုပ်ဆောင်ကြီး Harvey Keitel ၊ Danny Trejo နဲ့ Mena Suvari တို့လိုနာမည်ကြီးတွေအားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း Tony ဆိုတာ တစ်ချိန်က မာရင်းတပ်သားဟောင်း တစ်ယောက်ပါ။ အခုချိန်မှာတော့ အတိတ်က စစ်ပွဲတွေကို မေ့ထားပြီး ကားဟောင်းဖျက်သိမ်းရေးစက်ရုံ မှာ အလုပ်လုပ်ရင်း သမီးနှစ်ယောက်နဲ့ အေးဆေးနေနေသူအဖြစ်ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမယ့် ဒီအေးချမ်းမှုက ကြာကြာမခံဘဲသူ့ညီဖြစ်သူ Bobby က မြို့ခံမာဖီးယားခေါင်းဆောင်…

  • Videotheque

    Videotheque

    Videotheque (2024) ဒီကားကတော့ Serbian Film အမှန်အကန် ဖြစ်ပါတယ်။ Anthology ပုံစံနဲ့တင်ဆက်ထားတာဖြစ်ပြီး၊ ဇာတ်လမ်းအကျဉ်းကတော့ သူခိုးတစ်ယောက်ရဲတွေလက်က ထွက်ပြေးရင်း စွန့်ပစ်ဗီဒီယိုအခွေဆိုင်တစ်ခုတည်းကိုရောက်ရှိသွားပြီး၊ တစ်ညတာခိုနေတဲ့အချိန်မှာ ဟော်ရာဇာတ်ကားသုံးကားကြည့်ဖြစ်ပုံကနေအစပျိုးထားတာပါ။ သူကြည့်တဲ့ ဇာတ်ကားသုံးကားဟာ ဇာတ်လမ်းတိုသုံးခုဖြစ်ပြီး ဦးနှောက်စားရမယ့်တင်ဆက်ပုံ၊ ဇာတ်လမ်းမျိုးတွေချည်းပါပဲ။ စဉ်းစားတွေးတောရတာကိုကြိုက်တဲ့သူတွေ သဘောတွေ့မယ့်ပုံမျိုးပါ။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)