Author: Baby Yit Lone

  • ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့  ၇ ရက်တိတိကျင်းပမည်

    ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပမည်

    အကြမ်းဖက် စစ်တပ်ဘက်တော်သား ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေး အကြမ်းဖက် စစ်တပ်ဘက်တော်သား ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေးထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၅၂ နှစ်ပြည့်မယ့် တင်ဌေး (ခေါ်) ဒိန်းဒေါင်က သူရဲ့ မွေးနေ့အဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဟာသအစည်းအရုံးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစလို့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ညစဉ် ပျော်ပွဲ ရွှင်ပွဲ ဖျော်ဖြေပွဲတွေ လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ်က…

  • Truth & Treason

    Truth & Treason

    Truth & Treason (2025) ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီမှာ ဟစ်တလာကိုဆန့်ကျင်လို့ ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲ အသက်အငယ်ဆုံးဖြစ်တဲ့ Helmuth Hübenerရဲ့ အကြောင်းကို အခြေခံထားတဲ့ရုပ်ရှင် ဇာတ်လမ်းဖြစ်ပါတယ်။ နာဇီတို့ရဲ့ သတင်းအမှောင်ချမှုနဲ့ ဖိနှိပ်မှုတွေကြောင့် အမှန်ကိုမမြင်ရကြတဲ့ နိုင်ငံသားတွေအတွက် အမှန်တရားကို ပြောခြင်းဖြင့်ပုန်ကန်ဖို့ ဆယ်ကျော်သက်လူငယ် ဟယ်လ်မွန် (Ewan Horrocks)က ဆုံးဖြတ်ခဲ့ပါတယ်။ “In war, truth is the first casualty.” Aeschylus

  • Sisu: Road to Revenge

    Sisu: Road to Revenge

    Sisu: Road to Revenge (2025) ဂျွန်ဝစ်ရဲ့အဘိုးလောက်ကြမ်းတဲ့ Sisu ဒုတိယမြောက်ရုပ်ရှင်ထွက်လာပါပြီ။ ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ ဒီရုပ်ရှင်မှာတော့ မသေမျိုးဆိုပြီး နာမည်ကြီးလာတဲ့ လူတိုင်းကြောက်နေရတဲ့ ဂန္ဓဝင်ကြီးကို အဆုံးသတ်ဖို့ကြိုးစားမဲ့ ရန်သူတောင်ဟောင်းကြီးနဲ့ တပ်တွေကို ဘယ်လိုရင်ဆိုင်မလဲ တွေ့ရမှာပါ။ ထုံးစံအတိုင်း စကားတစ်ခွန်းမှမပြောဘဲ အကုန်သိပ်တာတွေ ကြည့်ရပါလိမ့်မယ်။

  • Only God Knows Everything

    Only God Knows Everything

    Only God Knows Everything (2025) Alchemy of Souls ထဲက မင်းသား Shin Seung-Ho, Study Group ထဲက မင်းသမီး Han Ji-Eun နဲ့ Running Man ပရိသတ်တိုင်း မသိသူမရှိတဲ့ မင်းသမီး Jeon So-Min တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – မိခင်ပျောက်ဆုံးသွားတဲ့နောက် ဖာသာတစ်ယောက်ရဲ့ လက်ထဲမှာ ကြီးပြင်းလာခဲ့တဲ့ ဂျောင်ဒိုအွန်း (Shin Seung-Ho) ဟာ ၁၃ နှစ်အကြာမှာတော့ သူကိုယ်တိုင် ဖာသာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ ဖာသာဒိုအွန်းဟာ အီဟိုဂျွန်းဆိုသူရဲ့ အပြစ်ဝန်ခံစကားကနေတစ်ဆင့် လွန်ခဲ့တဲ့ ၁၃ နှစ်က ပျောက်ဆုံးသွားတဲ့ မိခင်ဟာ…

  • Everybody’s Fine

    Everybody’s Fine

    Everybody’s Fine (2009) ဒီဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb Rating 7.1/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro, မင်းသမီး Drew Barrymore နဲ့ Kate Beckinsale တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ အငြိမ်းစားယူပြီးဖြစ်တဲ့ ဖရန့်ခ် ဟာ ဇနီးဖြစ်သူ ဆုံးပါးသွားပြီးနောက်ပိုင်း ကလေးတွေနဲ့ သိပ်အဆက်အသွယ်မရှိတော့ဘဲ တစ်ယောက်တည်း ဥယျာဥ်လေးစိုက်ရင်း ဘဝကိုဖြတ်သန်းနေပါတယ်။ ကလေးတွေနဲ့အတူ အားလပ်ရက်မှာ ဆုံဖို့ စီစဥ်ထားပေမဲ့ ဘယ်သူမှ မလာဖြစ်တဲ့အခါမှာတော့ ဖရန့်တစ်ယောက် နိုင်ငံအနှံ့ခရီးထွက်ပြီး ကလေးတွေရှိရာ သွားလည်ဖို့ စီစဥ်လိုက်ပါတော့တယ်။ သူ့ရဲ့ ခရီးစဥ်ကတော့ ကလေးတစ်ယောက်ချင်းစီကို သွားတွေ့ပြီး ကလေးတွေ အဆင်ပြေရဲ့လား၊ အလုပ်အကိုင်အဆင်ပြေကြရဲ့လား…