Author: Baby Yit Lone
-

ဦးခင်ရီသို့ ဂုဏ်ပြုခြင်း
ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ များသောအားဖြင့်ယဥ်ကျေးတဲ့နိုင်ငံတွေမှာ အနိုင်ရသွားတဲ့နိုင်ငံရေးပါတီကို မီဒီယာတွေနဲ့အခြားပါတီတွေက ဂုဏ်ပြုစကားတွေ ပေးပို့ကြတာ ၊ Congratulations လုပ်တာတွေ လုပ်လေ့ရှိပါတယ်။ အခုတော့ ၂၀၂၅ ရွေးကောက်ပွဲ မှာ ကြံ့ခိုင်ရေးပါတီကနိုင်လိုက်တော့ ဘယ်သူကမှလည်း ဂုဏ်ပြု ချီးကျူးစကားပြောတာမတွေ့ရပါဘူး။ ဒါ့ကြောင့် ကျွန်တော်ကပဲ စွန့်ဦးတီထွင်အဖြစ် ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။ အစ်ကိုကြီး ဦးခင်ရီခင်ဗျား ၊ သို့မဟုတ် အန်ကယ်လ်ဦးခင်ရီခင်ဗျား ကြံ့ခိုင်ရေးပါတီ ၂၀၂၅မှာ တင်းပြည့်ကျပ်ပြည့်နိုင်သွားတာ ဂုဏ်ယူပါတယ်၊ဝမ်းသာပါတယ်။ အန်ကယ်တို့ပါတီဟာ ရွေးကောက်ပွဲ တွေမှာ မနိုင်တာကြာပြီဆိုတာ သတိထားမိတာကြာပါပြီ။ ဒါ့ကြောင့် မြန်မာဘောလုံးအသင်း တခါတလေထနိုင်လိုက်တိုင်း ပြည်သူလူထုက ခေါင်းထောင်ကြည့်ရသလို အခုလို ကြံ့ခိုင်ရေးနိုင်တယ်ဆိုတော့ ကျွန်တော်တို့စာရေးဆရာတွေက Congratulations လုပ်မှသင့်တော်ပေမယ်။ အန်ကန်တို့ပါတီ မနိုင်တာ မှတ်မှတ်ရရ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကတည်းကပဲခင်ဗျ။ အခုက ၂၀၂၅…
-

တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင်
တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင် စစ်ကိုင်းတိုင်း ဧရာဝတီမြစ်ကမ်းဘေးမြို့တခုဖြစ်သော ကသာမြို့ ကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့တိုက်ခိုက်နေရာ လက်မလွှတ်ရရေးအတွက် လက်နက်ကြီး၊ လေကြောင်းပစ်ကူများပေးနေသည့်ကြားမှ ယနေ့တွင် တော်လှန်ရေး အင်အားစုများ မြို့တွင်း ဝင်ရောက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်သော ကသာမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း၁တွင် ပါဝင်သဖြင့် ဒီဇင်ဘာ ၂၈ ရက်က မဲရုံများ ဖွင့်လှစ်ပြီး ရွေးကောက်ပွဲကျင်းပနေချိန် မြို့အဝင် တပ်ကုန်း ရပ်ကွက်နှင့် ခမရ ၃၀၉ တပ်ရင်းအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ “တော်လှန်ရေးအဖွဲ့တွေက တမြို့လုံးနီးပါးလောက်ကို ဝင်သွားနိုင်ပေမယ့် အဓိကကျတဲ့ ရဲစခန်းတို့ ထောင်တို့ ဖွင့်တာတွေ၊ တိုက်တာတွေ မရှိသေးဘူး၊ လောလောဆယ်တော့…
-

ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဘုတလင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “၂၈ ရက်နေ့က ဘုတလင်မြို့ပေါ်မှာ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့လို့ မဲပေးဖို့သတ်မှတ်ထားတဲ့ နေရာတွေနဲ့ သူတို့တွေ အထိုင်ချနေကြတဲ့ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ရဲဘော် ၆ ယောက် ကျခဲ့ပါတယ်။ ရဲဘော် ၃ ယောက်လည်း…
-

ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက် ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” လည်ပင်း ဓားဒဏ်ရာတချက် ၊…
-

Pamali: The Little Devil
Pamali: The Little Devil (2025) အင်ဒိုနီးရှားနိုင်ရဲ့နာမည်ကျော် horror ဂိမ်းနဲ့ ရုပ်ရှင် universe ဖြစ်တဲ့ Pamali Universe ရဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားတွဲတွေဟာ အင်ဒိုနီးရှားရိုးရာ အယူသီးမှုနဲ့ တားမြစ်ချက်တွေကိုအခြေခံထားတာဖြစ်ပြီး အဲ့ဒါတွေကိုချိုးဖောက်မိတဲ့ အခါ ကျိန်စာသင့်တာ အန္တရာယ်တွေနဲ့ရင်ဆိုင်တွေ့ရတာတွေကြုံရတတ်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ တူယွလ် လို့ခေါ်တဲ့ ကလေးငယ်ပုံသဏ္ဍာန်ရှိ မကောင်းဆိုးဝါးအကြောင်းကို ဗဟိုပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အမ်ဘာဆိုတဲ့ သားသမီးနှစ်ယောက်မိခင် မုဆိုးမတစ်ဦးဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် အားကိုးရာမဲ့နေချိန်မှာလမ်းဘေးမှာ ကောက်ရခဲ့တဲ့ ငွေထုပ်တစ်ထုပ်ကို အိမ်ယူသွားခဲ့မိပါတယ်။ အဲ့ဒီညမှာပဲ သူတို့ တစ်မိသားစုလုံးဟာ တူယွလ်မကောင်းဆိုးဝါးရဲ့ခြောက်လှန့်မှုကိုခံခဲ့ရပြီး မိုးမလင်းခင်မှာပဲ အမ်ဘာ တစ်ယောက်ပျောက်ချင်းမလှပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီမတိုင်ခင်ကတည်းက သူတို့ရွာထဲမှာ မကြာခဏငွေပျောက်ဆုံးမှုတွေ တစ်နှစ်တစ်ခါ လူပျောက်မှုတွေပါ အမြဲဖြစ်ပေါ်နေပြီး ပျောက်ဆုံးသူတွေကအမြဲတမ်း အမျိုးသမီးတွေဖြစ်လေ့ရှိပါတယ်။ သူတို့အမေပျောက်ဆုံးမှုကိုလိုက်ရှာမယ့် အမ်ဘာရဲ့သမီး…