Cross The Battlefield

Cross The Battlefield

Cross The Battlefield (2023)

ချန်ကျစ်ဖျင်ဟာ အထက်တန်းကျောင်းတက်နေတဲ့ သားဖြစ်သူ”ချန်ယွီဖေး”ကို ဇနီးဖြစ်သူမပါဘဲ တစ်ဦးတည်း ပျိုးထောင်နေသူဖြစ်ပါတယ်။

“ချန်ယွီဖေး”ဟာ E-sports ဂိမ်းတွေကို အင်မတန်ဝါသနာပါသူဖြစ်ပြီးအပျော်တမ်းထက် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့ “မြို့နယ်လူရည်ချွန်ဂိမ်းပြိုင်ပွဲ”ဆိုတဲ့ ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ရန်အားခဲနေပါတော့တယ်။

ဖခင်ဖြစ်သူ “ချန်ကျစ်ဖျင်”ကတော့ ဂိမ်းဟာ ပညာရေးမှာအားနည်းစေတဲ့ပေါ့ပေါ့ပျက်ပျက် အရေးမပါတဲ့အရာလို့ အမြဲသမုတ်နေပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ချန်ယွီဖေးဟာ ပြိုင်ပွဲသွားပြိုင်ဖို့လုပ်နေတာကိုသိရှိသွားတော့အတင်းပိတ်ပင်တားဆီးတဲ့အတွက် ချန်ယွီဖေးဟာ ဖခင်အိမ်မှထွက်လာပါတော့တယ်။

အဲ့အချိန်မှာပဲ ဆန်းကြယ်အံ့ဩစွာနဲ့…ချန်ကျစ်ဖျင်ဟာ ချန်ယွီဖေးရဲ့သူငယ်ချင်းဖြစ်သူ ဝမ်ခိုင်ရဲ့ခန္ဓာကိုယ်ထဲကို ထူးဆန်းစွာ ကူးပြောင်းရောက်ရှိသွားတဲ့အခါ ချန်ယွီဖေးရဲ့ ဂိမ်းပြိုင်ပွဲကို အမြဲအနှောင့်ယှက်ပြုပြီးလက်လျော့သွားအောင် အတန်တန် ကြိုးစားပါတော့တယ်။

ဒီလိုနဲ့ ဂိမ်းပြိုင်ပွဲကမ္ဘာမှာ သားအဖနှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါ…ထုံးစံအတိုင်း နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲ

-အဖေနဲ့နှစ်ယောက်ကြားက အထင်လွဲမှုစည်းတံတိုင်းကြီးဟာဘယ်လိုပုံစံနဲ့ ဘာကြောင့်ပြိုလဲသွားမလဲဆိုတာကို မေးခွန်းထုတ်ထားရင်း ဒီရုပ်ရှင်မှာလိုက်ပါကြည့်ရှုခံစားလိုက်ရအောင်လား

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *