Author: Baby Yit Lone

  • အလှူဈေးဝယ် မှားမူ ကြောင့် လူကြားထဲတွင် အရိုက်ခံရသည့် ဆယ်ကျော်သက် မိန်းကလေး

    အလှူဈေးဝယ် မှားမူ ကြောင့် လူကြားထဲတွင် အရိုက်ခံရသည့် ဆယ်ကျော်သက် မိန်းကလေး

    အလှူဈေးဝယ် မှားမူ ကြောင့် လူကြားထဲတွင် အရိုက်ခံရသည့် ဆယ်ကျော်သက် မိန်းကလေး စိတ်ဒဏ်ရာပြင်းထန်မှုကြောင့် ကွယ်လွန်

    မကြာသေးမီက လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့ခဲ့သည့် အဖြစ်အပျက်တစ်ခုအရ

    အလှူအတွက် ဈေးဝယ်ရာတွင် မှားယွင်းမှုရှိခဲ့သဖြင့်

    အဒေါ်ဖြစ်သူက လူအများရှေ့တွင် ရိုက”နှက်ဆုံးမခဲ့သော

    ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးသည်

    စိတ်ပိုင်းဆိုင်ရာ ဒဏ”ရာပြင်းထန်မှုကြောင့် ကွ.ယ်လွ.န်သွားခဲ့ကြောင်း သိရပါသည်။

    ဖြစ်စဉ်အတွင်း

    မိခင်ဖြစ်သူက ဝင်ရောက်တားဆီးခြင်းမရှိခဲ့သဖြင့်

    ကလေးငယ်အနေဖြင့် လူလယ်ခေါင်တွင် အရှ၊က်ရစေခြင်း၊

    စိတ်ဖိစီးမှုများကို တစ်ဦးတည်း ခံစားခဲ့ရကြောင်း

    နီးစပ်သူများက ပြောကြားထားပါသည်။

    ဤဖြစ်ရပ်သည်

    မိသားစုအတွင်း ဆုံးမသွန်သင်ရာတွင် အကြမ်းဖ၊က်မှုနှင့် လူကြားထဲတွင် အရှ။က်ခွဲခြင်းများသည်

    ကလေးငယ်များ၏ စိတ်ကျန်းမာရေးနှင့် အသက”အန္တရာယ်အထိ အလွန်အမင်း ထိခိုက်စေနိုင်ကြောင်း သတိပေးနေသည့် သာဓကတစ်ခု ဖြစ်လာခဲ့ပါသည်။

    “အသက်ရှင်နေချိန်မှာ စကားတစ်ခွန်း၊ အပြုအမူတစ်ခုက

    ကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်ပါတယ်”

    ဟူသော လူမှုကွန်ရက်အသုံးပြုသူများ၏ စကားများကလည်း

    ပရိသတ”အကြား စိတ်ထိခိုက်စရာ ဖြစ်စေခဲ့ပါသည်။

    ကွယ်လွန်သူ မိန်းကလေးငယ်အတွက် ဆုတောင်းပေးကြသလို

    ကျန်ရစ်သူ မိသားစုများအတွက်လည်း

    အသိတရားရစေမည့် သင်ခန်းစာတစ်ခု ဖြစ်စေချင်ကြောင်း

    ပရိသတ”များက မျှဝေပြောဆိုနေကြပါသည်။

    👉 စိတ်ဒဏ်ရာခံစားနေရသူများ၊ စိတ်ဖိစီးမှုများကို မျိုသိပ်နေသူများအနေဖြင့်

    တစ်ယောက်တည်း မခံစားဘဲ ယုံကြည်ရသော လူကြီးများ၊ ဆရာဝန်များ၊

    စိတ်ကျန်းမာရေးအကူအညီပေးရေးအဖွဲ့များထံ ဆက်သွယ်အကူအညီ ရယူကြပါရန်

    မေတ္တာရပ်ခံအပ်ပါသည်။

  • လာပြန်ပြီ နောက်တတွဲ

    လာပြန်ပြီ နောက်တတွဲ

    အတန်းဖော် အတန်းဖက်တော့ မဖြစ်နိုင်ဘူး

    ဆရာနဲ့ တပည့်ဖြစ်ဖို့များတယ်

    Mm News.xyz 2026 02 24 190707

    (ကျောင်းမပီးခင် ဗိုက်ကြီး

    နွားနဲ့ဖက် ရုန်းကန်ပြီး ကျောင်းထားပေးရတဲ့ မိဘမှ အားမနာ

    Mm News.xyz 2026 02 24 190728

    ကျောင်းမပီးခင်မိန်းမရယောက်ျားရပီး

    ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသားကျောင်းသူများနှင့်တကွ

    Mm News.xyz 2026 02 24 190736

    2026 မြန်မာပြည်ပညာရေးစနစ်ကြီးကို အရမ်းလေးစားပါကြောင်း

  • ရန်ကုန်-တာချီလိတ် မှန်လုံကားပေါ်တွင် ဆေးခတ်၍ ပစ္စည်းများယူဆောင်သွား

    ရန်ကုန်-တာချီလိတ် မှန်လုံကားပေါ်တွင် ဆေးခတ်၍ ပစ္စည်းများယူဆောင်သွား

    ရန်ကုန်-တာချီလိတ် မှန်လုံကားပေါ်တွင် ဆေးခတ်၍ ပစ္စည်းများယူဆောင်သွား

    (ကားဆရာကလည်း မှတ်ပုံတင်ပါသွားတယ်ထင်ပြီး လမ်းမှာချထားခဲ့သည့်ဖြစ်စဉ်) 🚨

    ရန်ကုန်ကနေ တာချီလိတ်ကို ကားနဲ့ခရီးသွားမယ့် မိဘပြည်သူတွေ အထူးသတိထားနိုင်ဖို့ ဖြစ်စဉ်လေးတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    ကားပေါ်မှာ ခင်မင်အောင်အရင်လုပ်ပြီးမှ ဆေးခတ်ထားတဲ့ မုန့်နဲ့ အချိုရည်တွေတိုက်ပြီး iPhone 16 Pro Max နဲ့ ပါသမျှပစ္စည်းတွေ အကုန်ယူသွားတဲ့အပြင် လူကိုပါ လမ်းမှာချန်ထားရစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ကျိုင်းတုံအနီးမှာ ဖြစ်ပွားခဲ့ပါတယ်။

    ဖြစ်စဉ်မှာ ကားရှေ့ခုံအမှတ် (၇) မှာ ထိုင်နေတဲ့ ခရီးသည်နားကို လမ်းတစ်ဝက်မှာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရောက်လာပြီး စကားတွေပြောကာ ရင်းနှီးမှုရအောင် အရင်လုပ်ပါတယ်။

    ကျိုင်းတုံမြို့နား ရောက်ခါနီးမှာတော့ အဆိုပါအမျိုးသားက မုန့်နဲ့ အချိုရည်တွေကို အတင်းတိုက်တွန်းပြီး ကျွေးတာကြောင့် ခရီးသည်က အားနာပြီး စားသုံးမိရာကနေ သတိလစ်သွားခဲ့ရပါတယ်။

    ဒီအချိန်မှာပဲ ၎င်းဆီမှာပါလာတဲ့ iPhone 16 Pro Max (White) နဲ့ ပိုက်ဆံ၊ ပစ္စည်းအားလုံးကို အဆိုပါအမျိုးသားက ယူဆောင်ပြီး ကျိုင်းတုံမှာ ဆင်းပြေးသွားခဲ့တာပါ။

    ဆေးအရှိန်ကြောင့် ခရီးသည်ဟာ ၂၄ နာရီနီးပါး သတိကောင်းကောင်းမရဘဲ မူးဝေနေခဲ့ရပါတယ်။

    နောက်ထပ် စိတ်မကောင်းစရာကတော့ ယာဉ်မောင်းဘက်က ခရီးသည်မှာ မှတ်ပုံတင်ပါသွားပြီ (ဟိုလူယူသွားပြီ) လို့ ထင်ပြီး၊ မယ်ယန်ဂိတ်ကို ကျော်လို့မရမှာစိုးတာကြောင့် တာချီလိတ်မရောက်ခင် လမ်းဘေးကွမ်းယာဆိုင်တစ်ခုမှာ ချန်ထားခဲ့တာပါ။

    တကယ်တော့ မှတ်ပုံတင်က ခရီးသည်နဲ့အတူ ပါနေခဲ့တာဖြစ်ပါတယ်။

    ကံကောင်းလို့သာ မိသားစုဝင်တွေက အချိန်မီ လိုက်လံခေါ်ဆောင်နိုင်ခဲ့လို့ အိမ်ကို ဘေးကင်းစွာ ပြန်ရောက်ခဲ့တာပါ။

    ကျူးလွန်ပုံ – ကားပေါ်တွင် ရင်းနှီးမှုရယူပြီး ဆေးခတ်ထားသော အစားအသောက်များဖြင့် အတင်းတိုက်တွန်း ကျွေးမွေးတတ်ပါသည်။

    ဆုံးရှုံးမှု – iPhone 16 Pro Max (အဖြူရောင်) တစ်လုံးနှင့် ပိုက်ဆံ၊ အိတ်များ ပါသွားခဲ့ပါသည်။

    သတိပေးချက် – ခရီးသည် သတိလစ်နေချိန်တွင် အထောက်အထားမပါဟု ထင်မြင်ကာ လမ်းဘေးတွင် စွန့်ပစ်ခံရနိုင်သည့် အခြေအနေမျိုးအထိ ကြုံတွေ့ရနိုင်ပါသည်။

    ဒီလိုလူစားမျိုးတွေ ကားပေါ်မှာ ရှိနေတတ်လို့ အားလုံးသတိရှိကြဖို့ တိုက်တွန်းပါရစေ

  • စာမေးပွဲဖြေဆိုခွင့် ပယ်ချခံရတဲ့နောက်ကွယ်

    စာမေးပွဲဖြေဆိုခွင့် ပယ်ချခံရတဲ့နောက်ကွယ်

    စစ်ကိုင်းက စာ​မေးပွဲ​ဖြေခွင့်မရ​သော “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

    ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂) ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

    “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲဋ နှင့် ပုဒ်မခွဲ ဍ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ၆-၁-၂၀၂၆ ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် ကျောင်းဖြစ်ပါသည်။

    ဖြစ်စဉ်အမှန်မှာ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှန်တကယ်တက်ရောက် ပြီး စာရင်းသွင်းထားသော ကျောင်းသားကျောင်းသူများ မနစ်နာစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း (၂) ကြိမ်၊ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း (၁) ကြိမ် ဖြေဆိုခဲ့သော Grade-5 ကျောင်းသားကျောင်းသူ (၄၀)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၄၀)ဦး စုစုပေါင်း (၈၀)ဦးတို့ကိုသာ ယခု ကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား ဖြေဆိုခွင့်ပြုခဲ့ပါသည်။

    ယခုဖြစ်စဉ်တွင်ပါဝင်သော Grade-5 ကျောင်းသားကျောင်းသူ(၇၂)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှု မရှိခြင်း၊ ၎င်းကျောင်းမှ လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလထိ) တင်ပြခဲ့သော ကျောင်းသားလချုပ် စာရင်းတွင် ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)တွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင်လည်း ဖော်ပြပါ ကျောင်းသားများသည် အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း(၃)ကြိမ် ဖြေဆိုထားသည့် အထောက်အထားများ မရှိ သည့်အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြားများ ရယူခဲ့ခြင်း ဖြစ်ပါသည်။

    ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကျောင်းသားများအား စစ်ကိုင်းခရိုင်ပညာရေးမှူးသည် ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းအပေါ် ၎င်းခရိုင် ပညာရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

    ပညာရေးဌာနက လူကြီးလူကောင်းမဆန်လိုက်တာနော်..

    ဖေဖော်ဝါရီ (၂၃) ရက်၊ စစ်ကိုင်းမြို့တွင် ကျင်းပလျက်ရှိသော အခြေခံပညာအတန်းများ၏ စာမေးပွဲ ပထမနေ့တွင် ထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား/သူ အများအပြား စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံလိုက်ရသည့် ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ဖြစ်ရပ်တွေပေါ်လာပါပြီ။

    ဖြစ်စဉ်အသေးစိတ်

    ယနေ့ (ဖေဖော်ဝါရီ ၂၃) နံနက် (၈:၀၀) နာရီအချိန်တွင် ကျောင်းသား/သူများနှင့် မိဘများသည် သတ်မှတ်ထားသော စာမေးပွဲဖြေဆိုမည့် ကျောင်းရှေ့သို့ အသီးသီး ရောက်ရှိနေခဲ့ကြပါသည်။

    သို့သော် နံနက် (၈:၃၀) နာရီ ကျောင်းဝင်းအတွင်း ဝင်ရောက်ချိန်တွင် တာဝန်ရှိသူများက ခုံအမှတ်ကဒ်များကို စစ်ဆေးခဲ့ပြီး ခုံအမှတ် (၄၃၆၀) နှင့် ယင်းအနောက်ပိုင်း ခုံနံပါတ်ပါ ကျောင်းသား/သူများအားလုံးကို စာမေးပွဲဖြေဆိုခွင့် မရှိကြောင်း ပြောဆိုကာ တားမြစ်ခဲ့ပါသည်။

    ဖြေဆိုခွင့် ပယ်ချခံရသူများမှာ ထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြောင်း သိရသည်။

    ဖြစ်ပွားရသည့် အကြောင်းရင်း

    ကိုယ်ပိုင်ကျောင်းဘက်မှ ကျောင်းသားစာရင်းကို သက်ဆိုင်ရာ ပညာရေးတိုင်းရုံးသို့ စာရွက်စာတမ်း အပြည့်အစုံဖြင့် စနစ်တကျ တင်ပြခြင်းမရှိဘဲ နှုတ်ဖြင့်သာ ပြောဆိုချိတ်ဆက်မှုများ ရှိခဲ့ကြောင်း၊

    အောက်ခြေ ပညာရေးဌာနမှမူ တင်ပြလာသော စာရင်းအတိုင်း ဖြေဆိုခွင့် ခုံအမှတ်၊ ဖြေဆိုရမည့် ကျောင်းနှင့် အခန်းနေရာများကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊

    စာမေးပွဲဖြေဆိုခွင့် ပယ်ချကြောင်း တရားဝင်စာမှာ စာမေးပွဲမဖြေဆိုမီ ညပိုင်းကမှ အထက်ဌာနမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    လက်ရှိအခြေအနေနှင့် နောက်ဆက်တွဲ

    မိဘများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်၊ ဖြေဆိုရမည့် နေရာအထိ အတိအကျ ထွက်ရှိထားပြီးမှ ဖြေဆိုရန် မိနစ်ပိုင်းအလိုတွင် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းအပေါ် လက်မခံနိုင်ဖြစ်ကာ ဂိတ်ဝတွင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

    ကျောင်းသား/သူများမှာလည်း စိတ်ထိခိုက်ဝမ်းနည်းမှုများ ဖြစ်ပေါ်ခဲ့ရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ညှိနှိုင်းခဲ့သော်လည်း ပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ဖြေဆိုခွင့် မရရှိခဲ့ပေ။

    ထို့အပြင် ဖြေဆိုခွင့်ရရှိသည့် အခြားကျောင်းသားများ၏ ခုံအမှတ်လည်ဆွဲကဒ်များကိုလည်း စာမေးပွဲအခန်းစောင့် ဆရာ/ဆရာမများက ပြန်လည်သိမ်းဆည်းထားလိုက်ကြောင်း သိရသည်။

    လက်ရှိတွင် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်နေပြီး အဆင်ပြေပါက ကျန်ရှိသည့်ရက်များတွင် ပြန်လည်ဖြေဆိုခွင့် ရရှိနိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

    ယခုဖြစ်စဉ်တွင် တာဝန်ပေါ့လျော့သူများနှင့် ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ရန်ကုန်မှာ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေလို့ ကျန်းမာရေးအတွက် မဖြစ်မနေ လိုက်နာရမည့် အချက်များ (သတိပေးနှိုးဆော်ချက်)

    ဒီရက်ပိုင်း ရန်ကုန်မှာ နေရောင်ကောင်းကောင်းမမြင်ရဘဲ မိုးအုံ့သလိုလို ဖြစ်နေတာ သတိထားမိကြမှာပါ။ ဒါဟာ ရာသီဥတုကြောင့်မဟုတ်ဘဲ လေထုညစ်ညမ်းမှု (Air Pollution) မြင့်တက်နေတာကြောင့်ဖြစ်ပြီး AQI (Air Quality Index) 150 ကျော်အထိ ရှိနေပါတယ်။

    ဒီလိုအချိန်မှာ ကျန်းမာရေးထိခိုက်မှုမရှိရလေအောင် ဒေါက်တာရတနာ မှ မျှဝေထားတဲ့ လိုက်နာသင့်သည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    ✅ လုပ်ဆောင်သင့်သည့် အချက်များ (Do’s)

    🏠 အိမ်ထဲမှာပဲ နေပါ – အပြင်ထွက်ချိန်ကို တတ်နိုင်သမျှ လျှော့ချပါ။

    😷 Mask တပ်ပါ – မဖြစ်မနေ အပြင်ထွက်ရရင် Mask (N95 ဆို ပိုကောင်း) တပ်ဆင်ပါ။

    💧 ရေများများသောက်ပါ – ရေနွေး (သို့) အပူသောက်စရာလေးတွေက လည်ချောင်းကို သက်သာစေပြီး ခန္ဓာကိုယ်ကို အထောက်အကူပြုပါတယ်။

    🚪 လေလုံအောင်ထားပါ – အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ Air Purifier ရှိရင် ဖွင့်ထားပါ။ အိမ်မှာ ဖုန်မထအောင် သန့်ရှင်းရေးလုပ်ပါ။

    ❌ မလုပ်သင့်သောအရာများ (Don’ts)

    🏃‍♂️ Outdoor Exercise မလုပ်ပါနဲ့ – အပြင်ထွက် ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာမျိုး ခဏရပ်ထားပါ။

    🪟 ပြတင်းပေါက် မဖွင့်ပါနဲ့ – အပြင်က မီးခိုးငွေ့နဲ့ လေညစ်တွေ အိမ်ထဲဝင်လာနိုင်လို့ပါ။

    🚬 အိမ်တွင်း မီးခိုးထွက်တာ ရှောင်ပါ – ဆေးလိပ်သောက်တာ၊ အမွှေးတိုင်ထွန်းတာ၊ မီးသွေးမီးဖို သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။

    ⚠️ အထူးဂရုစိုက်ရမည့်သူများ

    ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နှလုံး/အဆုတ် ရောဂါအခံရှိသူများ ပိုမိုသတိထားပါ။

    အကယ်၍ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးမရပ်ခြင်းနှင့် မျက်စိယားယံခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသဆွေးနွေးပါ။

    ဒေါက်တာရတနာ (M.B.,B.S – YGN, Diploma in Family Medicine)