Author: Baby Yit Lone

  • Cross The Battlefield

    Cross The Battlefield

    Cross The Battlefield (2023) ချန်ကျစ်ဖျင်ဟာ အထက်တန်းကျောင်းတက်နေတဲ့ သားဖြစ်သူ”ချန်ယွီဖေး”ကို ဇနီးဖြစ်သူမပါဘဲ တစ်ဦးတည်း ပျိုးထောင်နေသူဖြစ်ပါတယ်။ “ချန်ယွီဖေး”ဟာ E-sports ဂိမ်းတွေကို အင်မတန်ဝါသနာပါသူဖြစ်ပြီးအပျော်တမ်းထက် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့ “မြို့နယ်လူရည်ချွန်ဂိမ်းပြိုင်ပွဲ”ဆိုတဲ့ ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ရန်အားခဲနေပါတော့တယ်။ ဖခင်ဖြစ်သူ “ချန်ကျစ်ဖျင်”ကတော့ ဂိမ်းဟာ ပညာရေးမှာအားနည်းစေတဲ့ပေါ့ပေါ့ပျက်ပျက် အရေးမပါတဲ့အရာလို့ အမြဲသမုတ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ချန်ယွီဖေးဟာ ပြိုင်ပွဲသွားပြိုင်ဖို့လုပ်နေတာကိုသိရှိသွားတော့အတင်းပိတ်ပင်တားဆီးတဲ့အတွက် ချန်ယွီဖေးဟာ ဖခင်အိမ်မှထွက်လာပါတော့တယ်။ အဲ့အချိန်မှာပဲ ဆန်းကြယ်အံ့ဩစွာနဲ့…ချန်ကျစ်ဖျင်ဟာ ချန်ယွီဖေးရဲ့သူငယ်ချင်းဖြစ်သူ ဝမ်ခိုင်ရဲ့ခန္ဓာကိုယ်ထဲကို ထူးဆန်းစွာ ကူးပြောင်းရောက်ရှိသွားတဲ့အခါ ချန်ယွီဖေးရဲ့ ဂိမ်းပြိုင်ပွဲကို အမြဲအနှောင့်ယှက်ပြုပြီးလက်လျော့သွားအောင် အတန်တန် ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဂိမ်းပြိုင်ပွဲကမ္ဘာမှာ သားအဖနှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါ…ထုံးစံအတိုင်း နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲ -အဖေနဲ့နှစ်ယောက်ကြားက အထင်လွဲမှုစည်းတံတိုင်းကြီးဟာဘယ်လိုပုံစံနဲ့ ဘာကြောင့်ပြိုလဲသွားမလဲဆိုတာကို မေးခွန်းထုတ်ထားရင်း ဒီရုပ်ရှင်မှာလိုက်ပါကြည့်ရှုခံစားလိုက်ရအောင်လား

  • ကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ပဲလောကလိမ်လည်မှုကြီး

    ကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ပဲလောကလိမ်လည်မှုကြီး

    ကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ပဲလောကလိမ်လည်မှုကြီး ဖြေရှင်းပေးရေး ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို ကန်တော့ကြေး သိန်း ၂၅၀၀ ၊ အဆိုတော်ယုန်လေးနှင့်လူမိုက်ဝင်းထွဋ်ဝင်းကို သိန်း ၁၀၀၀ ၊ ကြည့်မြင်တိုင်ငါးစျေးမှ လူမိုက်ကျော်ကျော်ကို သိန်း ၈၀၀ ပေးခဲ့ရသော်လည်း ဖြေရှင်းပေးခဲ့ခြင်းမရှိ မြန်မာ့ပြည်တွင်း ပဲစျေးကွက်တွင် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ တန် ဖိုးရှိ ပဲလောကလိမ်လည်မှုကြီးကို ဖြေရှင်းပေးရေး ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ် ချုပ်အောင်ကျော်ကျော်ကို လာဘ်ငွေ ကန်တော့ကြေး ငွေကျပ်သိန်း ၂၅၀၀ ၊ အဆိုတော်ယုန်လေးနှင့်လူမိုက်ဝင်းထွဋ်ဝင်းကို ငွေကျပ်သိန်း ၁၀၀၀ ၊ ကြည့်မြင်တိုင် ငါးစျေးမှ လူမိုက်ကျော်ကျော်ကို သိန်း ၈၀၀ ပေးခဲ့ရသော်လည်း ဖြေရှင်းပေးခဲ့ခြင်းမရှိသကဲ့သို့ ပြေလည်မှုလည်း မရရှိခဲ့ကြောင်း လိမ်လည်ခံရသော မဟာနဒီထရေးဒင်းကုမ္ပဏီမှ ဒါရိုက်တာ ကိုရဲမင်းလွင်က ပြောဆိုသည်။ ၂၀၂၃-…

  • နတ်ရေကန်ကို ထိုးစစ်ဆင်နေသော စစ်အုပ်စု စစ်ကြောင်း ၂ ကြောင်း တစ်မိုင်ကျော်လောက်ထိ နောက်ပြန်ဆုတ်သွားခဲ့ရဟုဆို

    နတ်ရေကန်ကို ထိုးစစ်ဆင်နေသော စစ်အုပ်စု စစ်ကြောင်း ၂ ကြောင်း တစ်မိုင်ကျော်လောက်ထိ နောက်ပြန်ဆုတ်သွားခဲ့ရဟုဆို

    (လေထီးဖြင့်ချပေးသောလက်နက်နဲ့ ရိက္ခာအထုပ်တချို့ AA သိမ်းဆည်းရမိ) အာရက္ခတပ်တော် (AA)က ဝိုင်းဝန်းပိတ်ဆို့ထားသော အမ်း- ပဒါန်းလမ်းပေါ်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူ တက်လာသော စစ်ကြောင်း ၂ ကြောင်းသည် ရှေ့ကို တိုးမရောက်သည့်အပြင် ရောက်ရှိနေသည့် နေရာများမှ နောက်ကို ဆုတ်ပေးလိုက်ရသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။ “ဂုတ်ကြီးဘက်ကို တက်လာတဲ့ အင်အား ၁၅၀ ပါတဲ့စစ်ကြောင်း ဂုတ်ကြီးကို မရောက်တဲ့အပြင် နောက်ကို တစ်မိုင်ကျော်လောက် ပြန်ဆုတ်သွားခဲ့ရတယ်။ စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ မြေပြင်က လက်နက်ကြီးတွေနဲ့ပါ ပစ်ကူတာ။ တိုက်မနိုင်ဘူးဖြစ်နေတယ်”ဟု ပြောသည်။ လေကြောင်းပစ်ကူ၊လက်နက်ကြီး​ပစ်ကူများဖြင့် ဂုတ်ကြီးကျေးရွာကို ထိုးဖောက်ဝင်ရောက်ရန် စစ်ဆင်နေသည့် ဂုတ်ကြီးရွာမှနောက်ဘက်ကို ၁ မိုင်ကျော်ခန့် နောက်ဆုတ်သွားခဲ့ပြီး အဆိုပါနေရာတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေသည်ဟုပြောသည်။ အလားတူ နတ်ရေကန်တောင်သို့…

  • စိတ်ကူးမဲ့ကာမဘုံသို့

    စိတ်ကူးမဲ့ကာမဘုံသို့

    ရေးသူ – ကမ္ဘာကျော်ရတနာဝင်းထိန် သရက်မြို့၊ ဟိုက်စကူးကျောင်းကြီးမှာ မြို့၏အနောက်မြောက်စွန်း တောင်ကုန်းကလေးတစ်ခုပေါ်တွင် တင့်တယ်စွာ သပ်ရပ်လှပမှုဖြင့် ရှိနေသည်။ မြောက်ဖက်ဘောလုံးကွင်း၊ တပ်ကွင်း၊ လွင်ပြင်များဆီမှ တိုက်ခတ်လာသော လေပြေအေးများမှာလည်း သန့်ရှင်းစင်ကြယ်သည်နှင့်အမျှ အေးလှသည်။ ထိုလေပြေအေးကို တိုက်ခတ်ခံရင်း ကျောင်းဘေးပတ်လည်၌ ပြေးကာ ခုန်ကာ ကစားနေကြသော ကလေးသူငယ် အရွယ်ပေါင်းစုံမှာလည်း ရွှင်ရွင်မြူးလျှက်၊ ပျော်မြူးနေသည်။ ကျောင်းဘေးပတ်လည်တွင် ရာသီမရွေး အပွင့်အဖူးများဖြင့် ဖြူဖြူဖွေးလျှက် ရှိနေကြသည်။ ကျောင်း၏ မြောက်ဖက်သို့ ထိုးထွက်ဆောက်လုပ်ထားသော ခန်းမဆောင်ကြီးဘေး ပတ်ဝန်းကျင်ရှိ ဇလပ်ပင်များသည် ပိုမို၍ပွင့်နေကြသည်။ အပင်တိုင်း၏အောက်တွင် ဇလပ်ပွင့်များသည် ကြွေကျလျှက် ကောက်ပန်သူများကို ငံ့လင့်လျှက် လဲလျောင်းကာ နေကြလေသည်။ ထိုခန်းမကြီး၏ အရှေ့ဖက် ကလေးများ အနည်းငယ်ရှင်းရာဘက် အုတ်လှေခါးထစ်ဘေး ဇလပ်ပင်တွင် (၁၂) နှစ်၊ (၁၃)နှစ်…

  • ကျောင်းထိုင်ဘုန်းကြီး KTV သွားမိလို့ လူဝတ်လဲခံရ

    ကျောင်းထိုင်ဘုန်းကြီး KTV သွားမိလို့ လူဝတ်လဲခံရ

    မကြာသေးမီကပင် ပျော်ဘွယ်မြို့နယ်၊ ပြည်တော်အေးကျောင်းတိုက်၏ ဆရာတော်ကြီး ပျံလွန်တော်မူသွားသည့်အတွက် ထိုကျောင်းတိုက်ကို အရှင်မုနိန္ဒ အား ကျောင်းထိုင်ဘုန်းကြီးအဖြစ် အပ်နှင်းခံရပါသည်။ လွန်ခဲ့သောရက်သတ္တပတ်ခန့်က ၎င်းကျောင်းထိုင်အဖြစ် အပ်နှံခံရတဲ့ အရှင် မုနိန္ဒ ဟာ ပျော်ဘွယ်မြို့နယ်တွင်ရှိသည့် (KTV) တစ်ခုတွင်၊ ပျော်ပါးကခုန်နေစဉ် သက်ဆိုင်ရာတို့မှ စစ်ဆေး‌တွေရှိရသည့်အတွက်၊ သာသ‌နာတော်သန့်ရှင်းရေးအဖွဲများက ဖမ်းဆီးကာ လူဝတ်လဲလိုက်ပြီး အရေးယူလိုက်ကြောင်း သိရပါသည်။ ပျော်ဘွယ်မြို့နယ်တွင် သံဃာနာယကဆရာတော်များပင့်ဆောင်ပြိး အရှင်မုနိန္ဒကို လူဝတ်လဲစေလိုက်ပါသည်။ လူဝတ်ကြောင်ဖြစ်ပြီးလို့ ၎င်းကျောင်းတိုက်မှ မသင်ဆိုင်တော့သည့်အတွက်၊ နှင်ထုတ်လိုက်သည်ဟုသိရသည်။ “ပြည်တော်အေးကျောင်း” တိုက်ပိုင် သင်္ကန်းအများအပြား နှင့် အများပြည်သူများ‌ချွေးနည်းစာဖြင့် လှူဒါန်းထား‌သည့် ကျောင်းတိုက်ပိုင် မော်တော်ကား၊ သံဃိကပိုင် တန်ဖိုးရှိ ပရိဘောဂပစ္စည်းများ၊ ဝတ္ထု‌ငွေများတို့ကို လူဝတ်လဲခံရသူနှင့် ဆွေမျိုးတစ်သိုက်တို့မှ ယူဆောင်သွားခဲ့သည်ဟုသိရသည်။ ၎င်းကိစ္စရပ်ကို သက်ဆိုင်ရာမှ အမြန်အရေးယူ ဆောင်ပေးရန်လည်း၊ ကျောင်းတိုက်သို့ပြန်လည်ထားပေးရန်၊…