The Man Standing Next

The Man Standing Next

The Man Standing Next (2020)

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကားလေးကတော့ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားသမ္မတကြီးဘတ် လုပ်ကြံခံရမှုမတိုင်မီ ရက်ပေါင်း ၄၀ အလိုကာလကို အဓိကထားရိုက်ကူးထားတဲ့ သမိုင်းဝင် နိုင်ငံရေး ဖြစ်ရပ်မှန် သည်းထိတ်ရင်ဖို ရုပ်ရှင်ကားပဲဖြစ်ပါတယ်။

အဓိက သရုပ်ဆောင်တွေအနေနဲ့ မင်းသား Lee Byung-Hun, Lee Sung-Min, Kwak Do-Won, Lee Hee-Joon အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားကြပြီး IMDb rating 7.0 နဲ့ ဆုပေါင်းများစွာ ပတ်သိမ်းခဲ့တဲ့ ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း

၁၉၇၀ ပြည့်လွန်နှစ်များမှာ တောင်ကိုရီးယားနိုင်ငံဟာ သမ္မတဘတ်(Lee Sung-Min)၏ အကြွင်းမဲ့အာဏာအောက်မှာ ရှိနေပြီး ကိုရီးယားဗဟိုထောက်လှမ်းရေးဌာန(KCIA)ဟာ အစိုးရဌာနအားလုံးကို လွှမ်းမိုးထားတာတဲ့ အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။

အဲဒီအချိန်က KCIA ဆိုတာက ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှ လုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။

ဂင်ဂယူဖြောင်း(Lee Byung-Hun)ဟာ KCIA ရဲ့ ဌာနမှူးတစ်ယောက်ဖြစ်ပြီး သမ္မတရဲ့ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း သမ္မတရုံး လုံခြုံရေးအကြီးအကဲ ဂွက်ဆန်းချွန်း(Lee Hee-Joon)ရဲ့ ပြိုင်ဆိုင်မှုနဲ့ နိုင်ငံရေးအာဏာလုပွဲများကို ရင်ဆိုင်နေရပါတယ်။

ဒီအချိန်မှာပဲ အစိုးရရဲ့ တရားမဝင်တဲ့ လျှို့ဝှက်လုပ်ငန်းများအားလုံးကို သိရှိထားတဲ့ KCIA ရဲ့ ဌာနမှူးဟောင်း ဘတ်ယုံးဂတ်(Kwak Do-Won)ဟာ အမေရိကန်ပြည်ထောင်စုကို တိမ်းရှောင်ကာ ကိုရီးယားအစိုးရကို တရားစွဲဆိုခဲ့ပြီး အစိုးရရဲ့ လျှို့ဝှက်ချက်များကို ဖော်ထုတ်ထားတဲ့ ကိုယ်တွေ့မှတ်တမ်းကိုပါ ထုတ်ဝေဖို့ ကြိုးပမ်းပါတော့တယ်။

သမ္မတဘတ်ဟာ ဌာနမှူး ဂင်ဂယူဖြောင်းကို ကိုယ်တွေ့မှတ်တမ်းထုတ်ဝေခြင်းကို တားဆီးဖို့အတွက် အမေရိကန်နိုင်ငံကို စေလွှတ်ခဲ့ရာမှ သမ္မတအပေါ် သစ္စာစောင့်သိမှုနှင့် တိုင်းပြည်ရဲ့ အနာဂတ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတွေဟာ ဂင်ဂယူဖြောင်းရဲ့ စိတ်ထဲမှာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာခဲ့ပါတယ်။

နိုင်ငံရေးအလှည့်အပြောင်းများ၊ လျှို့ဝှက်လုပ်ကြံမှုများနဲ့ အာဏာပြိုင်ဆိုင်မှုများကြားမှာ သမ္မတဘတ်အား နှစ်ပေါင်းများစွာ သစ္စာခံခဲ့တဲ့ ဂင်ဂယူဖြောင်းဟာ နောက်ဆုံးမှာတော့ သမ္မတအား လုပ်ကြံသတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အကြောင်းရင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွတ်စတမ်း ကြည့်ရှုလိုက်ကြပါဦးနော်….

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *