Author: Baby Yit Lone

  • ထိုင်ဝမ်၊ ဂျပန်၊ အ​မေရိကန်တို့ ပူး​ပေါင်း​နေချိန် ဇော်မင်းထွန်းက တရုတ်ဖက်က ရပ်တည်​ကြောင်း ထုတ်​ဖော်

    ထိုင်ဝမ်၊ ဂျပန်၊ အ​မေရိကန်တို့ ပူး​ပေါင်း​နေချိန် ဇော်မင်းထွန်းက တရုတ်ဖက်က ရပ်တည်​ကြောင်း ထုတ်​ဖော်

    “တရုတ်နိုင်ငံ၏ One China Policy တိုင်းကို မြန်မာအစိုးရ အနေဖြင့် အမြဲတမ်းထောက်ခံရပ်တည် နေကြောင်း ဇော်မင်းထွန်းပြော။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း ဖြစ်ကြောင်း၊ တရုတ်ရဲ့ အချုပ်အခြာအာဏာ နယ်မြေတွေကို လေးစားကြောင်း၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတို့ကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ များဖြစ်ကြောင်းကို ပြီးခဲ့လတောင်က ယာယီသမ္မတ ဦးမင်းအောင်လှိုင်က ပြောထားပြီးသား ဖြစ်ပါတယ်။” တပ်မတော်သတင်းမှန် ပြန်ကြားရေး ဗိုလ်ချုပ် ဇော်မင်းထွန်း ဂျပန် စစ်ဦးစီးချုပ်နှင့် အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တွေ့ဆုံ ဂျပန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူချီကူရာ ဟီရိုရာကီဟာ အမေရိကန် ရေတပ် စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးကြောင်း ဂျပန်…

  • Dersu Uzala

    Dersu Uzala

    Dersu Uzala (1975) Dersu Uzalaဟာ ကူရိုဆာဝါရဲ့ သမိုင်းဦးအစလည်း ဖြစ်ခဲ့သလို ကူရိုဆာဝါရဲ့ အချိုးအကွေ့တစ်ခုလည်း ဖြစ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို မရိုက်ခင်ကာလက ခေတ်ရဲ့အပြောင်းအလဲနဲ့ အခြေအနေတွေကြား ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝရော လူမှုဘဝရော တော်တော်ပျက်ကပ်ဆိုက်နေခဲ့တဲ့ကာလတစ်ခုဖြစ်ခဲ့တယ်။ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေဟာ ကျရှုံးနေခဲ့ပြီး စိတ်ရောလူပါ ထောင်းထောင်းကြေနေတဲ့ ကူရိုဆာဝါဟာ သတ်သေဖို့အထိလုပ်ခဲ့တယ်။ ပြောကြသလိုဆိုရင်တော့ ဂျပန်မှာ သူ့ကားကို ထုတ်ပေးမယ့်သူတောင် မရှိခဲ့ဘူး။ ဒီရုပ်ရှင်ကိုလည်း ရုရှဘက်က ထုတ်ပေးထားတယ်။ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုနဲ့ ကူရိုဆာဝါရဲ့ နောက်ဆုံး Eraကို စတင်နိုင်ခဲ့တဲ့ သဘောပါပဲ။ နိုင်ငံခြားရုပ်ရှင်ဆုအနေနဲ့ အော်စကာရတောင် ရခဲ့တယ်။ ဆိုပေမဲ့ ရုရှကားအနေနဲ့ ရခဲ့တာပါ။ ရုရှအတွက်တော့ တန်သွားတယ် ပြောရမှာပဲ။ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေဟာ ဂျပန်ဘက်က အော်စကာအတွက် စာရင်းတင်တာ…

  • The Man Standing Next

    The Man Standing Next

    The Man Standing Next (2020) ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကားလေးကတော့ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားသမ္မတကြီးဘတ် လုပ်ကြံခံရမှုမတိုင်မီ ရက်ပေါင်း ၄၀ အလိုကာလကို အဓိကထားရိုက်ကူးထားတဲ့ သမိုင်းဝင် နိုင်ငံရေး ဖြစ်ရပ်မှန် သည်းထိတ်ရင်ဖို ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ မင်းသား Lee Byung-Hun, Lee Sung-Min, Kwak Do-Won, Lee Hee-Joon အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားကြပြီး IMDb rating 7.0 နဲ့ ဆုပေါင်းများစွာ ပတ်သိမ်းခဲ့တဲ့ ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ၁၉၇၀ ပြည့်လွန်နှစ်များမှာ တောင်ကိုရီးယားနိုင်ငံဟာ သမ္မတဘတ်(Lee Sung-Min)၏ အကြွင်းမဲ့အာဏာအောက်မှာ ရှိနေပြီး ကိုရီးယားဗဟိုထောက်လှမ်းရေးဌာန(KCIA)ဟာ…

  • ပီဒီအက်(ဖ) တွေ ကို မောင်းထုတ် ပြီး  ထုံး နဲ့ စည်း တား လိုက် ပါ ပြီ

    ပီဒီအက်(ဖ) တွေ ကို မောင်းထုတ် ပြီး ထုံး နဲ့ စည်း တား လိုက် ပါ ပြီ

    မြန်မာ့ တပ်မတော် က သံချပ်ကာကား တွေ၊ အမြောက် တွေ၊ ဒုံးလက်နက် တွေ၊ စက်သေနတ်တွေ၊ လက်ဖြောင့် တပ်သား တွေ ပါတဲ့ စစ်ကားတန်း ကြီး ဟာ မိုးကုတ် မြို့ နဲ့ ဆယ်မိုင် ကျော်လောက် ပဲ ဝေး တော့ တဲ့ ညောင်ကုန်း၊ လွယ်မွန်း နဲ့ လယ်ကြီး ရွာ တွေ ကို ရောက်ရှိ နေ ချိန် မှာ မိုးကုတ် မြို့ ထဲ မှာ ပလောင် လက်နက်ကိုင် အဖွဲ့ ဟာ မိုးကုတ် မြို့ခံ ပီဒီအက်(ဖ) တွေ ကို ပါ မြို့ ထဲ က မောင်းထုတ်…

  • ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ဧရာဝတီတိုင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာတွင် အထိုးခံရသူ ကျောင်းသားဟောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထိုးခံရနှင့်ရင်းနှီးသူထံမှ သိရသည်။ ဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ ကျောင်းသားဟောင်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။ ထိုးနှက်ခံရမှုကြောင့် ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ယနေ့အထိ သတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။ “ကျွန်တော့်သူငယ်ချင်းက သူ့ကျောင်းဟောင်းက ကျောင်းမှာအမှတ်စာရင်းသွားထုတ်တယ်။ အဲဒီမှာ တတိယနှစ်ကျောင်း သားရဲ့ ရည်းစားဟောင်းအကြောင်းကို စလိုက်တယ်။ အဲ့ဒါကို စိတ်ဆိုးသွားပြီးတော့ တိုင်နဲ့ခေါင်း ညှပ်ကန်လိုက်တာ။ အသေ သတ်မယ်ဆိုပြီး အောက်ထပ်မှာ ဒုတ်သွားယူလိုက်တော့မှ လူတွေသိကုန်တယ်။ ပုသိမ်ဆေးရုံပို့ကတည်းက…