Author: Baby Yit Lone
-

MNDAA တပ်များ စရွှေ့
MNDAA တပ်စွဲထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုယ၊ နမ့်ပေါင်၊ မယ်ဟန်၊ နောင်မွန်၊ နားဆော့ ဒေသများမှ တပ်များကို ယနေ့ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက စတင်၍ လောက်ကိုင်ဘက်သို့ ရွှေ့ပြောင်းနေပြီဟု MNDAA နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ MNDAA တပ်စွဲထားသည့် နမ့်ပေါင်–မိုင်းရယ်–ဟိုယ လမ်းကြောတစ်လျှောက်ရှိ တပ်စခန်းများကို ယခုနှစ် ရွေးကောက်ပွဲမစမှီ ဆုတ်ပေးရန် စစ်ကောင်စီက တရုတ်မှတဆင့် တောင်းဆိုထားကြောင်း ယင်းနီးစပ်သူထံမှ သိရသည်။ “ရွေးကောက်ပွဲအမှီ clear ဖြစ်မယ်။ ၂၀၀၈ အတိုင်း ယခင်နယ်မြေအတိုင်းပဲ တောင်းဆိုနေတာ” ဟု နီးစပ်သူက ပြောသည်။ တပ်များ စရွှေ့နေသော်လည်း လုံခြုံရေးဂိတ်များကိုချထားဆဲဖြစ်ကြောင်း သက်ဆိုင်ရာအရင်းအမြစ်က ပြောသည်။ “ထုံးစံအတိုင်း လားရှိုးလိုပဲ ကျောင်းတက်နေဆဲ ကလေးတွေကို တရုတ်တစိတ် မြန်မာတစိတ်…
-

မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့
မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့ဟု ထုတ်ပြန် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိပြီး အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ၄၀ ကျော်လက်နက်ချ အညံ့ခံခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းက မောတောင်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေ အဓိက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ PLA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( KNLA) ၊ ကော်သူလေးတပ်မတော် (KTLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ တနင်္သာရီတိုင်း(ပကဖ)၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က နိုဝင်ဘာ ၁၀ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲ လေးရက်ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေက မြို့ကိုသိမ်းတိုက်ခိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်တပ်…
-

BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်
BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ် ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။ “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စောချစ်သူ ဦးစီးတဲ့ BGF နဲ့၊ DKBA တပ်ဖွဲ့တွေဟာ ကျားဖြန့်လုပ်ငန်းကြောင့် နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ရာ မြဝတီ…
-

တော်လှန်ရင်းအသေခံမယ်ဆိုတဲ့ ရဲဘော် လွတ်သွားတာကြောင့် ချောက်မြို့မရဲစခန်းကို တိုင်းရဲမင်းကြီးကိုယ်တိုင်စစ်နေ
ဖမ်းဆီးခံရတဲ့ နယ်ထိန်းခင်မောင်ရင်ဟာ ပေါ်တာဆွဲ၊ စစ်မှုထမ်းကြေးငွေညှစ်ရာမှာ နာမည်ကြီးသူဖြစ် ချောက်မြို့နယ်အတွင်း ထောင်ဒဏ် ၂၃၅ နှစ်ချထားတဲ့ တော်လှန်ရေးရဲဘော် တစ်ဦး လွတ်မြောက်သွားတဲ့ဖြစ်စဥ်မှာ ဖရဲသီးရှိနေတယ်လို့ ယူဆတာကြောင့် ချောက်မြို့မရဲစခန်းကို စစ်ကောင်စီ တိုင်းရဲမင်းကြီးနဲ့ ခရိုင်ရဲမှူးတို့ ကိုယ်တိုင် လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂၃၅ နှစ် ချမှတ်ခံထားရတဲ့ ရဲဘော် နက်ရှိုင်း(ခ)မိုးညိုကို အရပ်ကားတွေနဲ့ တင်ဆောင်လာစဥ် အမှတ် (၃) ပြည်ထောင်စုလမ်းမပေါ် ရှိ ဂွေးချိုရဲစခန်းနဲ့ ဂွေးပင်ရဲစခန်းကြားမှာ ချောက်မြို့နယ်ရှိတော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ကယ်ထုတ်ရာ အဆိုပါရဲဘော်ကလည်း တော်လှန်ရင်းအသေခံမယ်ဆိုတဲ့စိတ်နဲ့ ရဲရင့်စွာရုန်းထွက်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကယ်ထုတ်သွားတဲ့ဖြစ်စဥ်ကြောင့် တာဝန်ရှိသူ နယ်ထိန်းအရာရှိ ကျော်ဝင်းနဲ့ နယ်ထိန်း ခင်မောင်ရင် အပါအဝင် ရဲ ၅…
-

Shades of Life
Shades of Life (2025) ဘဝဇာတ်ခုံအဖုံဖုံ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် လူအမျိုးမျိုး ဇာတ်ကြောင်းအမျိုးမျိုးကို ကြားဖူး မြင်ဖူးကြမှာပေါ့။ မလေယာလမ်းကားတွေကောင်းရင် ထိုင်ရာမထကြည့်ကောင်းကြတာကတာလည်း အမှန်ကိုး ဒီကားကတော့ ပိုစိတ်ဝင်စားဖို့ကောင်းတာမျိုးပါ။ ပုံမှန်ဇာတ်ကားလိုမဟုတ်ဘဲ ဇာတ်လမ်းတိုလေး ၄ ပုဒ်ကို စုပေါင်းပြီး ရိုက်ကူးထားလို့ မတူတဲ့ရသ ၄ မျိုးကို ရစေမှာပါ။ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝဒရာမာတွေကို မတူတဲ့ရှုထောင့်ကနေ ရိုက်ကုးတင်ဆက်ထားတဲ့ သဘောပါပဲ။ မိသားစုတစ်ခုလုံးကို အရက်စွဲတာက ဘယ်လိုဒုက္ခပေးလဲ ပိုက်ဆံမရှိတဲ့ အဖေတစ်ယောက်က ကိုယ့်ကလေးရဲ့ အိပ်မက်လေးတစ်ခုကို ဖြည့်ဆည်းပေးဖို့ ဘယ်လိုရုန်းကန်ရလဲ မင်္ဂလာဆောင်ဖို့ စုထားတဲ့ ပိုက်ဆံကို အခိုးခံလိုက်ရတဲ့ မိဘတွေရဲ့ အဖြစ်နဲ့ အိမ်ထောင်စပြုစ အတွဲတစ်တွဲရဲ့ လိုက်လျောညီထွေ နေထိုင်ရတဲ့ အခြေအနေမျိုးတွေကို တကယ် လက်တွေ့ကျကျ မြင်ရမှာဖြစ်လို့ ကြည့်ရှုအားပေးပါဦး။