Author: Baby Yit Lone

  • Dream Eater

    Dream Eater

    Dream Eater (2025) Hostel, Knock Knock,Cabin Fever တို့လိုနာမည်ကျော်ဟော်ရာတွေရဲ့ဖန်တီးရှင် Eli Roth ရဲ့ကုမ္ပဏီကထုတ်တဲ့ Found footage Horror ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ Documentry ဒါရိုက်တာတစ်ယောက် သူ့ရည်းစားရဲ့အိမ်မက်ယောင်လမ်းလျှောက်တဲ့ရောဂါ အခြေအနေဆိုးလာချိန်မှာ ရောဂါဖောက်မှုတွေကို မှတ်တမ်းတင်ထားဖို့ ဆရာဝန်ကညွှန်ကြားခဲ့ပါတယ်။ တောအုပ်ထဲက လူသူမနီးအပန်းဖြေသစ်လုံးအိမ်လေးမှာသွားနေတဲ့အချိန်အိမ်မက်ယောင်လမ်းလျှောက်ရုံတင်မက အကြမ်းဖက်မှုတွေထူးဆန်းတဲ့အပြုအမူတွေကိုပါတွေ့လာရတဲ့နောက် ဒီကိစ္စဟာသွေးရိုးသားရိုး စိတ်ကစဉ့်ကလျားဝေဒနာတစ်ခုသက်သက်မဟုတ်ဘူးဆိုတာ တစ်ဖြည်းဖြည်းရိပ်စားမိလာပုံတွေကို သဲထိတ်ရင်ဖိုရှုစားရမှာဖြစ်ပါတယ်။ Paranormal activety ဇာတ်ကားတွေရပ်သွားချိန် အလွမ်းပြေကြည့်စရာ ဇာတ်ကားတစ်ကားပါပဲ။

  • Secret Zoo

    Secret Zoo

    Secret Zoo (2020) အခုတစ်ခေါက်မှာတော့ အတည်ပေါက်ကြီးနဲ့ ရယ်ရမဲ့ Secret Zoo ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေနဲ့ မင်းသား Ahn Jae Hong, မင်းသမီး Kang So Ra, မင်းသားကြီး Park Young Gyu, မင်းသား Kim Sung Oh, မင်းသမီး Jeon Yeo Been တို့နဲ့အတူ အခြား နာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်ထယ်ဆူ(Ahn Jae Hong)က ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာ တရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။ တစ်နေ့တော့ သူ့အတွက် တရားဝင်ဝန်ထမ်းဖြစ်ဖို့ အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။ အဲဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့်…

  • Karmanye Vadhikaraste

    Karmanye Vadhikaraste

    Karmanye Vadhikaraste (2025) “တာဝန်နှင့် ဝတ္တရား” ဒီတစ်ခါမှာ စိတ်ဝင်စားစရာ တေလဂူးမှုခင်းရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မြို့လေးတစ်မြို့မှာ လူ‌ေ-သအလောင်းတွေ ပေါ်လာတာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အပြိုင်အဆိုင်စုံစမ်းကြတာကို မြင်ရမှာပါ။ ဒါတွေက ရိုးရိုးတမ်းတမ်း လူသ-တ်မှုမဟုတ်ဘဲ ရှုပ်ထွေးနက်နဲတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီးဖြစ်နေတဲ့အခါမှာတော့ NIA အေးဂျင့်၊ ရဲအုပ်တစ်ဦးနဲ့ ရဲသားလေးတို့က အချိန်မလွန်ခင် ဘယ်လိုကြိုးပမ်းဖော်ထုတ်သွားမှာလဲ ဆိုတာ ။ ။

  • Private

    Private

    Private (2025) (အိမ်ပြေးလေး) ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ အဲဒီကောင်မလေးကတော့ အာရှီတာလိုခေါ်ပါတယ်။ ဇာတ်လမ်းအစမှာ အာရှီတာလေးတစ်ယောက် ဗီဿုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ စာအရမ်းကြိုးစားတဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ဘဝမှာ သူ့အိပ်မက်နဲ့ စာလုပ်မယ်ဆိုတဲ့ အလုပ်နှစ်ခုပဲခေါင်းထဲမှာ အမြဲရှိနေခဲ့တာပါ။ ပြီးတော့ အဖေဖြစ်သူဆုံးပါးပြီးကတည်းက အမေနဲ့ ဦးလေးအိမ်မှာနေနေရတာပါ။ ဦးလေးဖြစ်သူကပဲ အစဆုံးသူ့ကို လိုလေသေးမရှိထောက်ပံပေးနေခဲ့တာဖြစ်ပြီး တစ်ရက်မှာတော့ သူ့အိပ်မက်တွေအားလုံးကို ရေစုံမြောရမယ့်အဖြစ်ကိုရောက်လာပါတော့တယ်။ အကြောင်းကတော့ အာရှီတာကို သူ့ဦးလေးရဲ့ အကြီးဆုံးသားနဲ့ ပေးစားမယ့်ကိစ္စပါပဲ။ ဒီလိုနဲ့ အာရှီတာလေးမှာ ခြေမကိုင်မီလက်မကိုင်မီတွေဖြစ်ပြီး ခေါင်းမီးတောက်စွာနဲ့ အိမ်ပြေးလေးတစ်ယောက်လုပ်ဖို အကြောင်းဖန်လာပါတော့တယ်။ သူငယ်ချင်းလေး ရူဘီသာရှိရာ နီသရာဟာလီကိုခြေဆန့်ခဲ့ရင်း ဘယ်လိုအခက်ခဲတွေကို ရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။

  • The Glimmer Man

    The Glimmer Man

    The Glimmer Man (1996) ဟာသဆန်ဆန် တွဲဖက်စုံထောက်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာ အကောင်းဆုံး ဇာတ်လမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ Rush Hour ပုံစံမျိုးဖြစ်ပြီး ဇာတ်လမ်းကြောက တော်တော်လေးကို ဆင်တူပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လိုကောင်းပြီး ဇာတ်အိမ်ကလည်း သူ့ဟာနဲ့သူ အဆင်ပြေပါတယ်။ မင်းသားကြီး Steven Seagal နဲ့ Keenan တို့ဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်ဟားချင်တာပဲဖြစ်ဖြစ် စုံထောက်ကားကြည့်ချင်တာပဲဖြစ်ဖြစ်ဆိုရင်တော့ ဒီကားကို ရွေးချယ်လိုက်ပါ။ ဇာတ်လမ်းအကျဉ်း ကမ့်ဘဲလ်ဟာ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်တတ်တဲ့ ရဲအရာရှိတစ်ဦးဖြစ်ပြီး လူသတ်မှုတွေ စုံစမ်းတဲ့ဌာနမှာ တာဝန်ယူထားပါတယ်။ တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ တွဲဖက်တစ်ယောက် ရောက်လာပြီး သူနဲ့ ပုံစံ ဘယ်နားမှာမှ မတူပါဘူး။ ပုတီးကြီး‌တွေ ဆွဲထားပြီး ဘုန်းတော်ကြီးနဲ့ အတော်လေး…