Author: Baby Yit Lone
-

The 4 Exes
The 4 Exes (2020) ဆာရာ၊ အိုင်ရင် ၊ အမရာနဲ့ရေချယ်တို့ဟာနောက်ခံအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင် ဘာတစ်ခုမှမတူညီတဲ့ မိန်းကလေးလေးဦးဖြစ်ပြီး သူတို့အသိအကျွမ်းတစ်ဦးဖြစ်တဲ့ အဲလက်စ်ရဲ့ဈာပနမှာ အချင်းချင်းတွေ့ဆုံခဲ့ကြပါတယ်။ အခြေအနေတွေက တွန်းပို့တာကြောင့် လေးဦးဆုံ စကားပြောဖြစ်ခဲ့ကြချိန်မှာသိလိုက်ရတာကတော့ သူတို့လေးယောက်လုံးဟာအဲလက်စ်ရဲ့ရည်းစားဟောင်းတွေဖြစ်ကြတယ်ဆိုတာပါပဲ။ ဈာပနမှာဆုံပြီးမကြာခင်မှာပဲ သူတို့လေးဦးဆီကို သေဆုံးသူ အဲလက်စ်ဆီကစာတစ်စောင်ဆီရောက်လာခဲ့ပါတယ်။ စာထဲကအကြောင်းအရာကတော့ အဲလက်စ်ဟာ သူမကြာခင်သေဆုံးရတော့မယ်လို့သံသယရှိနေကြောင်း၊တကယ်လို့သူသေဆုံးခဲ့တယ်ဆိုရင် အဲ့ဒါဟာ သူ့ရည်းစားဟောင်းလေးယောက်ဖြစ်တဲ့ သူတို့ထဲက တစ်ယောက်ရဲ့လက်ချက်ဖြစ်ကြောင်းပြောပြထားတာဖြစ်ပါတယ်။ အဲ့ဒီကစလို့ သူတို့လေးဦးဟာ ကွယ်လွန်သူချန်ထားခဲ့တဲ့ ပဟေဠိတစ်ခုနဲ့တိုင်ပတ်သလိုအသက်အန္တရာယ်ကိုခြိမ်းခြောက်မှုတွေလည်း တွေ့ကြုံလာရပါတော့တယ်။ သူတို့မသိခဲ့တာက ဒီပြဿနာဟာထင်တာထက် နက်ရှိုင်းလွန်းနေတာပါပဲ။ အင်ဒိုကားတွေထဲမှာတွေ့ရခဲပြီး စုန်းကဝေ၊အောက်လမ်းတွေမပါဝင်တဲ့ psychological thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။
-

The Running Man
The Running Man (2025) Stephen King ရဲ့ ဝတ္ထုတွေကိုအခြေခံပြီး ရိုက်ကူးတဲ့ရုပ်ရှင်တွေထဲကမှ သရုပ်ဆောင် Glen Powell ရဲ့ The Running Man ကားအသစ်ထွက်လာပါပြီ။ သားနို့စ်သရုပ်ဆောင် Josh Brolinနဲ့ A list သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာပါ။ ဒါရိုက်တာကလည်း Baby Driver နဲ့ Last Night in Soho တို့ကို ရိုက်ကူးတင်ဆက်ထားတဲ့ Edgar Wrightဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ခပ်မြူးမြူးနဲ့ Non stop actionတွေဘက်ကိုသွားထားတာပါ။ The Running Man စာအုပ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်မှာလည်း ပိုက်ဆံလိုနေတဲ့ လူတစ်ယောက်က The Running Man လို့ခေါ်တဲ့ TV အစီအစဥ်မှာ ဝင်ပါတယ်။…
-

12A Railway Colony
12A Railway Colony (2025) “ကြမ္မာဆိုး” ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ တေလဂူးဟော်ရာဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကာသစ်ခ်ဆိုတာ သူငယ်ချင်းတစ်သိုက်နဲ့ သောက်စားပျော်ပါးပြီး ရပ်ရေးရွာရေးမှာဝင်ပါတတ်သူတစ်ယောက်ပါ။ သူစိတ်ဝင်စားမိတဲ့ ဘေးအိမ်က အိမ်နီးချင်းမလေး အာရူကတော့ ကာသစ်ခ်ကို တစ်စက်လေးမှကြည့်မရသူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး အရာထင်လာတဲ့အချိန်ကျမှ ဘယ်လိုမိစ္ဆာအနှောက်အယှက်တွေ ဝင်ရောက်လာမလဲဆိုတာကိုတော့ ပရိတ်သတ်တို့ပဲ ကြည့်ရှုခံစားအဖြေရှာလိုက်ပါဦး။
-

Kampung Jabang Mayit: Ritual Maut
Kampung Jabang Mayit: Ritual Maut (2025) “ရွာပျက်ကြီးမှ ကြောက်စရာ အစီအရင်” ဝီဒါက တက်သစ်စမော်ဒယ်လေးတစ်ယောက်ဖြစ်ပြီး ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ဘာဂတ်စ်နဲ့ချစ်ကျွမ်းဝင်နေပါတယ်။ ဝီဒါဟာ ရုပ်ရှင်မင်းသမီးတစ်ဦးအဖြစ်တက်လှမ်းဖို့ရှိပြီး သူ့အတွက်လမ်းစလည်းပွင့်နေပါပြီ။ အခုချိန်မှာတစ်ခုတည်းသော အနှောင့်အယှက်ကတော့ သူဟာ ဓာတ်ပုံဆရာနဲ့တိတိတိတ်ပုန်းကိုယ်ဝန်ရှိနေတာပါ။ ဆေးခန်းမှာသွားဖျက်ချလို့သတင်းထွက်ရင် နာမည်ပျက်သွားနိုင်သလို ကိုယ်ဝန်ကိုမွေးလိုက်ရင်လည်း အခုလိုအောင်မြင်မှုမရသေးခင်မှာလည်း တက်လမ်းပျက်စီးသွားမှာဖြစ်တဲ့အတွက် ဘားဂတ်စ်ရဲ့ တိုက်တွန်းမှုနဲ့ သူတို့ရွာမှာ ကိုယ်ဝန်ဖျက်ချဖို့လိုက်သွားမိပါတော့တယ်။ အဲ့ဒီရွာကတော့ ခိုက်လွန်းလို့ဘယ်သူမှ မနေနိုင်ကြတဲ့၊ အနီးအနားကဖြတ်သွားဖို့တောင်လူတွေကြောက်ရွံ့ကြတဲ့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ရန်ကတ်စ်ပူနာ ရွာပျက်ကြီးပါပဲ။ အဲ့ဒီမှာ ဝီဒါအတွက် တစ်သက်တာ အိမ်မက်ဆိုးဖြစ်လာစေမယ့် ကြောက်စရာ ဖြစ်ရပ်တွေကစောင့်ကြိုနေပါတော့တယ်။
-

ဥရောပဟာ ခေါင်းဆောင် ”ညံ့” ပြီး ”အင်အားချိနေပြီ” လို့ ထရမ့် ဝေဖန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပခေါင်းဆောင်တွေကို “ညံ့ဖျင်းတယ်”လို့ ဝေဖန်ပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့အထောက်အပံ့တွေကို လျှော့ချမယ်လို့ ဆိုလာပါတယ်။ အမေရိကန်နိုင်ငံရေး သတင်းဌာနတစ်ခုဖြစ်တဲ့ Politico နဲ့အင်တာဗျူးမှာ သူက ”အင်အားချိလာ” နေတဲ့ ဥရောပနိုင်ငံတွေဟာ ရွှေ့ပြောင်းအရေးကို မထိန်းချုပ်နိုင်သလို ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်အောင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ မဆောင်ရွက်နိုင်ကြဘူးလို့ ပြောထားတာပါ။ ဒီနိုင်ငံတွေဟာ အကူအညီအပြည့်အဝမပေးဘဲ ယူကရိန်း ကျရှုံးအောင် လုပ်ဆောင်နေကြတယ်လို့လည်း စွပ်စွဲထားပါတယ်။ ယူကရိန်း – ရုရှားစစ်အတွက် အဖြေတစ်ခုကို ခပ်မြန်မြန်ထုတ်လိုက်တာဟာ ဥရောပတစ်တိုက်လုံးရဲ့ ရေရှည် အကျိုးစီးပွားတွေကို လျော့ပါးရာ လျော့ပါးကြောင်း ဖြစ်မှာကို စိုးရိမ်တာကြောင့် အမေရိကန် ဦးဆောင်နေတဲ့ အပစ်ရပ်ရေးဆောင်ရွက်ချက်တွေမှာ ဥရောပခေါင်းဆောင်တွေက နေရာတစ်ခုဝင်ယူဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ ထရမ့်ရဲ့စွပ်စွဲချက်နဲ့ ပတ်သက်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါးကတော့ ဥရောပဟာ…