အကြမ်းဖက် စစ်တပ်ဘက်တော်သား ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေး

အကြမ်းဖက် စစ်တပ်ဘက်တော်သား ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေးထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၅၂ နှစ်ပြည့်မယ့် တင်ဌေး (ခေါ်) ဒိန်းဒေါင်က သူရဲ့ မွေးနေ့အဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဟာသအစည်းအရုံးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစလို့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ညစဉ် ပျော်ပွဲ ရွှင်ပွဲ ဖျော်ဖြေပွဲတွေ လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဖြစ်တာကြောင့် ပွဲကျင်း ပခွင့်တွေကို ပိတ်ပင်ထားပေမယ့်လည်း စစ်တပ်ဘက်တော်သား ဒိန်းဒေါင်ရဲ့ မွေးနေ့ပွဲကို အထူးအခွင့်အရေးအနေနဲ့ ခွင့်ပြုပေးထားတာလို့ သိရပါတယ်။
ဒိန်းဒေါင်မွေးနေ့ပွဲအတွက် ကျင်းပမယ့်နေရာမှာ စစ်သားတချို့၊ ပျူစောထီးနဲ့ ဒေသခံတွေကို လုံခြုံရေးစောင့်ခိုင်းတာတွေရှိနေပြီး ဒိန်းဒေါင်နေတဲ့နေရာ၊ ပွဲစီစဉ်မယ့်သူတွေအတွက်လည်း လုံခြုံရေးပေးထားတယ်လို့ သိရပါတယ်။

“သူတို့အိမ်တွေကို ရခ၊ စခ တွေလုံခြုံရေးယူပေးထားတယ်။ မွေးနေ့ပွဲက ရ ရက်လုပ်မယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။
ဟာသလူရွှင်တော် ဒိန်းဒေါင်က စစ်တပ်ဘက်က အပြတ်ရပ်တည်ပြတာကြောင့် ရန်ကုန်နဲ့ နေပြည် တော်မှာ စစ်တပ်က မြေကွက်တွေ ချထားပေးခဲ့တဲ့အပြင် ဒီနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း လူမှုထူးချွန်ဆုကို မင်းအောင်လှိုင်က ဒိန်းဒေါင်ကို ပေးအပ်ခဲ့ပါသေးတယ်။


Photo: AI Image နှင့် ဇာတ်ဝင်ခန်းပုံအချို့အား အသုံးပြုထားပါသည်။


Leave a Reply