Author: Baby Yit Lone

  • ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဒေါ်အောင်ဆန်းစု၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်အား ဖယ်ရှားခြင်း အစီအစဉ်များကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာနေပြီး ယခုရက်ပိုင်းအတွင်း နေပြည်တော်နှင့် ပဲခူးမြို့ရှိ ကြေးရုပ်အချို့ ဖယ် ရှားခံလိုက်ရသည်။

    ပဲခူးမြို့လည် လမ်းဆုံတွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၁၂ နာရီမှ နံနက် ၁ နာရီအတွင်း ဖြိုချဖယ်ရှားသွားခဲ့ကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။

    ဗိုလ်ချုပ်ကြေးရုပ် အောက်ခုံကို ဖြိုချဖျက်ဆီးခဲ့ပြီး ရုပ်ထုကို မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့ကြောင်း မသိရှိရသေးပေ။ ယင်း ရုပ်ထုကို ဖယ်ရှားရာတွင် ပဲခူးမြို့ တမြို့လုံး နီးပါးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီး “ခိုးကြောင်ခိုးဝှက်” ဖယ်ရှားသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

    “ဒီလုပ်ရပ်က အတော်ဆိုးတာပဲ၊ ကိုယ်တွေငယ်ငယ်က အားကစားနေ့တို့ ၊ အခမ်းအနားပွဲတို့ဆိုရင် အဲ့ဒီမှာ အလေး ပြုရတာ၊ ရုပ်တုကို သူတို့က ဖြိုတာတော့ မဟုတ်ဘူး၊ အောက်ခြေခုံကို ဖြိုပြီး ရုပ်တုကို ဘေးမှာ အဝတ်နဲ့ပေါ့ အုပ်ထားတယ်တဲ့” ဟု ပဲခူးမြို့ခံတဦးက ပြောသည်။

    အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်သည် ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးရှေ့၊ အမှတ် (၁) အခြေခံပညာကျောင်းအနီး၊ ဘုရားလမ်းနှင့် တောင်ငူလမ်းမ လမ်းဆုံတွင်တည်ရှိပြီး ၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက်တွင် ထုလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်ကြောင်း သိရသည်။

    “ပဲခူးသမိုင်းပဲ ပြောပြော၊ ပဲခူးရဲ့ အထင်ကရနေရာပဲ ပြောပြော၊ ပဲခူးသားတွေ၊ ပဲခူးသူတွေရဲ့ အမှတ်တရရှိခဲ့တဲ့ သမိုင်းကို ဖျက်လိုဖျက်ဆီးလုပ်တာ။ နောင်လာ နောင်သားမျိုးဆက်တွေကို သမိုင်းဖျောက်ခြင်တာ”ဟု ဒေသခံက ပြောသည်။

    နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုမှု ဇူလိုင်လ၂၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ဒေသခံများက ပြောသည်။

    မည်သည့်အတွက်ကြောင့် ဗိုလ်ချုပ်ကြေးရုပ်အား ယခုလို ဖယ်ရှားသည်ကို မသိရသလို စစ်ကော်မရှင်ကလည်း အသိပေးထုတ်ပြန်ထားခြင်း မရှိသေးပေ။

    စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့ ညဦးပိုင်းတွင် ပဲခူးမြို့ ဟံသာဝတီရပ်ကွက်၊ ဖက်တန်းလမ်းမဘေးရှိ စည်ပင်ပိုင်ပန်းခြံအတွင်းရှိ စိုက်ထူးထားသော ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် ဒီမိုကရေစီကျောက်တိုင်ကိုလည်း စစ်အုပ်စုမှ အင်အားသုံးကာ ဖြိုချဖျက်ဆီးခဲ့ဖူးသည်။

    ထို့အပြင် စစ်တပ် အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြကြသည့် နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွင် စစ်တပ်မှ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့သည့် ပြည်သူများ၏ အုတ်ဂူများကိုလဲ ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖယ်ရှားခဲ့သေးသည်။

    ယခုလို ဖယ်ရှားမှုကြောင့် မြန်မာနိင်ငံအနှံ့အပြားရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများလည်း ဆက်လက်ဖယ်ရှားခံရမည်ကို ပြည်သူလူထုကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

    ဓာတ်ပုံ – စစ်တပ်အာဏာသိမ်းခြင်းကို ဆန္ဒပြနေကြသည့် ပြည်သူများကို ဖြိုခွင်းရန် ပဲခူးမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် အရှေ့တွင်စောင့်နေကြသည့် စစ်အုပ်စုလက်အောက်ခံ ရဲများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တွေ့မြင်ရစဉ်။ (ဟန်ထူးဇော်)

    ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီး

    ပဲခူးတိုင်း၊ ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီးလိုက်ကြောင်း ပဲခူးမြို့မှ ပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ညသန်းခေါင်ယံ ၁၂ နာရီအချိန် ပဲခူးမြို့လယ်၊ အမှတ် ၁ အခြေခံပညာကျောင်းအနီး ဘုရားလမ်းနှင့်တောင်ငူလမ်းမ၊ ဆေးရုံလမ်းနှင့်လမ်း ၃၀ အဆုံ၊ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးနှင့်မျက်နှာချင်းဆိုင်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို လျှပ်စစ်မီးများ ဖြတ်တောက်၍ စစ်တပ်က ဖျက်ဆီးဖယ်ရှားရှင်းလင်းသွားကြောင်း သိရှိရသည်။

    “ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်းကားတွေနဲ့ ညသန်းခေါင်ကြီး လာသယ်တာ။ ရုပ်တုထားတဲ့အထိုင်တုံးကိုလည်း ဖြိုချနေပြီ။ သယ်တဲ့အချိန် မီးတွေ ဖြတ်ထားတယ်။ ရုပ်တုသယ်တဲ့အချိန်ရော သယ်ပြီးတဲ့အချိန်ရော မီးက လုံး၀ မလာဘူး။ ဗိုလ်ချုပ်ရုပ်တုကို သယ်တဲ့အချိန်မှာ စစ်ကားတွေလည်းပါတယ်” ဟု ပဲခူးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းနှင့်ဇော်ဂျီလမ်းအကြား၊ ပုဗ္ဗဈေးအနီးတွင် ထားရှိထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်တပ်က ကရိန်ကားများ၊ ဘက်ဖိုးကားများဖြင့် ဖယ်ရှားသွားခဲ့ပြီး ရုပ်တုထားရှိသော စင်ကိုပါ ဖြိုချဖျက်ဆီးခဲ့သည်။

    စစ်တပ်သတင်းရင်းမြစ်တချို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖယ်ရှားမှုမှာ စစ်ခေါင်းဆောင်၏ယတြာတစ်ခုဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုကြပြီး တပ်ရင်းတပ်ဖွဲ့များတွင်မူ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ဆက်လက်ချိတ်ဆွဲ အလေးပြုနေရဆဲဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

    “NLD ပါတီခေတ်က ထုလုပ် ထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှားနေတာ။ သိရသလောက်တော့ ပဲခူးရော နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုတွေက NLD အစိုးရလက်ထက်တုန်းက ထုလုပ်ခဲ့တာတွေလို့ထင်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ပုံအကြီးကြီးကို ချိတ်ဆွဲခိုင်းထားတုန်းပါပဲ။ ဖယ်ရှားခိုင်းတာမရှိဘူး။ NLD အစိုးရလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖယ်ခိုင်းတာမျိုးဆိုတော့ ယတြာလို့ထင်တာပါပဲ”ဟု စစ်တပ်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ပဲခူးက ဗိုလ်ချုပ်ကြေးရုပ် ကို စစ်တပ်က ညတွင်းချင်းဖယ်ရှားခဲ့

    အာဏာသိမ်းစစ်တပ်ဟာ ပဲခူးမြို့ တိုင်းအစိုးရရုံးရှေ့မှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ဩဂုတ်လ ၇ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်မှာ လျှပ်စစ်မီးဖြတ်တောက်ပြီး စက် ယန္တရားတွေ နဲ့ လာရောက် ဖယ်ရှားသွားတာလို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။

    ပဲခူး၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို အာဏာသိမ်းစစ်တပ်က လူခြေတိတ်ချိန် ညချိန်ကျမှ ဖယ်ရှားရှင်းလင်းလိုက်တာဖြစ်ပါတယ်။

    “ဗိုလ်ချုပ်ရုပ်ထုကိုဖယ်ရှားလိုက်လို့ ဗိုလ်ချုပ်သမိုင်းပျောက်သွားတာမဟုတ်။ သေချာတာက ကိုယ်သမိုင်းမကောင်းဘူးဆိုတာကိုမီးမောင်ထိုးသလိုဖြစ်နေပြီ။ ရုပ်ထုကိုပဲ ဖယ်ရှားလို့ရမယ်ပြည်သူတွေရင်ထဲမှာရှိတဲ့အမှန်တရားကိုတော့ဘယ်တော့မှဖျက်ဆီးလို့မရစေရဘူး။ ပြည်သူတွေရဲ့တိုင်းပြည်ချစ်စိတ်ကို ဖျောက်ဖျက်လို့ရမှာမဟုတ်ဘူး။” လို့ ပဲခူးမြို့ခံဒေသအမျိုးသားတစ်ဦးက ပြောပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ ရန်ကုန်-မန္တလေးအမြန် လမ်းထောင့်မှာ ရှိတဲ့ ဗိုလ် ချုပ်ကြေးရုပ်ဟာ လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့တည်ဆောက်ခဲ့ပြီး အာဇာ နည်နေ့ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကြေးရုပ်မှာ အခမ်းအနား ကျင်းပခွင့်ကို ပင် ပိတ်ပင်ခံခဲ့ရပါတယ်။

    “ဒါကတော့ အာဏာရှင်ကတော့ အာဏာရှင်အလုပ်လုပ်တာပါပဲ။ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကစပြီး ပြည်သူ့တော်လှန်ရေးနဲ့ပတ်သက် ဆက်စပ်တဲ့အထိမ်းအမှတ်၊ သမိုင်း တွေကိုအစဉ်အမြဲ ဖျက်ဆီးဖျောက်ဖျက်ဖို့ ၁၉၆၂ ဗိုလ်နေဝင်း လက်ထက်ကနေ ခု ၂၀၂၅ မင်းအောင်လှိုင် လက်ထက်ထိ ဆောင်ရွက်နေကြတာပါပဲ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးကိုက ပြောပါတယ်။

    စစ်ကောင်စီက ဗိုလ်ချုပ်ရဲ့ အမည်နာမကို အမျိုးမျိုး ဖျောက်ဖျက်ခဲ့တဲ့အပြင် စစ်အစိုးရအဆက်ဆက် ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ပုံကိုတောင် ဖြုတ်ချခဲ့ပြီး တိရိစ္ဆာန်ရုပ်ပုံတွေနဲ့ အစားထိုးခဲ့တာ၊ ဗိုလ်ချုပ်ကြေးရုပ်တွေကို သော့ခတ်ပိတ်ထားတာတွေကြည့်ရင်ကိုသိနိုင်တယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီက အထိမ်းအမှတ် စိုက်ထူထားတာတွေအပြင် ဗိုလ်ချုပ်ရုပ်ထုတွေကို ညအချိန်လူခြေတိတ်ချိန်မှသာအင်အားသုံး ဖြိုချပစ်ခြင်းများပြုလုပ်လာခဲ့ကြပါတယ်။

    ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အပါအဝင် အာဇာနည်ကုန်းကို သွားရောက်ဂါရဝပြုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်ပစ္စည်း အထိမ်းအမှတ်တွေကို ဂရုတစိုက်ထိန်းသိမ်းဖို့ ပြောဆိုခဲ့အပြီးမှာ အခုလို ဖြိုချဖျက်စီးလာခဲ့တာဖြစ်ပါတယ်။

  • လစဉ်သုံးပါ အလွတ်မပေးသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ “အညာ” ဖြတ်တောက်ရေး

    လစဉ်သုံးပါ အလွတ်မပေးသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ “အညာ” ဖြတ်တောက်ရေး

    – မန္တလေးမှတဆင့် အထက်မြန်မာနိုင်ငံသို့ ကုန်စည်ဖြတ်တောက်မှု စစ်အုပ်စုက အပြင်းအထန်လုပ် နေရာ ပါရာစီတမော၊ အမျိုးသမီး လစဉ်သုံးပစ္စည်း ဒိုင်ဘာနှင့် စားအုန်းဆီ တစ်ဗူးပင် လွတ်လပ်စွာ သယ်ဆောင် မရတော့ပေ။

    – ကုန်စည်ဖြတ်တောက်မှုမှ အမေရိကန် ဒေါ်လာ သန်း၃၀၀ ကျော် စစ်အုပ်စု ရရှိခဲ့ကာ ငလျင်ကြီး ဖြစ် ပွားခဲ့သည့် မတ်လတွင် ကုန်ဖမ်းဆီးမှု စံချိန်တင်ခဲ့ပြီးနောက် ပိုမိုဖမ်းဆီးရန် ဒုစစ်ခေါင်းဆောင် က ညွန်ကြားခဲ့သည်။

    မန္တလေးမှ အထက်မြန်မာပြည်သို့ သွားမည့် ကုန်တင်ကားများသည် မန္တလေးစွယ်တော်ကားဝင်းတွင် တင်းကျပ်စွာ စစ်ဆေးခံနေရသည်။ စစ်ဆေးရေး အဖွဲ့များက ကုန်ပစ္စည်းမှန်သမျှကို နှိုက်ချွတ်ဖောက် စစ်နေပြီး ၎င်းတို့ စိတ်ကျေနပ်မှသာ ဖြတ်သန်းခွင့် လတ်မှတ်ကို ထုတ်ပေးနေသောကြောင့် စွယ်တော် ကားဝင်းအတွင်း ကုန်တင်ကားများ တန်းစီ၍ ညအိပ် စောင့်ဆိုင်းနေရသည်။

    စစ်အုပ်စုက သယ်ဆောင်ခွင့် ကန့်သတ်ထားသော ပစ္စည်းများထဲတွင် လုပ်ငန်းသုံး၊ လျှပ်စစ်၊ ဆောက်လုပ်ရေးပစ္စည်းများ အပြင် မဖြစ်မနေလို အပ်သည့် ဆေးဝါးနှင့် လူသုံးကုန်များ ပါဝင်နေသည်။ စစ်အုပ်စုသည် အမျိုးသမီး လစဉ်သုံးများကိုပါ ကန့်သတ်နေပြီး မည်သည့် ဆီအမျိုးမစားမဆို ပေးမသယ်ပေ။ ထိုပစ္စည်းများ သယ်လိုပါက စစ်အုပ်စု၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။

    “မင်းတို့ ဆီသယ်ချင်ရင် အုန်းဆီပဲ လိမ်းလို့ရမယ် ဆိုပြီးတော့ကို စစ်နေတာ” ဟု ကုန်တင်ယာဉ်မောင်း တဦးက ပြောသည်။ မန္တလေးမှတဆင့် စစ်ကိုင်းဘက်သို့ သွားမည့် ယာဉ်များကို ပိုမို တင်းကျပ်စွာ စစ်ဆေးပြီး လာဘ်ငွေ အများအပြား တောင်းခံနေသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

    ဤတင်းကြပ်မှုကြောင့် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မန္တလေးနှင့် စစ်ကိုင်းတိုင်း မြို့နယ်များရှိ ပြည်သူများ အထွေထွေပြတ်လပ်မှု ဖြစ်လာစေရန် စစ်အုပ်စုက ဖန်တီးနေပြီး ဤအစီအစဉ်၏ ဦးဆောင်သူမှာ ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင် ဖြစ်ကာ စစ်အုပ်စုအတွက် ဒေါ်လာ သန်းရာနှင့်ချီ ရှာဖွေပေးနေသည်။

    ဒုချုပ်စိုးဝင်း မျက်စိအောက်က စစ်ဆေးရေးဂိတ်များ

    မန္တလေးမှ အထက်မြန်မာပြည်အညာဒေသသို့ ဝင်ရောက်သည့် ကုန်သွယ်ရေးလမ်းကြောင်း မှန်သမျှကို ဖြတ်တောက်နိုင်ရန် စစ်အုပ်စုက အစည်းအဝေးများ၊ လုပ်ငန်းညှိနှိုင်းအစည်အဝေးပေါင်း များစွာ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းက ဦးဆောင်နေသည်။ သုံးနှစ်တာ အစည်းအဝေးများတွင် ဆုံးဖြတ်ချက်ပေါင်း ၆၀၀ ကျော် ချမှတ်ခဲ့ကြသည်။

    “တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ” ဟု အမည်ပေးထားသော အဖွဲ့ကို စစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်း ဥက္ကဋ္ဌ အဖြစ် နေရာယူထားပြီး ပြည်နယ်၊ တိုင်း၊ ခရိုင် အဆင့် အထူးစစ်ဆေးရေး အဖွဲ့များကို ဖွဲ့ထားသည်။

    အမှန်စင်စစ် အဆိုပါအဖွဲ့သည် နိုင်ငံ၏ ကုန်သွယ်ရေး တိုးတက်ရန် တရားမဝင်ကုန် ပစ္စည်းများ ကြပ်မတ်ခြင်းထက် တော်လှန်ရေးအဖွဲ့များ စိုးမိုးရာ ဒေသအတွင်းရှိ ပြည်သူများ ဒုက္ခကြုံရန် နှင့် အထွေထွေ အကြပ်အတည်း ဖြစ်လာစေရန် ဖန်တီးနေသည်။ ကန့်သတ်ပစ္စည်းများဟု ခေါင်းစဉ်တပ်၍ အမျိုးသမီး လစဉ်သုံးများကို ပေးမသယ်တော့ခြင်းက ဤအချက်ကို ကောင်းကောင်းညွန်ပြနေသည်။

    စိုးဝင်းက “ မိမိတို့နိုင်ငံအတွက် အကြီးမားဆုံးရန်သူမှာ တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှု” ဟု မတ်လအတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

    စိုးဝင်းက ကုန်စည်ဖြတ် တောက်မှုတွင် လာဘ်စားသော စစ်အရာရှိများကိုလည်း သာဓကအဖြစ် အရေးယူပြနေသည်။ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်များ လာဘ်ယူ၍ လွှတ်ပေးခဲ့သော အရှေ့တောင်တိုင်းစစ်ဌာနချုပ် က ဗိုလ်မှူးကြီးအဆင့် ဗညားဝင်း၊ အကောက်ခွန်ဦးစီး ညွန်ကြားရေးမှူးအဆင့် စိုးညွန့်အောင် အပါအဝင် အရာရှိ ၁၅ ဦးကို စိုးဝင်း၏ အမိန့်ဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု ခေတ်သစ်မီဒီယာက ဖော်ပြသည်။ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို အာဏာသိမ်း စစ်အုပ်စု မတိုင်မီ ယခင် အစိုးရ အဆက်ဆက်တွင်လည်း ကြိုးပမ်းခဲ့ကြပြီး လာဘ်စားသည့် ဝန်ထမ်းများကြောင့် မအောင်မြင်ခဲ့ပေ။

    ပုံမှန်အားဖြင့် နယ်စပ်မြို့ မြဝတီမှ ဝင်ရောက်လာသည့် ထိုင်းကုန်ပစ္စည်းများကို ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ ညောင်ခါးရှည်ဂိတ်တွင် စစ်ဆေးလေ့ရှိသည်။ လက်ရှိတွင်တော့ မန္တလေးသို့ ဝင်ရောက်လာမည့် ကုန်စည်များကို ပိုမို တင်းကြပ်စစ်ဆေးနိုင်ရန် မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကျွဲတက်ဆုံ ရွာအနီးတွင်လည်း စစ်ဆေးရေးဂိတ်တခုကို အဆင့်မြှင့်တင်နေသည်။ ဇူလိုင်လ ၂၁ရက်က ကျွဲတက်ဆုံတွင် X-ray စက် တပ်ဆင်ပြီးစီးသည်ကို တိုင်းစစ်ကောင်စီ အဖွဲ့ဝင်များ သွားရောက် ကြည့်ရှု့ပြီး မကြာမီ အသက်ဝင်လာမည် ဖြစ်သည်။

    ဒုစစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင်သော ကော်မတီ၏ ကုန်ပစ္စည်းများ ဖမ်းဆီးမှုမှာ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ၆၆၃ ဘီလီယံကျပ်၊ အမေရိကန် ဒေါ်လာ ၃၁၅ သန်းခန့် တန်ဖိုး ရှိပြီး ယခု ဩဂုတ်လ သုံးရက်အတွင်းမှာပင် ဒေါ်လာနှစ်သိန်းကျော် တန်ဖိုး ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ သည်။ ဖမ်းဆီးကုန်များမှာ တရားမဝင်ဟု ၎င်းတို့ ကန့်သတ်လိုက်သော ပစ္စည်းများဖြစ်ပြီး ထိုငွေတွင် အခွန်အခနှင့် လာဘ်ငွေ များမပါဝင် သေးပေ။

    အံ့အားသင့်စရာမှာ မန္တလေးတွင်ပြင်းထန်သည့် ငလျင်ဖြစ်ပွားပြီး ပြည်သူများ အတိဒုက္ခရောက်နေ သည့် ၂၀၂၅ မတ်လတွင် ဖမ်းဆီးရမိမှုအများဆုံး ဖြစ်သည်ဟု ဒုချုပ်စိုးဝင်းက မေလ ၂၇ ရက် တရားမဝင် ကုန်စည်တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင် ဂုဏ်ယူကာ ပြောဆိုသည်။

    မန္တလေးအခြေပြုသည့် အဝင်အထွက် ပိတ်ဆို့ရေး

    စစ်အာဏာသိမ်းပြီးနောက် စစ်ပွဲများ ဖြစ်ပွားမှုနှင့် နယ်မြေအေးချမ်းမှု မရှိခြင်းကြောင့် မန္တလေး – ရွှေဘို – မြစ်ကြီးနား ရထားလမ်းကို အသုံးပြုနိုင်ခြင်း မရှိတော့သလို မန္တလေး -ဗန်းမော် ကားလမ်း သည်လည်း ၂၀၂၃ ကတည်းက ပိတ်ဆို့သွားသည်။ စစ်ကိုင်း၊ ချင်း၊ ကချင်နှင့် မကွေးစသည့် အထက် မြန်မာပြည် မြို့၊ရွာများသည် ရထားလမ်း၊ ရေလမ်းများမှတဆင့် ကုန်သွယ်နိုင်မှု မရှိတော့ဘဲ မန္တလေး မြို့မှတဆင့် စစ်ကိုင်းတံတားကို ဖြတ်သန်းလာမည့် ကုန်စည်များကိုသာ အဓိကမှီခိုအားထားနေခဲ့ရသည်။

    ယင်းအခြေအနေတွင် စစ်အုပ်စုက တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် ၎င်းတို့ တင်းပြည့်ကြပ်ပြည့် စီးမိုးထားဆဲ ဖြစ်သော မန္တလေးမြို့၏ ကုန်စည် အဝင်အထွက်ကို ထိန်းချုပ်ကာ ဝင်ငွေရှာရန်နှင့် တော်လှန်ရေး အားကောင်းသည့် အညာဒေသကို ဖြတ်တောက်ပိတ်ဆို့ရန် အရှိန်မြှင့် ကြိုးပမ်းလာခြင်း ဖြစ်သည်။

    လက်ရှိတွင် စစ်အုပ်စုက မန္တလေးမြို့သို့ ဝင်ရောက်လာမည့် ကုန်စည်များကို အတင်းအကြပ် စစ်ဆေးကာ အခွန်ဆောင်ထားခြင်း မရှိဟူသော အကြောင်းပြချက်ဖြင့် ဒဏ်ရိုက်ငွေညှစ်နေသလို မန္တလေးမြို့မှတဆင့် အညာဒေသသို့ ကုန်စည်များ အလွယ်တကူ မတင်ပို့နိုင်ရန်အတွက်လည်း ကန့်သတ်ကုန် အမျိုးအမည် အများအပြား သတ်မှတ်ကာ ပိတ်ဆို့ထားသည်။ မန္တလေးမြို့၏ ကုန်စည် အဝင်၊အထွက်ကို စစ်ဆေးကန့်သတ်ခြင်းဖြင့် စစ်အုပ်စုအတွက် ဒေါ်လာ သန်းရာနှင့်ချီသော ဝင်ငွေများ ရှာဖွေနိုင်သလို စစ်အာဏာသိမ်းမှု ဆန့်ကျင်သူကို ချိနဲ့သွားစေမည် ဖြစ်သည်။

    ထို့အပြင်၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးကို စစ်အုပ်စု မထိန်းချုပ်နိုင်တော့ဘဲ လက်လွှတ်လိုက်ရသလို မြန်မာပြည် အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မန္တလေး – လားရှိုး – မူဆယ် ကားလမ်းလည်း ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ပိတ်ဆို့သွားသည်။ တရုတ်နယ်စပ်မှ တဆင့် မန္တလေးသို့ ဝင်ရောက်မည့် ကုန်စည်များသည် ယခင်လမ်းကြောင်း မေမြို့ X-Ray ကို မဖြတ်တော့ဘဲ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမှတဆင့် ထိုင်းနယ်စပ်မှ ကုန်စည်များနှင့်အတူ မိတ္ထီလာလွင်ပြင်ကို ဖြတ်၍ လာနေကြရာ စစ်အုပ်စုက မန္တလေးမြို့အဝင် မြစ်ငယ်တံတားမှတဆင့် မှနေ၍လည်း လာသမျှ ကုန်တင်ကားကို ဂိတ်ဖွင့်ကာ စစ်ဆေးသည်။

    မန္တလေးမြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအား စစ်ဆေးရာမှ စစ်အုပ်စုအတွက် တစ်နေ့ကို ကျပ်သိန်း တစ်သောင်းခန့် ဝင်ငွေ ရှာဖွေရရှိနေသည်ဟု ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ က ပြောသည်။

    မန္တလေးသို့ ဝင်ရောက်မည့် ကုန်တင်ကားမှန်သမျှကို စစ်အုပ်စုက ရန်ကုန် – မန္တလေး လမ်းဟောင်း၊ မန္တလေးအဝင် မြစ်ငယ်တိုးဂိတ်တွင် ဂိတ်ချဖမ်းဆီး စစ်ဆေးကာ အမြန်လမ်းမှ ဝင်ရောက်လာမည့် ခရီးသည်တင်ကားနှင့် ကားအသေးများကို တံတားဦးမြို့ထိပ်၊ အဝိုင်းပတ်တွင် စစ်ဆေးဖမ်းဆီးသည်ဟု ဆိုသည်။ ကားပေါ်ပါသည့် ကုန်စည်တမျိုးချင်စီအတွက် အခွန်ဆောင်ထားခြင်း ရှိ၊မရှိ စစ်ဆေးကာ မန္တလေးမြို့ ၇၈ လမ်းနှင့် ကျွဲဆည်ကန်အနီးရှိ အကောက်အခွန်ရုံးသို့ ဖမ်းခေါ်သွားပြီးနောက် ကားတစ်စီးလျှင် ကျပ်သိန်း ထောင်ချီ ဒဏ်ရိုက်သည်ဟု ဒဏ်ကြေးဆောင်ခဲ့ရဖူးသူတချို့က ပြောသည်။

    “၇၈လမ်း၊ သံလမ်းဘေးမှာရှိတဲ့ custom ရုံးကတော့ နေ့တိုင်း ကားတွေဖမ်းပြီး တစ်စီးကို အနည်းဆုံး သိန်း ၁၀၀၀ လောက် ဒဏ်ကြေးဆောင်ခိုင်းပါတယ်” ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ ကာတစ်စီးကို သိန်း ၂၀၀၀ ကျော်အထိ ဒဏ်ရိုက်တာမျိုး ကြုံဖူးသည်ဟု ၎င်းက ဆိုသည်။

    ယင်းသို့ မန္တလေးမြို့အဝင် ကုန်စည်ဖမ်းဆီးမှုကို အကောက်ခွန်ဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်က ဦးဆောင်ကာ အခွန်မဆောင်ဘဲ သယ်ယူလာသည့် ကုန်တင်ကား တွေ့ရှိပါက “ မင်းတို့ ကုန်တွေက မြဝတီက PDF (သူတို့အခေါ် ပဒက်)တွေကို အခွန်ပေးပြီး လာထားတာပဲ၊ နိုင်ငံတော်ကျ မပေးချင်ဘူးလား ဆိုပြီး” အကောက်ခွန် လက်ထောက်ညွှန်မှူး အမျိုးသမီးက ဒဏ်ကြေး ဆောင်ခိုင်းရုံမ က စကားနာပါ ထိုးကြောင်း ကိုယ်တိုင်ကြုံရသူတစ်ဦးက ဆိုသည်။

    “ပြည်သူတွေ ကုန်စျေးနှုန်းတက်ပြီး (စခ)တွေကို မတော်လှန်နိုင်အောင်ရယ်၊ သူတို့အတွက် အခွန်အခ ရအောင်ပဲ” ဟု အထက်ပါ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူက ပြောသည်။

    စစ်အုပ်စု၏ တင်းကြပ် စစ်ဆေး၊ ဒဏ်ရိုက်မှုများကြောင့် မန္တလေးမြို့ပေါ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်း ရှားပါး၊ ဝယ်ယူရခက်ခဲကာ စျေးနှုန်းမြင့်တက်နေသည်ဟု မြို့ခံများက ဆိုသည်။ ထိုကဲ့သို့ မန္တလေးသို့ ကုန်အဝင်ကို ကန့်သတ်ကာ ငွေရှာနေသည့်အပြင် ကုန်အထွက်ကိုလည်း စစ်အုပ်စုက အကြီးအကျယ် ကန့်သတ်ပိတ်ဆို့ထားသည်။

    စွယ်တော်ဂိတ်က အဓိကစစ်ဆေးရေးဖြစ်လာ

    ပြီးခဲ့သည့် ဇူလိုင်လ ၁၄ရက်တွင် မန္တလေးမြို့၌ တရားမဝင်ကုန်သွယ်မှူ တိုက်ဖျက်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီးနောက်တွင်တော့ မန္တလေးမှ တဆင့် အညာဒေသ သို့ ပို့ဆောင်မည့် ကုန်တင်ယာဉ်များကို တင်းကြပ်စွာ စစ်ဆေးမှုများ စတင်ခဲ့သည်။

    မန္တလေးမြို့မှ ထွက်ခွာမည့် ယာဉ်များအနက် ၁၅တန်အောက် ဖြစ်ပါက အမရပူရရှိ စွယ်တော် ကားဝင်းတွင် စစ်ဆေးခံရန်နှင့် ၁၅ တန်နှင့်အထက် ယာဉ်များ ဧရာဝတီတံတား ရွှေကြက်ယက်ဆိပ်တွင် စစ်ဆေးကြရန် စစ်အုပ်စုက အမိန့်ထုတ်ခဲ့သည်။

    လက်ရှိတွင်တော့ အမရပူရ စွယ်တော်ကားဝင်းက အထက်အညာသို့ ပို့ဆောင်မည့် ကုန်တင်ယာဉ်မောင်းများ အတွက် အိမ်မက်ဆိုး ဖြစ်လာနေသည်။ စစ်ဆေးရေးအဖွဲ့များသည် သယ်ယူမည့် ပစ္စည်းမှန် သမျှကို ဖောက်ထုတ်စစ်ဆေးနေပြီး ထောက်ခံစာ တောင်းယူသည်။ လူသုံးကုန်၊ ဆေးဝါး၊ စားအုန်းဆီမှ အင်ဂျင်ဝိုင်ပုံးမှအစ ကန့်သတ်ပစ္စည်းဟု ခေါင်းစဉ်တပ်ကာ စစ်ကိုင်းတံတားကို ပေးမဖြတ်တော့ဘဲ တင်းကြပ်နေသည်။

    အဆိုပါ ကုန်တင်ကားများကို စစ်ဆေးသည့် အဖွဲ့ဝင်များစုမှာ အကောက်ခွန် (Custom) ဝန်ထမ်းများ ဖြစ်ပြီး၊ ရဲနှင့် ပျူစောထီး အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု မျက်မြင်ကြုံခဲ့ရသည့် ယာဉ်မောင်းက ပြောသည်။ အကောက်ခွန် ဝန်ထမ်းတချို့သည် သေနတ်များကိုင်ထားသည်ကို တွေ့ရသည်ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။

    “နိုင်ငံခြားပစ္စည်းမှန်သမျှ ဖမ်းပါတယ်” “အရစ်မခံချင်ရင် ကုန်ကားတစီးကို (သိန်း)ရာချီပေးရပါတယ်” ဟု ၎င်းက ဆိုသည်။ ကုန်ကားများမှာ ပုံမှန်အခွန်အခအပြင် လာဘ်ငွေပေးရသည်ဟု ပြောသည်။

    “နိုင်ငံခြားဖြစ်ပစ္စည်း မှန်သမျှအားလုံး duty စာရွက်စစ်ပြီး ငွေမပေးရင် ဘယ်ကုန်ကားမှ မထွက်ရပါ ဘူး၊ စာရွက်ပြလဲ သုံးရက်လောက်က စောင့်ရပါတယ်” ဟု ၎င်းက ဆိုသည်။

    ကားအများစုရှိ ကုန်တင်ပစ္စည်းများသည် Duty(အခွန်) ဆောင်ထားခြင်းမရှိသည်မှာ တဖက်တွင် စစ်ကောင်စီဘက်မှ Dutyပေးသည့် ပစ္စည်းများကို တင်းကြပ်လိုက်သောကြောင့်လည်း ဖြစ်သည်။ အခွန်ဆောင်ထားသော်လည်း ပူးပေါင်းအဖွဲ့က သတ်မှတ်ထားသော ကန့်သတ် ပစ္စည်းများ သယ်မရပေ။ သယ်ယူလိုပါက ငွေကြေးမြောက်မြားစွာ ပေးနေရသည်ဟု ကားသမားများက ဆိုသည်။

    ကုန်တင်ယာဉ်မောင်းများ အတွက် စွယ်တော်ဂိတ်သည် မကြုံချင်စရာ ခက်ခဲသော ဂိတ်တခုဖြစ် လာသည်။ ကုန်ပစ္စည်းများ ဖောက်စစ်ခြင်း၊ သိမ်းယူခြင်း၊ ယာဉ်ကို သိမ်းယူခြင်း များကြောင့် စီးပွား လုပ်ရ ခက်လာသည်။ ညအိပ်စောင့်လျှင် ဧည့်စာရင်းလည်း တိုင်ရသေးသည်ဟု ကုန်တင်ယာဉ်မောင်း တဦးက ပြောသည်။ ကုန်တင်ကားများသည် စွယ်တော်ဂိတ်တွင် နှစ်ရက်မှ သုံးရက်အထိ ကြာတတ်ပြီး နောက် လမ်းခရီးတွင်လည်း ကြန့်ကြာမှုများစွာ ရှိသည်။ ထို့ကြောင့် အထက်မြန်မာပြည်နှင့် အညာ ဒေသတွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို မလွဲမသွေကြုံရတော့သည်။

    လက်ရှိတွင်တော့ ကုန်တင်ခများ မတန်မဆ စျေးမြင့်တက်သွားသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။ “အရင်ကမြစ်ကြီးနားကို ကုန်တင်ရင် တစ် ပိသာကို တစ်ထောင်၊ အခု တစ်ပိတ်ဿာကို ခြောက်ထောင့် ငါးရာ ပေးရပါတယ်။ ဒါတောင်အထည်ပစ္စည်းပါပဲ။ ကျန်တဲ့ အထွေထွေပစ္စည်းတွေဆို ပိုပြီးတောင်း ပါတယ်” ဟု ၎င်းက ဆိုသည်။

    အဓိက ဇာတ်လိုက် “ဆီ နှင့် ရွှေ”

    ဖြတ်တောက်ရေးများတွင် စစ်အုပ်စု အဓိက ထိန်းချုပ်လိုသည်က အထက်မြန်မာပြည်ရှိ တော်လှန်ရေး အင်အားစုများကို ကောင်းစွာလည်ပတ်စေသည့် လောင်စာ နှစ်ခုကို ဖြစ်သည်။

    “မန္တလေးကနေ အထွက်မှာ စက်သုံးဆီကို ပိတ်ပြီးတော့၊ မန္တလေးကို အဝင်မှာ ရွှေကို ပိတ်ဖို့ဖြစ်တယ်” ဟု စစ်ကောင်စီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောသည်။

    “မြန်မာပြည်ရဲ့ ချင်းတွင်းမြစ်မှာပဲ ရွှေအလုံးအရင်း ထွက်တယ်၊ ဧရာဝတီ မထွက်ဘူး၊ သံလွင် မထွက်ဘူး၊ ဒီရွှေတွင်းတွေက တော်လှန်ရေးအဖွဲ့တွေအတွက် အဓိက ဝင်ငွေ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

    ချင်းတွင်းမြစ်ကြောင်းတလျှောက်သည် ရွှေထွက်ရာဒေသများ ဖြစ်သလို တော်လှန်ရေးအဖွဲ့များ အားကောင်းစွာ စိုးမိုးထားသည့် နေရာဖြစ်သည်။ ချင်းတွင်းမြစ်ကမ်းရွာများနှင့် ကနီနယ်တွင် စစ်အုပ်စုက နေ့စဉ်ရက်ဆက် ဗုံးကျဲပြီး ယခုနှစ်အတွင်း လူပေါင်းဆယ်နှင့်ချီ သေဆုံးခဲ့ရသည်။

    အဓိက အားဖြင့် စစ်အုပ်စုသည် ရွှေရောင်းဝယ်မှုကို မန္တလေးမြို့တွင် ထိန်းချုပ်ထားခြင်းဖြင့် ရွှေလုပ်ကွက် အများစုကို ရရှိသိမ်းပိုက်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ၏ မန္တလေးမြို့ကို သိမ်းယူရန် စစ်ရေးရည်မှန်းချက်ကို ချိန်ခွင်လျှာညှိ၍ နေသည်။

    စစ်အုပ်စုအတွက် အရေးပါသော နောက်ထပ်အချက်မှာ စက်သုံးဆီ ပိတ်ဆို့ရေး ဖြစ်သည်။ ၂၀၂၃ ခုနှစ်ခန့်မှ စ၍ စစ်ကိုင်းတိုင်းကို နှစ်ရှည် စက်သုံးဆီ ဖြတ်တောက်ရေး လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း စိုးဝင်းဦးဆောင်၍ အကြိမ်ကြိမ်ညှိနှိုင်း အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

    ထိုစက်သုံးဆီဖြတ်တောက်ရေး လုပ်ငန်းများကိုလည်း ဒုတိယစစ်ခေါင်းဆောင်ိစုးဝင်း၏ အဖွဲ့က ဦးဆောင် လုပ်ကိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် သုံးလအတွင်း စက်သုံးဆီများအပြင် ပဲဆီ၊ စားသုံးဆီများကို ပါ သယ်ယူခွင့် မပေးတော့ပေ။

    မန္တလေးတိုင်းအတွင်းရှိ လက်ပန်လှ၊ သပိတ်ကျင်း၊ တကောင်းမြို့နယ်များနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ မောင်းကုန်း၊ မြတောင် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် စားဆီ၊ ပဲဆီများ ဝယ်မရတော့ဘဲ ပြတ်လပ်‌မည့် အခြေအနေ ရောက်နေကြောင်း ဒေသခံများက ပြောသည်။

    အနောက်မြောက် လွင်ပြင်ဒေသ ရွှေဘို၊ အရာတော်၊ ဒီပဲယင်း နယ်များတွင်လည်း အလားတူ ဆီပြတ်လပ်မှု ကြုံနေရ သည်။

    “ဆီ သယ်လာလို့ရှိရင် ၂ နှစ်၊ ၃ နှစ် ထောင်ချတာမို့လို့ ဆီကို သယ်လို့ကို မရဘူးတဲ့။ (နယ်မြေ) သိမ်းထားတဲ့ လူတွေတော့ မသိဘူး။ (ပြည်သူ) လူတွေကတော့ ဆီကို ပတ်ရှာနေကြတာပဲ” လို့ စဉ့်ကူးနယ် လက်ပန်လှကျေးရွာ ဒေသခံက ပြောသည်။

    စစ်အရိပ်ယောင် ဖြတ်တောက်ရေး

    “တည်ငြိမ်ခြင်းနဲ့ ဖရိုဖရဲဖြစ်ခြင်းကို ခြားထားတဲ့ စည်းမျှဉ်းဟာ ကုန်စည်စီးဆင်းမှု” ဟု စစ်သူကြီး ဆွန်ဇူးက သူ၏ စစ်တိုက်ခြင်းအနုပညာ စာအုပ်တွင် ရေးသားခဲ့သည်။

    စစ်အုပ်စုသည် စစ်ကိုင်း အပါအဝင် အထက်အညာဒေသမှ ရှုံးနိမ့်ပွဲများအတွက် ကြီးစွာ အငြိုးအတေး ထားသောကြောင့် ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ပြီး ပြည်သူ နှင့် တော်လှန်ရေး အဖွဲ့များကို ဖရိုဖရဲ ကစဉ့်ကလျား ဖြစ်ရန် အားထုတ်နေသည်မှာ ထင်ရှားသည်။ စစ်လော်ဘီများသည် စစ်ကိုင်းတံတားကို လုံးဝ ပိတ်ပစ်ရန် လှုံ့ဆော်မှုများပင် ပြုလုပ်ကြသည်။

    လက်ရှိတွင် စစ်ကိုင်းတံတားမှတဆင့် အထက်မြန်မာပြည်သို့ သယ်ယူခွင့် ကန့်သတ်ထားသော ပစ္စည်းများမှာ_ ရွှေတူးဖော် ရေးလုပ်ငန်း၊ ဝါယာကြိုး၊ ဘထ္ထရီ၊ဆိုလာ၊ Power Bank များ ပါဝင်သလို အကိုက်ခဲ ပျောက်ဆေးအပြင် ဆေးဝါး ဆက်စပ်ပစ္စည်းများ၊ သုံးလက်မ အထက် သံပိုက်နှင့် ပိုက်များလည်း ခွင့်မပြုချေ။

    စောင်၊ခြင်ထောင်များ အပါအဝင် အမျိုးသမီး လစဉ်သုံးနှင့် ဒိုက်ဘာများကိုပါ သယ်ယူခွင့် ကန့်သတ်ထားသောကြောင့် ဒေသတွင်းရှိ အမျိုးသမီးနှင့် တော်လှန်ရေးတပ်များ ရဲမေများ အတွက် ကြီးမားသော အခက်အခဲတခုလည်း ဖြစ်သည်။

    ဒီပဲယင်းမြို့နယ်ရှိ တော်လှန်ရေးရဲဘော်တဦးက “ဒီဘက်မှာလည်း စားဆီက တော်တော် ပြတ်လပ် နေတယ်၊ ရှာမရဘူး၊ အရင်ကတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဆိုတာ ဆီက ပုံးလိုက်ကို သိုထား လှောင်ထားနိုင်တာပေါ့” ဟု ပြောသည်။

    အညာဒေသအတွင်း ကုန်စည်ဖြတ်တောက်ခြင်း၏ အလွန်တွင် စစ်အုပ်စုက စစ်ဆင်ရေးများ ဖိဆီး လုပ်ဆောင်လာနိုင်သည်ကိုလည်း တော်လှန်ရေးအဖွဲ့များက တွက်ဆထားကြသည်။ ပြည်သူများ ပိုမို ကြပ်တည်းလာချိန်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးလာမှုများကို သတိပြုရမည် ဖြစ်ကြောင်း ဒီပဲယင်း PDF ရဲဘော်က အကြံပြုသည်။

    “အဓိကက ပြည်သူကို ဦးတည်ထားပြီး တော်လှန်ရေးအဖွဲ့တွေကို နှိပ်ကွပ်ချင်တာပါ” ဟု ၎င်းက ဆိုသည်။

    အရာတော်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ရဲဘော်တဦးက “တပ်ရင်းရဲဘော်တွေအတွက် ပိုပြီး ခက်ခဲလာနိုင်တယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောမှာ မပြည့်စုံတာ၊ ရှားပါးတာတွေ ကြုံလာတော့ ဖိစီးမှုတွေ များလာကြမယ်။ ဒီလို တပ်ဖွဲ့ဝင်အားလုံး လက်ရည် တပြင်ထဲ ရုန်းကန်ချင်တဲ့ စိတ်ဓာတ်ရှိဖို့ လိုပါတယ်” ဟု ဆိုသည်။

  • ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့

    ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့

    ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့မှ ထိပ်တန်းတပ်ဖွဲ့ဖြစ်သော တီမားအထူးတပ်ဖွဲ့သည် သူရဲကောင်းအဖြစ် သတ်မှတ်ခံနေရပြီဖြစ်သည်။

    ယူကရိန်း၏ အကြောက်ရဆုံးအထူးတပ်ဖွဲ့အဖြစ် ကာလရှည်ရပ်တည်နေသည့် အထူးတပ်ဖွဲ့သည် စစ်ပွဲတွင် အရဲရင့်ဆုံး ချေမှုန်းမှုကို စတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၊ ဆူမီဒေသတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီ ဖြစ်သည်။

    အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များသည် ရုရှားရှေ့တန်းစစ်မျက်နှာနှင့်ဝေးရာ ရန်သူ့နေရာများကို စိမ့်ဝင်ထိုးဖောက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ကာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဥ် ကွပ်ကဲရေးဌာနများကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားတပ်ရင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့သည့်အပြင် ရုရှား၏ထိုးစစ်ကိုလည်း ရပ်တန့်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

    ရုရှားတပ်ဖွဲ့ဝင် ၃၃၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(HUR) က ပြောကြားခဲ့သည်။

    လျှို့ဝှက်လှုပ်ရှားလေ့ရှိသော အဆိုပါတပ်ဖွဲ့သည် ၄၁ လကြာ စစ်ပွဲအတွင်း အရှုပ်ထွေးဆုံးနှင့် မှတ်ကျောက်အတင်ထိုက်ဆုံး စစ်ဆင်ရေးအချို့ကို ဆင်နွှဲခဲ့ပြီး ချီးကျူးဂုဏ်ပြုခံနေရကာ ယူကရိန်းတွင် ဒဏ္ဍာရီဆန်ဆန်ဂုဏ်ပုဒ်ကို ရရှိနေပြီဖြစ်သည်။

    တပ်ဖွဲ့ခေါင်းဆောင်မှာ ဒုတိယဗိုလ်မှူးကြီး တီမားဖြစ်သည်။ ၎င်းသည် ရုရှားတပ်ဖွဲ့များအား ဖရိုဖရဲဖြစ်စေကာ အကြောက်တရား ရိုက်သွင်းနိုင်ခဲ့သည့်အတွက် ချီးကျူးခံနေရသည်။ တီမားကိုအစွဲပြု၍ ယင်းတပ်ဖွဲ့ကို တီမားတပ်ဖွဲ့ဟု သမ္မတဗိုလိုဒီမာ ဇယ်လန်းစကီးက ခေါ်တွင်ခဲ့သည်။

    ရုရှားကသိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသတွင် ဆယ်နှစ်အကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအလံကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် ကျရောက်သော ယူကရိန်းလွတ်လပ်ရေးနေ့တွင် လွှင့်ထူနိုင်ခဲ့ပြီးနောက် တီမားသည် နိုင်ငံသားများအတွက် သူရဲကောင်း ဖြစ်လာခဲ့သည်။

    ယူကရိန်းဒုံးကျည်များကို ဟန့်တားနေသော အစွမ်းထက်အီလက်ထရွန်းနစ် စစ်ဆင်ရေးစနစ်များ တပ်ဆင်ထားသည့် ပင်လယ်နက်ကျွန်းဆွယ်ရှိ ရုရှားစစ်အခြေစိုက်စခန်းကို စွန့်စားစီးနင်းရန် ၁၂၅ မိုင်ခရီးကို လှေတတန်၊ ရေပေါ်စီးဆိုင်ကယ်တတန်ဖြင့် သွားခဲ့ရသည်။ ရုရှားတပ်ဖွဲ့များနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သော်လည်း ပစ်မှတ်ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကာ “တပ်ဖွဲ့နိုးထလာပြီ”ဟု အဓိပ္ပာယ်ရသည့် “Produdjenia sili” စစ်ဆင်ရေးသည် အရေးပါသော စစ်ရေးအောင်မြင်မှုအဖြစ် ချီးကျူးခံခဲ့ရသည်။

    စစ်ရေးအောင်မြင်မှုထက် ပို၍အရေးပါသည့်အချက်မှာ ရုရှားတွင် ပျော့ကွက်များရှိနေကြောင်း အတိအလင်း သတင်းစကားပါးလိုက်ခြင်း ဖြစ်သည်။

    “မိမိတို့ ရောက်လာတာကို ခရိုင်းမီးယားဒေသခံတွေ မြင်တွေ့ရမှာဖြစ်ပြီး ရုရှားတွေအနေနဲ့လည်း မိမိတို့ဟာ အချိန်မရွေး၊ နေရာမရွေး ပေါ်လာနိုင်တယ်ဆိုတာ သဘောပေါက်သွားမှာပါ” လို့ ဒုတိယဗိုလ်မှူးကြီး တီမားက စစ်ဆင်ရေးအပြီးတွင် ပြောကြားခဲ့သည်။

    ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(HUR) လက်အောက်ရှိ အကြီးဆုံးတပ်ဖွဲ့များတွင် ပါဝင်သည့် တီမားတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်ဦးရေမည်မျှ ရှိသလဲဆိုသည်ကို မသိရသော်လည်း သမားရိုးကျမဟုတ်သော စစ်ပွဲဆင်ရေးများအတွက် အထူးလေ့ကျင့်ထားသည့် တပ်ဖွဲ့ငယ် ၂၀ ခန့်မှ တပ်ဖွဲ့ဝင်အများအပြား ပါဝင်နိုင်သည်ဟု ဆိုသည်။

    တီမားဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ပြီး စီးနင်းမှုများကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သည့် ပထမဆုံးအဖွဲ့များတွင် ပါဝင်နိုင်ကြောင်း ယူကရိန်းလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနမှ အမှုဆောင်ဒါရိုက်တာ၊ စစ်ရေး-နိုင်ငံရေး ကျွမ်းကျင်သူ ဒီမစ်ထရို ဇမိုင်လိုက ပြောသည်။

    တီမားတပ်ဖွဲ့သည် ဘက်မြုဒေသရှိ “အသက်လမ်း” ကို ကာကွယ်ခြင်းမှသည် ပင်လယ်နက်တွင် Snake island လွတ်မြောက်ရေးနှင့် ဆူဒန်ရှိရုရှားကြေးစားစစ်သားများကို ခြေရာခံခြင်းကဲ့သို့ စိတ်ဓာတ်မြှင့်တင်ရေး တိုက်ပွဲများအထိ သွေးထွက်သံယိုအများဆုံး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။

    “ဒီတပ်ဖွဲ့ဟာ အနောက်တိုင်း စစ်လက်နက်ပစ္စည်းအပြည့်အစုံ တပ်ဆင်ထားပြီး တိုက်ပွဲ အတွေ့အကြုံများတဲ့အပြင် စိတ်ဓာတ်တက်ကြွကာ အင်မတန် စွမ်းရည်ထက်မြက်ကြောင်း” ယူးကရိန်းစစ်ရေးလေ့လာသုံးသပ်သူ၊ ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့(SBU) အရာရှိဟောင်း အိုင်ဗန်စတုပက်ခ်က ပြောကြားခဲ့သည်။

    တပ်ဖွဲ့၏ လုပ်ဆောင်နိုင်စွမ်းကို ဆူမီဒေသတွင် ပြသနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။ ကတုတ်ကျင်းများ၊ တောတောင်များနှင့် ဝေဟင်တို့တွင် အထစ်အငေါ့မရှိတိုက်ခိုက်နိုင်သော တပ်ဖွဲ့၏ ထူးခြားပြောင်မြောက်သည့် စွမ်းရည်ကို ရည်ညွှန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ရုရှားနယ်စပ်ဒေသများသို့ ယူကရိန်းက နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည့်အရေးမှ ကာကွယ်နိုင်ရေးအတွက် ကြားခံနယ်မြေတခုထူထောင်ရန် ရည်ရွယ်ပြီး ရုရှားသည် ယူကရိန်း အရှေ့မြောက်ပိုင်းဒေသကို ယခုနှစ်အစောပိုင်းတွင် ကျူးကျော်ဝင်ရောက်ခဲ့သည်။

    တီမားတပ်ဖွဲ့သည် ရန်သူ့နေရာများကို ထိုးဖောက်ဝင်ရောက်ပြီး အနီးကပ်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖော်ဆောင်ကာ ဗလာဒီမာပူတင်၏ စစ်သည် ရာပေါင်းများစွာကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးနောက် ဆူမီဒေသတွင် ရုရှား၏ထိုးစစ်အရှိန် တန့်သွားခဲ့ကြောင်း HUR က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

    ရုရှားတပ်ဖွဲ့ဝင် ၁,၀၀၀ နီးပါး သေဆုံး၊ ဒဏ်ရာရခဲ့ကြကြောင်း HUR က ပြောသည်။ တိုက်ခိုက်မှုကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်အဆုံးတွင် “တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ယူကရိန်းအတွက် ဂုဏ်ယူပါတယ်” ဟု စာတန်းထိုး ဖော်ပြထားသည်။

    တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ရက်စွဲအတိအကျကို HUR က ဖော်ပြခဲ့ခြင်း မရှိသော်လည်း ယူကရိန်း အရှေ့မြောက်ပိုင်းဒေသသို့ ရုရှား၏ထိုးစစ်များ မေလနှောင်းပိုင်းတွင် ရပ်တန့်သွားခဲ့ကြောင်း ဆန်းစစ်လေ့လာသူများနှင့် အလွတ်တန်းထောက်လှမ်းရေးများက ပြောကြားခဲ့သည်။

    တီမားတပ်ဖွဲ့သည် မေလအတွင်း ခါကိဗ်ဒေသတွင် ရဟတ်ယာဉ်များပါဝင်သည့် ချေမှုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဆူမီဒေသရှိ ချေမှုန်းရေး တိုက်ပွဲကဲ့သို့ပင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကို ပေါင်းစပ်ပြီး ရုရှားတပ်ဖွဲ့များ၏ နောက်တန်းနေရာများကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

    ယူကရိန်းအထူးတပ်ဖွဲ့များသည် ရုရှားမြေအောက်ခိုလှုံရာနေရာ အခု ၆၀၀၊ စစ်မြေပြင်လက်နက်တိုက် ကိုးခုနှင့် မြစ်ကူးတံတား ရှစ် စင်းကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့တပ်ဖွဲ့ဝင် ၄၃၉ ယောက် သေဆုံး၊ ဒဏ်ရာရခဲ့ကြကြောင်း HUR က ပြောသည်။

    တီမားတပ်ဖွဲ့ဝင်များကို ပြည်ပသို့ စေလွှတ်တာဝန်ပေးမှုများလည်း ရှိသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တီမားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အများစုပါဝင်သော စစ်သည် ၁၀၀ ကို ဆူဒန်နိုင်ငံသို့ စေလွှတ်ခဲ့ပြီး ပြည်တွင်းစစ်အတွင်း ရုရှားဝဂ္ဂနာကြေးစားတပ်ဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် သူပုန်တပ်ဖွဲ့များကို ခါတွန်ဒေသပြင်ပသို့ တိုက်ထုတ်ရန် ကူညီပေးခဲ့သည်။

    ယူကရိန်းနှင့်ရုရှားတို့ကြား ရှေ့တန်းစစ်မျက်နှာသည် အာဖရိကအထိ ဖြန့်ကျက်လာသည်။ ယူကရိန်းကွန်မန်ဒိုများသည် ဆူဒန်စစ်တပ်မှ စစ်သည်များကို ဒရုန်းစစ်ဆင်ရေးနှင့် နည်းပညာသစ်များတွင် လေ့ကျင့်သင်ကြားပေးခဲ့ကာ ညပိုင်းစီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီး နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန် ကူညီခဲ့သည်။

    ခရိုင်းမီးယားတွင် လွှင့်ထူထားသည့် ယူကရိန်းအလံကဲ့သို့ပင် ပေးချင်သည့် သတင်းစကားမှာ ရှင်းရှင်းလေး ဖြစ်သည်။

    “သိမ်းပိုက်ခံနယ်မြေဖြစ်စေ၊ ကမ္ဘာ့ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်စေ မိမိတို့ လှုပ်ရှားနိုင်တဲ့ ဒါမှမဟုတ် မလှုပ်ရှားနိုင်တဲ့ နယ်မြေကန့်သတ်ချက်ရယ်လို့ မရှိပါဘူး” ဟု ဒုတိယဗိုလ်မှူးကြီးတီမားက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

    The Telegraph မှ The long-feared special forces unit that ‘wiped out’ a Russian batalion ကို သက္ကောစ ဘာသာပြန်သည်။

    Photo: တိုက်ပွဲဝင်နေသော ယူကရိန်း၏ တီမားအထူးတပ်ဖွဲ့။ (The Telegraph)

  • ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေတာ ဘာကြောင့်လဲ

    ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေတာ ဘာကြောင့်လဲ

    အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းပြီး ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ လမ်းစဉ်အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှား ဖျက်ဆီးနေပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ်တွေကို ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

    ဒါပေမဲ့ အာဇာနည်နေ့ ပြီးသွားတဲ့ နောက်ပိုင်းမှာ တကယ့်လက်တွေ့မှာတော့ မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုတွေကို ဖြိုချဖယ်ရှားနေတယ်လို့ သိရပါတယ်။

    ဩဂုတ် ၇ ရက် ည ၁၁ နာရီ ဝန်းကျင်မှာ ပဲခူးမြို့ ရွှေမော်ဘုရားလမ်းနဲ့ တောင်ငူလမ်းဆုံ၊ ရန်ကုန်-မန္တလေး ကားလမ်းဘေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို စစ်တပ်က ဖြိုချ ဖျက်ဆီးလိုက်ပါတယ်။

    ပဲခူးမြို့ခံတယောက်က “ညတုန်းက သူတို့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖြိုလိုက်ကြတယ်။ ည ၁၁ နာရီလောက်ကျတော့ မီးတွေက အကုန်လုံးပျက်သွားတယ်။ မြင်းစီးရုပ်ကို ဖြိုလိုက်တာ၊ အောက်ကခုံကြီးကတော့ ကျန်နေသေးတယ်။ အပေါ်က မြင်းနဲ့ အရုပ်ကြီးကတော့ မရှိတော့ဘူး။ ဘာလို့ဖြိုလိုက်သလဲတော့ ညီမတို့လည်း မသိဘူး။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ လုံခြုံရေးတွေ နေရာအနှံ့မှာ နည်းနည်းစီတော့ ချထားတာတွေ့တယ်၊ ၈ ရက် ၈ လဆိုတော့ ၈ လေးလုံး သပိတ်နဲ့များ ဆိုင်နေလို့လား မသိဘူး၊ လမ်းမှာ လုံခြုံရေးတွေတော့ တော်တော်ချထားတယ်” လို့ ပြောပါတယ်။

    ပဲခူးမြို့က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ ၈၈ လူထုအရေးတော်ပုံ အပြီးမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စစ်အစိုးရလက်ထက်မှာတော့ သံတိုင်တွေနဲ့ ကာထားခဲ့တာဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်ရောက်မှ ခြံစည်းသံတိုင်တွေဖြုတ်ကာ Public Area အဖြစ် အများပြည်သူ လည်ပတ်သွားလာနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    ပဲခူးမြို့က ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဟာ အရင်က အာဇာနည်နေ့အခမ်းအနား၊ စာပေဟောပြောပွဲအပြင် ပွဲလမ်းသဘင်တွေ ကျင်းပတဲ့ နေရာဖြစ်တဲ့အတွက် အခုလို ဖျက်ဆီးခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က ဖျက်ဆီးလိုက်နိုင်ပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းကို မြတ်နိုးတဲ့စိတ်ကိုတော့ မဖျက်ဆီးနိုင်ဘူးလို့ ပဲခူးမြို့ခံတယောက်က ပြောပါတယ်။

    “ရုပ်တုက ဘာမှ မလုပ်နိုင်ဘူးလေ၊ ကျနော်တယောက်အနေနဲ့ ပြောရရင် ဒီကောင်တွေက ဗိုလ်ချုပ်ကြောက်ရောဂါ ဖြစ်နေကြတာ၊ မအလ အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းကို ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့ဖြစ်နေတဲ့ ပုံစံပေါ့နော်။ ဗိုလ်ချုပ်ရုပ်တုတွေကို တမင်တကာ သမိုင်းဖျောက်ချင်လို့ကို လိုက်ဖျက်ဆီးနေတာ၊ ဗိုလ်ချုပ်နဲ့ပတ်သက်တာတို့ အမေစုနဲ့ ပတ်သက်တာတို့ အဲတာတွေအကုန်လုံးကို ရုပ်တုတွေသာ သူတို့ ဖျက်လို့ရမယ်၊ ပြည်သူ့နှလုံးသားထဲက အရာကို ဘယ်အရာကမှ ဆွဲထုတ်လို့မရဘူးဆိုတာ ဒီကောင်တွေကို အသိပေးချင်တယ်။”

    ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိဈေးအနီး ပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်ကိုလည်း စစ်တပ်က ဖယ်ရှားခဲ့ပါတယ်။

    စစ်တပ်ဟာ NLD အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ အထိမ်းအမှတ်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

    “NLD လက်ထက်မှာ ဗိုလ်ချုပ်ရုပ်တုတွေ ထုကြတယ်။ ဘာလို့လဲဆိုတော့ NLD ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တာကြောင့် ပါတီဘက်ကနေ ပြီးတော့ရော ထောက်ခံသူတွေက‌ရော မိမိသဘောနဲ့မိမိ ထုကြတယ်၊ တင်ကြတာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီဟာကျတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာထက် NLD နဲ့ပဲဆိုင်တယ်လို့ ယူဆတယ်ပေါ့နော်။ ဆိုလိုတာက NLD နဲ့ ပတ်သက်တဲ့ အမှတ်တရ သင်္ကေတတွေကိုတော့ သူတို့က ဖျက်ဆီးလိုပြီး NLD မတက်ခင်က ထားခဲ့တဲ့ အထိမ်းအမှတ်တွေကိုတော့ ထိန်းသိမ်းလိုတဲ့သဘော ဖြစ်နေတာပေါ့။ ပြောရရင်တော့ NLD တခုတည်းကိုပဲ ရည်ရွယ်ပြီးတော့ တိုက်ခိုက်နေတယ်လို့ ပြောလို့ရတယ်။”

    စစ်တပ်ဟာ အာဏာသိမ်းခါစက ၂၀၂၁ ခုနှစ် တပ်မတော်နေ့ အခမ်းအနားမှာ လွတ်လပ်ရေးရပြီးကာလ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက သံချပ်ကာကားတွေ စစ်ယူနီဖောင်းတွေကို ထုတ်ပြခဲ့တဲ့အတွက် NLD အစိုးရမတိုင်ခင်ကာလက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေကိုတော့ ဖျက်ဆီးလိုပုံ မရှိဘူးလို့ နိုင်ငံရေးသုံးသပ်သူ တယောက်က ပြောပါတယ်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်ကလည်း မန္တလေးတိုင်း သာစည်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုကို စစ်တပ်က ဖျက်ဆီးခဲ့ပါသေးတယ်။

    သီရိ