Author: Baby Yit Lone
-

မုဆိုးလား သားကောင်လား
ကျော်စိန်ဘ တောထဲ ရောက်နေသည် ။ သူသည် မုဆိုးတစ်ယောက်ပါ ။ တောသတ္တဝါတွေကို ချောင်းမြောင်း သတ်ဖြတ်တဲ့ မုဆိုး ။ သူ ပဲခူးရိုးမ တောင်ခြေ တောကြီးရဲ့ တောနက်ထဲမှာ ရောက်နေသည် ။ စိမ်းစိုထူထပ်တဲ့ တောနက်နက်ထဲမှာ တစ်ကိုယ်တော် သေနတ်သမား မုဆိုးကျော်စိန်ဘ သည် သားကောင်ကို ရှာဖွေနေသည် ။ အပင်မြင့်ကြီးတွေရဲ့ ထိပ်ဖျားမှာ မျောက်တစ်အုပ် တကွိကွိနဲ့ တစ်ပင်နဲ့ တစ်ပင် ကူးလွှဲ ပြေးလွှားနေသည် ။ လက်တန်ရှည်ရှည် အမြီး ရှည်ရှည်နဲ့ မျောက်လွှဲကျော်တွေ . . ။ တကိုယ်လုံး အနက်ရောင် ။ မျက်နှာတွေက အဖြူရောင် …။ တစ်ချက်တစ်ချက် ခပ်ဝေးဝေးဆီက ငှက်တွေ ဝုန်းကနဲ ထပျံတဲ့…
-

“မုန့်တသိန်းကျော်ဖိုးမှာပြီး လိပ်စာအမှားနဲ့ ပိုခိုင်းတဲ့ကိစ္စ ဒေလီသမားလေးတွေ ဖော်ထုတ်ပြီ”
ရန်ကုန် အလုံမြို့နယ် ငုဝါလမ်းမှာ ဖုန်းထဲကနေ မုန့် တသိန်းကျော်ဖိုး မှာပြီး ပို့မှ မယူတော့ဘူးလို့ မက်ဆေ့ပို့တာကြောင့် Deli ပို့သူ ၂ ဦး အခက်တွေ့ခဲ့ကြပါတယ်။ တည်နေရာ အမှားနဲ့ မုန့်မှာ ခဲ့ကြတာ ဖြစ်ပြီး ရောက်ကာမှ “ငါတို့က အမေရိကန်ကနေ မှာတာ မင်းတို့ပဲ စားလိုက်”လို့ မက်ဆေ့ ပို့ခဲ့တာ ဖြစ်ပါတယ်။ Deli သမား နှစ်ဦးရဲ့ အက်အခဲကို ဘေးက မြင်နေရတဲ့ စေတနာရှင်တဦးက ဖြေရှင်းပေးခဲ့ပြီး တသိန်းကျော်ဖိုး မုန့်တွေကို ဝယ်ယူပေးခဲ့ပါတယ်။ နေပူထဲမှာ ရုန်းကုန်ရှာဖွေနေကြတဲ့ Deli သမားတွေကို မကူညီရင်နေ အခုလိုတော့ မနှောင့်ယှက်သင့်ပါဘူး။ ကူညီပေးခဲ့တဲ့ စေတနာရှင်ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။ Photo – Ney…
-

ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်
နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန် တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့နှင့်စခန်းများ၊ မြို့ကြီးများတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် အကြမ်းဖက်စစ်တပ်က ညွှန်ကြား ချက်တစ်ရပ်ထုတ်ပြန်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့ အပါအဝင် မြို့ကြီးများတွင် လည်းကောင်း၊ နယ် မြေအေးချမ်းမှုမရှိသော မြို့နယ်ဧရိယာများရှိ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများတွင်လည်းကောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တိုက်ခိုက်မှုများ ကြုံတွေ့လာနိုင်သဖြင့် လုံခြုံ ရေး တင်းကျပ်ထားရန်၊ လုံခြုံရေးအတွက် သက်ဆိုင်ရာ ဌာနပေါင်းစုံ ပူးတွဲ ဆောင်ရွက်ကြပြီး စစ်တပ်၊ ရဲနှင့်…
-

ရန်ကုန်မြို့ကြီးကိုတော့ တောသီးတွေဖျက်ဆီးပလိုက်ကြပီ
တစ်ခါမှမကြားဖူးတဲ့ဇာတ်လမ်းများ ရုပ်ရှင်လာကြည့်တာ Canter ကို ပုတ်ပြတ် ငှားလာတာတဲ့ Canter ကားနံပါတ် ကို စစ်လိုက်တော့ တစ်စီးက လှိုင်သာယာ က စက်ရုံတစ်ရုံကို ၀န်ထမ်း အကြိုအပို့လုပ်တဲ့ကား နောက်တစ်စီးက ထောက်ကြန့်မရောက်ခင် CP ကြက်စာ စက်ရုံက ကြက်စာတင်တဲ့ကား လူမစည်စည်အောင်လုပ်ပြတယ် ဇာတ်ညွှန်းကတော့ ဒီဇာတ်ညွှန်းပဲ လှိုင်သာယာကနေမိသားစုလိုက်ရုပ်ရှင်လာကြည့်တာပဲ Taxi CNG ကားလေး ငှားလာပြီးကြည့်မှာပေါ့ စက်ရုံတစ်ရုံလုံးက ၀န်ထမ်းတွေ စက်ရုံက ကားကြီးနဲ့လာတာကို 🌚 အထဲကရုပ်ရှင်သွားမကြည့်ခင်တင် သူတို့ရဲ့ ဉာဏ်ရည်နဲ့အခြေအနေကို မြင်နေရ ရန်ကုန်မြို့ကြီးကိုတော့ တောသီးတွေဖျက်ဆီးပလိုက်ကြပီ
-

ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး
ဘားအံတွင် တပ်ပိုင်ဂိတ်ဖွင့်၍ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး၊ ရာထူးမှထုတ်ပယ်ခံရပြီး စစ်ဆေးမှုများဆက်တိုက်လုပ် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တပ်ပိုင်ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများနှင့် ကုန်ကားများထံမှ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဘားအံမြို့(တောင်ကလေး) အခြေစိုက် ခမရ ၂၀၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုမှာ တပ်ပိုင်ဂိတ်ဖွင့်၍ ကုန် ကားများကို ဆက်ကြေးကောက်လွှတ်ပေးမှု၊ တရားမဝင်ကုန်သွယ်မှုများကို လာဘ်ငွေ ခွင့်ပြုမှု ၊ ခရီးသွားပြည်သူများထံမှ အသွားအပြန်…