Author: Baby Yit Lone

  • စစ်တပ်၏  ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက   လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    မြန်မာနိုင်ငံတွင် စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တိုင်းရင်းသားများနှင့်နွေဦး တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့ လုပ် ရပ်များတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ထပ်မံသတိပေးလိုက်သည်။

    ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၅/၂၀၂၅တွင် အမျိုးသားညီ ညွတ် ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

    အကြမ်းဖက်စစ်တပ်က အတင်းအကျပ် ကျင်းပရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တော်လှန် ရေးအင်အားစုများ၏ထိန်းချုပ်နယ်မြေအတွင်း ပြုလုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ကဲ့သို့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် နွေဦးတော်လှန်ရေး အင်အား၀ငများက လက်မခံကြောင်း တရားဝင် ပြောထုတ်ပြန်ပြောဆိုထားပြီးဖြစ်ကြောင်း၊ အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် မဟာမိတ်တိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေးအင် အားစုများနှင့်အတူ ထပ်တူ တစ်သား တည်း ရပ်တည်နေကြောင်း၊ စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်၍ ပူးပေါင်းပါဝင်သူများ၊ ထောက်ခံသူများအနေဖြင့် သတိချပ်ကြရန် အရေးကြီးကြောင်း ၎င်းက သတိပေးပြောဆိုသည်။

    “၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဟာ ၂၀၂၁ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တာကြောင့် ဒီအခြေခံဥပဒေအောက်ကနေ လုပ် ဆောင်လျက်ရှိတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအပါအဝင် အ ကြမ်း ဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ သာဖြစ်တာကြောင့် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ကြဖို့ သတိပေးလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲသည် ဟန်ပြသာဖြစ်ပြီး ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် ပြည်သူလူထုကို သတ်ဖြတ်ထားသော စစ်ရာဇဝတ်မှုများမှ ကင်းလွတ်ခွင့်ရရှိရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ NUG အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး မဟာမိတ်တိုင်းရင်းသားများနှင့်အတူ လက်တွဲ လျှောက်လှမ်းလျက်ရှိကြောင်း

    “အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး ၎င်းရဲ့ အာဏာ တည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိရေး တို့အတွက် ကြိုးပမ်းနေခြင်းဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေအားလုံးအနေနဲ့ စု စည်း ညီညွတ်စွာနဲ့ ပြည်သူနဲ့အတူရပ်တည်ရင်း ဒီထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြဖို့ တိုက်တွန်းပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမည်ဖြစ်ပြီး ရွေး ကောက်ပွဲများကို အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

  • ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတဦးအား အမျိုးသား ၃ဦးမှ အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုမှ တရားခံများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖမှ ဖမ်းဆီးထားပြီး မည်သို့အရေးယူမည်ကို စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

    ပြီးခဲ့သည် ဩဂတ်လ ၁၂ရက်၊နံနက် ၁၀နာရီခန့်တွင် ကောလင်းမြို့နယ်၊စာရင်းဝင်ရွာအနီးရှိချောင်းထဲတွင် လျာ၊နားရွက်များဖြတ်ခံထားရပြီး မျက်လုံးများဖောက်ထုတ်ခြင်းခံထားရသည့် အမျိုးသမီးအလောင်းတလောင်းအား ဒေသခံများမှ တွေ့ရှိခဲ့သည်။

    အဆိုပါဖြစ်စဉ်အား ကောလင်းမြို့နယ် ပလဖမှ စစ်ဆေးခဲ့ပြီးနောက် စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂတ်လ ၁၃ရက်နေ့တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပေတပင်ရွာနေ အသက် ၂၄နှစ်အရွယ် ဖြိုးဝေအောင်၊ဆပ်သွားချောင်းရွာမှ အသက် ၁၅နှစ်အရွယ် ချစ်ခိုင်ဦး၊ကျွန်းလှမြို့နယ်၊ရွာကုန်းကြီးရွာမှအသက် ၁၉နှစ်အရွယ် ရှိုင်းထက်အောင်တို့ အား ပလဖမှ ဖမ်းဆီးနိုင်ခဲ့သည်။

    ၎င်းတို့၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် ဩဂတ်လ ၉ရက်၊ည၁၀နာရီခန့်တွင် ကျူးလွန်ခံရသူ ကောလင်းမြို့နယ်၊သစ်စိမ့်ကုန်းကျေးရွာနေ အသက် ၁၇နှစ်အရွယ်ရှိ မဖြူနှင်းခိုင်အား ၎င်းတို့ ၃ဦးမှ တလှည့်စီ အဓမ္မပြုကျင့်ခဲ့ပြီးနောက် နားရွက်နှင့်လျှာကို ဖြတ်ကာ မျက်လုံးများအား ဖောက်ထုတ်ကာ သတ်ဖြတ်ခဲ့ပြီး စာရင်းဝင်ရွာအနီးရှိ ချောင်းထဲတွင် ပစ်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    “သေဆုံးသူ ကောင်မလေးက ကျူးလွန်တဲ့ ကောင်လေးနှစ်ယောက်နဲ့က အဆက်တွေ။ ဖြိုးဝေအောင်နဲ့က အရင်က လင်မယား။ နှစ်ဘက်မိဘတွေက သဘောမတူလို့ ကွဲနေကြတာ။အိမ်ထောင်ကွဲပြီးမှ ရှိုင်းထက်အောင်နဲ့ ထပ်ကြိုက်နေကြတာ၊ အခုထိ ကြိုက်နေလား ဘာလားတော့ မသိဘူး”ဟု သစ်စိမ့်ကုန်း ဒေသခံတဦးမှ ပြောသည်။

    အဆိုပါဒေသသည် NUG ၏ အုပ်ချုပ်ရေးဒေသဖြစ်သဖြင့် အဆိုပါ အမှုအား မည်သို့ အရေးယူမည်ကို ဒေသခံများမှ စိတ်ဝင်စားနေကြသည်။

    “ဒီအမှုက ယုတ်မာလွန်းအားကြီးတယ်လေ။ဒါကြောင့် ကျူးလွန်သူတွေကို တူတဲ့ပြစ်ဒဏ် ခံစားရစေချင်တယ်။ကောင်မလေးကို ရက်ရက်စက်စက်လုပ်ထားတာ။NUG ရဲ့အုပ်ချုပ်မှုမှာ စံပြအရေးယူတာမျိုး ဖြစ်စေချင်တယ်”ဟု ကောလင်းမြို့နယ်မှ တက်ကြွလှုပ်ရှားသူတဦးမှ ပြောသည်။

  • မိန်းမတစ်ယောက်ကြောင့် ဆယ်လီ ဘဝပျက်ခဲ့ရတဲ့ Kelvin Kate

    မိန်းမတစ်ယောက်ကြောင့် ဆယ်လီ ဘဝပျက်ခဲ့ရတဲ့ Kelvin Kate

    ငါယောကျ်ားပဲဆိုပြီး ဘယ်စော်ကိုမှ လွယ်လွယ်မစားနဲ့ … ဘဝပါပျက်တယ် ညီကိုတို့ !!!

    ဒီကိစ္စတွေကို ဘယ်တော့မှ ထုတ်မပြောတော့ပါဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ယနေ့အချိိန်ထိ Comment / Chat Box တွေမှာ ကျွန်တော့်ကို အဲ့ကိစ္စနဲ့ ပက်သတ်လို့မပြီးနိုင်ကြသေးလို့ကျွန်တော် အခု ဖြေရှင်းရပါတော့မယ်။

    ဟာသ Video Content တွေနဲ့ အရှိန်တော်တော်ရလာပြီး ရုပ်ရှင် Project တွေအထိ တက်လှမ်းခါစအချိန်မှာပဲ ကျွန်တော်က ”မိန်းမနဲ့ကလေးရှိရက်နဲ့ တိတ်တိတ်ပုန်းနေတဲ့ကောင် အိမ်တွင်းအကြမ်းဖက်တဲ့ကောင် မိန်းမကို ရိုက်တဲ့ကောင် လူစိတ်မရှိတဲ့ကောင်” အဖြစ် နာမည်ပျက်ခဲ့ရတာ အားလုံးသိမှာပါ။

    ဖြစ်စဉ်ကို အစအဆုံးပြန်ပြောင်းပြောပြရမယ်ဆိုရင် –

    ကျွန်တော်နဲ့ သူက ကျွန်တော့်အသက် ၂၀ သူ့အသက် ၂၇ မှာတွေ့ခဲ့တာပါ၊ ချစ်သူရည်းစားအနေနဲ့လည်း မဟုတ်ဘဲ One night stand အနေနဲ့ဖြစ်ပါတယ်။

    ကျွန်တော်က အပျော်အပါးကို တော်တော်မက်ပြီး အောင်မြင်မူ နဲ့ ငွေသုံးနိုင် လာတော့ အသက်၂၀ အရွယ် စိတ်မထိန်းချုပ်တတ် ပျက်စီးနေခဲ့တာမို့ ကျွန်တော်ကို သူ say တူတူစခေါ် သုံးတယ် ငြိခဲ့ပါတယ်။ အဲ့ဒီ မကောင်းမှုကြောင့် ကျွန်တော့်ဘဝက တော်တော်ကို အဖက်ဆယ်မရဖြစ်ခဲ့တာ ဒီနေ့ထိပါပဲ

    ခင်ဗျားတို့အားလုံးသိတဲ့အတိုင်း ကျွန်တော် Commercial Brand တော်တော်များများနဲ့ လက်တွဲပြုတ်ခဲ့ရသလို Brand တော်တော်များများရဲ့ စာချုပ်ကို ပြန်လျှော်ခဲ့ရတယ် အဲ့ချိန် ကျနော် ကြေငြာခဲ့ရတဲ့ Brand တွေက အကြီးကြီး တွေပဲ ဥပမာ Veve , Red Bull , Telenor အစရှိသဖစ် ဒီလောကထဲမှာ နေရာကို ဝင်မယူရဲတော့တဲ့ အနေအထားအထိ ပြုတ်ကျခဲ့ပါတယ်။

    ကျွန်တော် ယောကျ်ားပါ ကျွန်တော်လုပ်ခဲ့တာတွေအတွက် ကျွန်တော်ခံရဲပါတယ် … မလုပ်ခဲ့တာတွေအတွက်လည်း ကျွန်တော် နှုတ်ဆိတ်နေခဲ့ပါသေးတယ် … နှမချင်းစာနာလို့ပါ။ ဒါပေမဲ့ မိန်းမဆိုတိုင်း နစ်နာသူဆိုတဲ့ Mindset နဲ့ ခုချိန်ထိ လိုက်နှောင့်ယှက်နေတော့ ငြိမ်မခံသင့်တော့ဘူးထင်လို့ ဖြေရှင်းတာပါ။

    အပေါ်က အကြောင်းကိုဆက်ရရင် သူနဲ့ကျွန်တော် နောက်ဆုံး တူတူ x ပြီး ၃ လအကြာမှာ သူကိုယ်ဝန်ရှိနေပါပြီဆိုပြီး ဆက်သွယ်ပါတယ် … ကျွန်တော်ကလည်း ONS ဖြစ်တာမို့ မယုံပါဘူး သူက Partner ကျွန်တော်တစ်ယောက်တည်းနဲ့လည်း မဟုတ်ပါဘူး …. ဒါကြောင့် ငါနဲ့ရတာဟုတ်ရဲ့လား မယုံနိုင်ခဲ့ပါဖူး သမီးရည်းစားပတ်သတ်မူမျိုးမဟုတ်ပဲ ဒီလို ပတ်သတ်မူမျ်ုးက ကိုယ်ဝန်ရှိနေပီဆိုပီး …

    ကျွန်တော့်ကို နည်းလမ်းမျိုးစုံနဲ့ ကျွန်တော့် Career လမ်းကြောင်းနဲ့ပါ ကိုင်ပေါက်ပြီး ခြိမ်းခြောက်တဲ့အတွက် social mediaမှာ အရှပ်ခွဲမယ် အလုပ်လုပ်စားမရအောင်နာမည်ဖျက်မယ် ရဲတ်ိုင်မယ် တာဝန်မယူရင် နည်းမျိုးစုံနဲ့ခြိမ်းခြောက်ပီး ရွှေတွေနဲ့လာတင်တောင်းခိုင်းပါတယ် ကျနော် နာမည်ပျက်မှာ ကြောက်ပါတယ် မိဘကို ရှာကျွေးပီးကျောထောက်နောက်ခံ background မရှိတဲ့ ကျတော် အသက်၂၀စွန်း လူငယ်တယောက်အနေနဲ့ တုန်လူပ်ကြောက်ခဲ့ရပါတယ် နာမည်ပျက်ရင် ဘာမှဆက်လုပ်မရမှာဆိုးပီး လက်ခံထားတဲ့အလုပ်တွေ ထိခိုက်လာမှာဆိုးပီး ပြသနာမဖစ်အောင် ကျတော်တာဝန်ယူပီး ကျွန်တော့်မိဘဂုဏ်သိက္ခာရော ကျွန်တော့်ဘဝရှေ့ရေးရောကြောင့် ကျွန်တော်တို့ဘာသာရေးအရ လက်မှတ်ထိုးခဲ့ပါတယ်။

    ဒါပေမဲ့ လက်မှတ်ထိုးရင်းနဲ့ နှစ်ဦးနှစ်ဖက် ကတိကဝတ်လုပ်ခဲ့ပါတယ်။

    ကတိ ၁ – တိတ်တိတ်ဆိတ်ဆိတ်ပဲ လက်မှတ်ထိုးမယ် Public မတင်ဘူး ဘာသာရေးအရတော့ တရားဝင်လင်မယားဖြစ်တယ်

    ကတိ ၂ – ကလေးမွေးပြီးတဲ့အခါ DNA စစ်ပေးရမယ်။

    သူကိုယ်တိုင် ဒီ ၂ ချက်လုံးကို ဂတိပေးခဲ့ပါတယ်။

    ကျွန်တော် လက်မှတ်ထိုးပီးနောက်ပိုင်း လင်မယားလို တခါမှ အတူတူ မ x ခဲ့ပါဖူး …. ကျွန်တော်ဘယ်လိုမှမချစ်လို့ပါ …..ကျွန်တော်ဆိုးခဲ့ မိုက်ခဲ့ မိလို့ ကျွန်တော့မိဘတွေပါ စိတ်ထိခိုက်ရတယ်ဆိုပီး ကိုယ့်ကိုက်ိုယ်အပစ်တင်ရင်းသာရှင် သန်ပါတယ်

    အဲ့လိုနဲ့ ကလေးမွေးလာတဲ့အခါ ကျွန်တော်လည်း O သွေး သူလည်း O သွေးကိုမှ ကလေးက AB ဖြစ်နေခဲ့ပါတယ် … ကျွန်တော်က အစတည်းက မယုံတာနဲ့ ခေါင်းပိုကြီးသွားတဲ့အတွက် ကတိအတိုင်း DNA စစ်ဖို့ လုပ်ပါတော့တယ်။ သူမဂတ်ိမတည်ခဲ့ပါဖူး DNAလုံးဝအစစ်မခံပါ

    သူ့မိသားစု အားလုံးဝိုင်းလိမ် ပါတယ် သူတို့အမျ်ိုးမှာ Ở သွေးနဲ့Oသွေး ရလာတတ်တဲ့ ကလေး ကAB သွေးရှိတယ်ဆိုပီး ဝိုင်းလိမ်ပါသေးတယ် ကလေးမွေးပီးရက် ၄၀ သူ ကျွန်တော်နဲ့ သီးသန့် ကလေးအသစ်ထပ်ယူမယ်လို့ဆိုပါတယ် ….သူနဲ့အတူမနေလို့ အမြဲ ပြသနာရှာခံရပီး သူဘက်ကအတူနေဖို့အမြဲပြောရင်း ဒီလိုပြသနာတွေဖစ်ခဲ့ရတာပါ ကျနော်က သူမနဲ့ လုံoကို လက်မှတ်ထိုးနောက်ပိုင်းမx ပါဖူး ဒီလိုနဲ့ပြသနာတွေက စလာပါတယ်

    bankkok ထိ DNA ထပ်စစ်မယ်ဆိုပီး ကျတော့မိဘတွေထိပါလာတော့ အဲ့ကျမှ သူက ဒီကလေးဟာ ကျွန်တော့်ကလေးမဟုတ်ဘူးဆိုတာ သူကိုယ်တိုင်ဝန်ခံခဲ့တာပါ … ဘယ်လောက်ထိ ယုတ်မာလဲဆို ကျွန်တော်ကျေနပ်အောင် ကျွန်တော်နဲ့သီးသန့် ကလေးတစ်ယောက်ထပ်ယူပေးပါမယ်တဲ့ စဉ်းစားကြည့်ပါအုန်းဘယ်မိန်းမလည်းဆိုတာ

    ခင်ဗျားတို့ ကျွန်တော့်နေရာကနေ တွေးကြည့်ပါဗျာ .. မသိလို့ ကျွန်တော့်ကို ကူရာကယ်ရာ တောင်းခဲ့တာ မဟုတ်ပါ .. သိသိရက်နဲ့ တမင် ကျွန်တော့်ကို ချည်ပြီးတုပ်ပြီး အကြပ်ကိုင်ပြီး နွားဖားကြိုးထိုးခဲ့တာပါ။ ပိုက်ဘောဖမ်းခဲ့တာပါ။

    ကျွန်တော်က ကလေးအဖေမဟုတ်ဘဲ ဆွဲထည့်ခံရတဲ့ အသက် ၂၀ လူငယ်ပါ။ ကျွန်တော့်ဘဝက အဲ့ဒီအချိန်မှာ တက်လမ်းတွေအပြည့်ပါ၊ ကျွန်တော့်မှာ အိပ်မက်တွေ ရှိပါတယ်။ ဘဝပျက်သွားတာ ကျွန်တော်ပါ။

    ဒါပေမဲ့ သူက ကျွန်တော့်ဘဝကိုပျက်သထက်ပျက်အောင် အိမ်တွင်းအကြမ်းဖက်မှုဆိုပြီး Post တင်ချလိုက်ပါတယ်။ ကျွန်တော်ကပဲ ဖောက်ပြန်နေလို့ သူနဲ့ကလေးကို ပစ်ထားတဲ့ပုံစံတွေလည်း ဒရာမာချိုးခဲ့ပါသေးတယ်။

    ပြဿနာတွေဖြစ်ကြတော့ “ငါ့ကိုယ်ဝန်ကိစ္စကို နင်လုံးဝ ကာကွယ်ပေးပါ၊ ငါ့သားလေးမှာ ငါပဲရှိလို့ပါ၊ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာစိုးလို့ပါ” ဆိုပြီး ဒူးထောက်ငိုယိုတောင်းပန်လို့ တစ်နိုင်ငံလုံးရဲ့ အမုန်းခံပြီးကို ကျွန်တော် ယနေ့အချိန်ထိ နှုတ်ဆိတ်နေခဲ့ပါတယ်။

    သူ့ဘက်ကနေလည်း “နောက်မပတ်သက်တော့ပါဘူး Post လည်း ပြန်ဖျက်ပါမယ် ကလေးအဖေနေရာမှာလည်း နင့်နာမည်မထည့်ပါဘူး ငါမနှောင့်ယှက်ပါဘူး အိမ်ရိပ်တောင်မနင်းပါဘူး” ဆိုပြီး ပြောလို့ အဲ့တည်းက လမ်းခွဲပြတ်စဲလိုက်ကြပါတယ်။

    ခုကျ ကလေးရဲ့ အဖေနာမည်မှာလည်း ကျွန်တော့်နာမည်ပဲ ဖြစ်နေပြီး ကလေးပတ်ဝန်းကျင်၊ မိဘရှင်အသိုင်းအဝိုင်းမှာ ကျွန်တော်ကပဲ လူမဆန်တဲ့ကောင်၊ တာဝန်မယူတဲ့ကောင်လို့ ဒရာမာပတ်ချိုးနေပါတယ်။ ဒီ ၇ နှစ်လုံးပါ။

    တစ်ခါတစ်ခါကျ စိတ်ရူးပေါက်ရင် သူ့ကိုကာကွယ်ပေးခဲ့တဲ့ ကျွန်တော့်ကို စော်ကားမိလို့ သူအခု အလ္လာရိုက်တာခံနေရပါပြီတွေလည်း လာပြောပါတယ်။

    အဲ့ထက်ဆိုးတာက ကျွန်တော်ရည်းစားထားလိုက်ပြီဆိုတာနဲ့ လိုက်စုံစမ်းပြီးကို နှောင့်ယှက်တာပါ။ ဒီကြားထဲ ကျွန်တော်တွဲတဲ့ မိန်းကလေးဆိုတာ သူနဲ့ကို မဆိုင်တာပါ .. ကျွန်တော်ချစ်လို့ မြတ်နိုးလို့ကို ထားခဲ့တဲ့ ရည်းစားပါ တစ်ကန့်စီပါ။

    ပြီးဆုံးခဲ့ပြီးသား ဇာတ်လမ်းတစ်ခုကို Psycho ဆန်ဆန် ကျွန်တော့်ပေါ်မှာ အငြိုးတကြီး လိုက်နာမည်ဖျက်နေတာကိုတော့ တော်တော်ကို ခံပြင်းမိပါတယ် … ။ ကျွန်တော့်ကို ဘယ်အတိုင်းအတာထိ ဘဝပျက်စေချင်လဲ နားမလည်နိုင်တော့ပါဘူးခင်ဗျ။

    သူ ဘယ်လိုအကျင့်စရိုက်လဲ ဘယ်လိုသူလဲဆိုတာ သူ့အနားကသူ သူ့အနီးကပ်ပေါင်းဖူးသူတိုင်း သူနေနေတဲ့Mandalay ကပတ်ဝန်းကျင် အကုန်သိပါတယ် … !!

    ကျွန်တော်လည်း မကောင်းခဲ့ဘူးဆိုပေမဲ့ ကျွန်တော်သူ့လို မယုတ်မာပါဘူး … သူကျွန်တော့်ကို အသုံးချခဲ့တာတောင် ကျွန်တော် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခဲ့ပါတယ်။

    ကျွန်တော့ဘဝနဲ့ ရင်းပီး ပြောတဲ့စကားပါ။

    ဒီ Post ကို တင်တာကလည်း အမှန်တရားကိုလူတိုင်းသိသင့်ပီထင်လို့ပါ ကျနော်လို့ မျိုးအလွယ်ရတိုင်းစားခဲ့ရင် ဘဝပါပေးဆပ်လိုက်ရတာ မျိုးလူငယ်လေးတွေမကြုံဆုံကြပါနဲ့ ဗျာ … ကျွန်တော်ရော ကျွန်တော့်မိသားစုရော ခံစားခဲ့ရတဲ့ စိတ်ဝေဒနာ ပူလောင်သောကကို ငွေနဲ့ပေးလျော်မယ်ဆိုတောင် တိုင်းတာလို့မရပါဘူး။

    ကျွန်တော့်ကို မပိုးအိလွင်အနေနဲ့ ကလေးပထေနေရာမှာ လိမ်ညာပီးပိုက်ဘောထမ်း ခံခဲ့ရနာ အသက်၂၀ကျော် အညွှန့်နလူလူ အချိန်မှာ ရိုက်ချိုးခံလိုက်ရတဲ့အတွက် လူသိရှင်ကြားတောင်းပန်ပြီး ကိုယ့်အပြစ်ကိုယ် ဝန်ခံပြီး ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေပေးရင်ကို ကျေနပ်ပါတယ်။ မပိုးအိလွင်အနေနဲ့ ကလေးအဖေအစစ်အမှန်ကိုထုတ်ဖော်ပီးမှန်မှန်ကန်ကန် နေသင့်ပါတယ် ။

    ကျွန်တော်လိုချင်တာဒါပါပဲ ။

    ညီကိုတို့လည်း မိန်းမယုတ်တွေ ဒဏ်က ကင်းဝေးပါစေ။
    ဘာသာတူလည်း ယုတ်ချင်တဲ့သူက ယုတ်ကိုယုတ်ပါတယ်။

    မတောင်းပန်ရင် တရားဥပဒေအရဆက်သွားပါမယ်

    Thank you

    Kelvin Kate

  • ယူကရိန်းလက်ဖြောင့်သေနတ်သမားက ရုရှားစစ်သား ၂ ဦးကို ၂ မိုင်ခွဲအကွာမှပစ်ခတ်ပြီး ကမ္ဘာ့စံချိန် သစ်တင်

    ယူကရိန်းလက်ဖြောင့်သေနတ်သမားက ရုရှားစစ်သား ၂ ဦးကို ၂ မိုင်ခွဲအကွာမှပစ်ခတ်ပြီး ကမ္ဘာ့စံချိန် သစ်တင်

    ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် ရုရှားစစ်သားနှစ်ဦးအား ၂ ဒသမ ၅ မိုင်အကွာမှ ထိမှန် အောင်ပစ်ခတ်ပြီးနောက် အဝေးဆုံးမှပစ်သတ်မှုအတွက် ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။

    Telegram ၌တင်ထားသောဗီဒီယိုတွင် ရုရှားကျူးကျော်စစ်ကိုဆန့်ကျင်သည့်အနေဖြင့် ယူကရိန်းအတွက် တိုက်ပွဲဝင်နေသည့် ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် အဝေးမှပစ်မှတ်သို့ ပစ်ခတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ပစ်မှတ်ကိုမထိမီ “လက်ခနဲ” ဖြစ်သွားသည်ကို တွေ့မြင်ခဲ့ရသည်။

    ယခု စံချိန်တင် ယူကရိန်းလက်ဖြောင့်သေနတ်သမား၏ပစ်ခတ်မှုအား ရုရှားက ထိုးစစ်ဆင်နေသည့် ယူကရိန်း၏ တစိတ်တပိုင်းဖြစ်သော ဒိုးနတ်ခ်ဒေသရှိ ပိုရိုဗက်ခ်-မာနိုဟက်ဒ်ခံစစ်လိုင်းတွင် တွေ့မြင်ခဲ့ရ ခြင်းဖြစ်သည်။

    အဆိုပါပစ်ခတ်မှုတွင် ရုရှားစစ်သားနှစ်ဦး သေဆုံးခဲ့ရပြီး သေနတ်သမားအား ဒရုန်းကင်းထောက် လှုပ်ရှား မှုနှင့် ဆက်တိုက်ပစ်ခတ်ရန် ဉာဏ်ရည်တုနည်းပညာဖြင့် အကူအညီပေးခဲ့ပြီး Snipex Alligator ရိုင်ဖယ် ဖြင့် သြဂုတ် ၁၄ ရက်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း The Times က ဖော်ပြခဲ့သည်။

    Alligator ရိုင်ဖယ်သည် ၁၄ ဒသမ ၅ မီလီမီတာကျည်ဆန်များကို တစက္ကန့်လျှင် မီတာ ၁၀၀၀ နှုန်းဖြင့် ပစ် ခတ်နိုင်သည်။ စစ်ဘက်ဆိုင်ရာ အမာထည်လက်နက်ပစ္စည်းများကိုပစ်ခတ်ရန် ပြုလုပ်ထားသော်လည်း ယူကရိန်းအတွက် ထောက်ပံ့ရေးမှာ အမြဲတမ်း ပြဿနာရှိနေသဖြင့် ၎င်းတို့၏ ဇာတိမြေကို ကာကွယ်ရေး ရေးအတွက် ရှိသည့်လက်နက်ခဲယမ်းများကို တတ်နိုင်သမျှ အသုံးပြုနေရသည်။

    ယူကရိန်းလက်ဖြောင့်သေနတ်သမားသည် ‘Pryvyd’ သို့မဟုတ် ‘ကိုယ်ပျောက်’ တပ်ခွဲ၏ အစိတ်အပိုင်း ဖြစ်ပြီး ယင်းတပ်ခွဲသည် ပြီးခဲ့သည့်နှစ်အတွင်း ရုရှားစစ်သား ၁၀၀၀ ခန့်ကို ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

    ရိုင်ဖယ်များ၏ အကွာအဝေးထိရောက်မှုသည် ၁ ဒသမ ၂၅ မိုင်ဟု ကြော်ငြာထားသော်လည်း ကျည်ဆန် သည် ၄ ဒသမ ၃ မိုင်အထိ ပစ်ခတ်နိုင်သော်လည်း ပစ်ခတ်မှုသည့် နေရာဝေးလေ တိကျမှုနည်းလေ ဖြစ် သည်။

    ရန်သူနှစ်ဦးကို ထိမှန်စေမည့် ပစ်ခတ်မှုမဆိုထားပါနှင့် လက်နက်၏ ထိရောက်မှုအကွာအဝေးထက် နှစ်ဆ ဝေးသည့် နေရာမှ ပစ်ခတ်နိုင်ခြင်းသည် အလွန်အထင်ကြီးစရာကောင်းသော စွမ်းဆောင်မှု ဖြစ်သည်။

    ၂ ဒသမ ၅ မိုင်အကွာမှပစ်ခတ်သည့် ဤကမ္ဘာ့စံချိန်သစ်သည် ယူကရိန်းလုံခြုံရေးဌာန(SBU)မှလက်ဖြောင့် သေနတ်သမားတဦး၏ ၂၀၂၃ ခုနှစ်တွင် ပစ်ခတ်ခဲ့သည့် ၂ ဒသမ ၃၆ မိုင်အကွာ အဝေးကို ကျော်လွန် သွားခဲ့သည်။

    အဆိုပါ ပစ်ခတ်မှုကို Horizon’s Lord စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အီရတ်တွင် ကနေဒါ စစ်သားတဦး၏ ၂ ဒသမ ၁၉ မိုင်အကွာမှ ပစ်ခတ်ခဲ့သည့် စံချိန်ဟောင်းကို ကျော်လွန်သွားခဲ့သည်။

    Lad Bible မှ Ukrainian ‘ghost’ sniper breaks world record with 2.5 mile kill shot against Russians အား သောမတ်ဘာသာပြန်သည်။

  • Happy Water သောက်ရင်း မူးယစ်သားကောင်ဘဝ ရောက်သွားသူများ

    Happy Water သောက်ရင်း မူးယစ်သားကောင်ဘဝ ရောက်သွားသူများ

    ဒီနေ့ခေတ် လူငယ်တွေကြားထဲမှာ “Happy Water” ဆိုတဲ့ နာမည်လေးက ချစ်စရာလေးနော်။ နားထောင်လိုက်တာနဲ့ ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးမယ့် အရာတစ်ခုလိုပဲ။

    ကျွန်တော်လည်း ဒီနာမည်ကို ကြားမိတော့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။ ဒီ ‘Happy Water’ ဆိုတာ တကယ်ပဲ ပျော်ရွှင်ခြင်းကို ပေးရဲ့လား။

    ဒါမှမဟုတ် ပျော်ရွှင်မှုဆိုတဲ့ ခေါင်းစဉ်အောက်က ခဏတာ ထင်ယောင်ထင်မှားဖြစ်မှုနဲ့ ဘဝတစ်ခုလုံးကို လဲလှယ်ခိုင်းနေတဲ့ ကုန်သည်ရဲ့ လှည့်ကွက်တစ်ခုလား။

    ဒီမေးခွန်းရဲ့အဖြေကို နားလည်ဖို့၊ အဲ့ဒီ ‘ပျော်စေတဲ့အရည်’ ထဲမှာ တကယ်တမ်း ဘာတွေပါနေလဲဆိုတာကို ကျွန်တော်တို့ အရင်ကြည့်ဖို့လိုတယ်။

    ကျွန်တော် လေ့လာကြည့်မိသလောက် ဒါဟာ ဆေးတစ်မျိုးတည်းမဟုတ်ဘူး။ လူ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ချောက်ကျားလန်ကျားဖြစ်အောင် တမင်ရောစပ်ထားတဲ့ ကြောက်စရာကောင်းတဲ့ ဓာတုဗေဒ ကော့တေးလ်တစ်ခွက်ပဲ။

    သူ့ထဲမှာ စိတ်ကို အလွန်အမင်း တက်ကြွစေပြီး အတောမသတ် ပျော်ရွှင်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ MDMA (Ecstasy) နဲ့ မက်သာဖက်တမင်းလို စိတ်ကြွဆေးတွေ ပါတယ်။

    ဒါကြောင့် လူမှုပတ်ဝန်းကျင်မှာ၊ ကလပ်တွေမှာ သောက်သုံးသူတွေဟာ အတိုင်းထက်အလွန် ပျော်ရွှင်ပြီး လူတွေနဲ့ ရင်းနှီးဖော်ရွေချင်စိတ်တွေ ဖြစ်လာကြတာပေါ့။

    ဒါ့အပြင် အားအင်တွေ ပြည့်လျှံလာစေတဲ့ ကဖိန်းဓာတ်၊ အမြင်အာရုံကို ထွေပြားစေပြီး ကိုယ်ဘယ်ရောက်နေမှန်းမသိအောင်၊ အပြင်လောကနဲ့ အဆက်အပြတ်သွားအောင် လုပ်နိုင်တဲ့ ကက်တမင်း (Ketamine) လို ဆေးမျိုးတွေလည်း ပါတယ်။

    ဒီအာနိသင်ကြောင့် သီချင်းသံတွေကို ပိုခံစားလို့ကောင်းလာတယ်၊ အမြင်အာရုံတွေ လျှောက်မြင်လာတယ်လို့ ထင်မှတ်ကြတယ်။

    ဒါပေမယ့် ဒီကော့တေးလ်ရဲ့ အန္တရာယ်အရှိဆုံးအပိုင်းက ဆန့်ကျင်ဘက် အာနိသင်ရှိတဲ့ဆေးတွေကိုပါ ရောစပ်ထားတာပဲ။

    တစ်ဖက်မှာ စိတ်ကိုတက်ကြွစေပြီး၊ နောက်တစ်ဖက်မှာ လူကိုငြိမ်ကျသွားစေတဲ့ ဒိုင်ယာဇီပင် (Diazepam) လို စိတ်ငြိမ်ဆေးတွေ၊ ထရာမဒေါ (Tramadol) လို အကိုက်အခဲပျောက်ဆေးပြင်းๆတွေနဲ့ ရောထားသေးတယ်။

    ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ တစ်ကိုယ်လုံးထဲမှာ စိတ်ကြွဆေးနဲ့ စိတ်ငြိမ်ဆေး၊ အတက်အကျနှစ်ခုကို အတင်းအကျပ် ရန်တိုက်ပေးထားသလိုပဲ။

    ဒီလို ဓာတုဗေဒစစ်ပွဲက ခဏတာ အတုအယောင် ပျော်ရွှင်မှုကိုပေးပေမဲ့ သုံးစွဲသူကို အတွင်းပိုင်းကနေ စပြီး တဖြည်းဖြည်း ကျွန်ပြုဖျက်ဆီးသွားတာပါပဲ။

    ဒီလို အဆိပ်အတောက်တွေရောမွှေထားတဲ့ အရည်တစ်ခွက်ရဲ့ ပထမဆုံးတန်ဖိုးကတော့ ငွေကြေးပဲ။

    မိသားစုရဲ့ ‘သားကောင်းရတနာ’ တစ်ယောက်ဟာ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ယောက် ဖြစ်လာတယ်။ ဒါဟာ နာကျင်စရာအကောင်းဆုံး အစပဲ ရှိပါသေးတယ်။ အဲ့ဒီထက်ပိုဆိုးတာက လူ့ဂုဏ်သိက္ခာနဲ့ ကျန်းမာရေးပဲ။

    ဆေးအရှိန်ကြောင့် ကိုယ့်ကိုယ်ကိုယ်မပိုင်တော့တဲ့အခါ၊ အရှက်အကြောက်တရားတွေ ပျောက်ဆုံးသွားတဲ့အခါ လူငယ်တွေဟာ ‘high ခန်း’ လို့ခေါ်တဲ့ အခန်းတွေထဲမှာ စုကြတယ်။

    အဲ့ဒီမှာ ဖြစ်ပျက်ကြတာတွေက ရင်နာဖို့ကောင်းတယ်။ ဒါဟာ ချစ်သူရည်းစားနှစ်ယောက်ကြားက သတိတရားနဲ့ယှဉ်တဲ့ ချစ်တင်းနှောခြင်းမျိုး မဟုတ်တော့ဘူး။ ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားသိမြင်နိုင်စွမ်းမရှိတော့ဘဲ၊ ဦးနှောက်ကပေးတဲ့ ကာမဂုဏ်ခံစားမှုနောက်ကိုပဲ တိရစ္ဆာန်ဆန်ဆန် လိုက်ပါကြတော့တယ်။

    အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေ၊ တစ်ခါတစ်ရံမှာ ဘယ်သူနဲ့ဖြစ်မှန်းမသိတဲ့ အုပ်စုလိုက်ဆက်ဆံမှုတွေအထိ ဖြစ်လာကြတယ်။ မနက်မိုးလင်းလို့ ဆေးအရှိန်ပြေသွားတဲ့အခါ၊ အသိစိတ်ပြန်ဝင်လာတဲ့အခါမှာ သူတို့ ညက ဘာတွေလုပ်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ်တောင် မှတ်မိကြတော့မှာ မဟုတ်ဘူး။

    ဒါပေမယ့် သူတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ… ကုရာနတ္ထိဆေးမရှိတဲ့ HIV ဗိုင်းရပ်စ်ပိုးလို၊ တခြားကြောက်စရာကောင်းတဲ့ ကာလသားရောဂါပိုးတွေကတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို အဲ့ဒီညကတည်းက ရောက်သွားခဲ့ပြီ။

    ကျွန်တော် စဉ်းစားကြည့်တယ်။ လူငယ်တစ်ယောက်၊ အထူးသဖြင့် အမျိုးသမီးငယ်တစ်ယောက်အတွက် ဒီလိုရောဂါတစ်ခု ကူးစက်ခံလိုက်ရပြီဆိုရင် သူ့ရဲ့ဘဝ၊ သူ့ရဲ့အိပ်မက်တွေ ဘယ်လိုဖြစ်သွားမလဲ။

    အိမ်ထောင်ပြုဖို့၊ သားသမီးရယူဖို့ဆိုတဲ့ သာမန်ဘဝရဲ့ မျှော်လင့်ချက်တွေအားလုံး တစ်စစီ ကြေမွသွားရတော့မှာ။ ခဏတာ ပျော်ရွှင်မှုအတွက် တစ်သက်စာ နောင်တနဲ့ ကျန်းမာရေးချို့ယွင်းမှုကို ရင်းလိုက်ရတာ တန်ရဲ့လား ညီမငယ်တို့ရယ်။

    လူဆိုတာ အမှားနဲ့မကင်းပါဘူး။ ဒါပေမဲ့ ကိုယ့်ဘဝတစ်ခုလုံးကို ပျက်စီးစေမယ့် အမှားမျိုးကိုတော့ သိလျက်နဲ့ မမှားသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ‘Happy Water’ က ပေးတဲ့ ပျော်ရွှင်မှုဟာ ရေပွက်ပမာပဲ။

    ခဏလေးပဲ တည်မြဲတယ်။ တကယ့်အစစ်အမှန် ပျော်ရွှင်မှုက ကိုယ့်ရဲ့ ကျန်းမာရေးကောင်းခြင်း၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ရရှိခြင်း၊ ကိုယ့်ဘဝအနာဂတ်အတွက် ရည်မှန်းချက်တွေထားပြီး ကြိုးစားနိုင်ခြင်းမှာပဲ ရှိတာပါ။

    ဒီစာကို ဖတ်နေတဲ့ လူငယ်တွေကို ကျွန်တော် မေးချင်ပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ ဒီလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရာတွေရဲ့ သားကောင်အဖြစ်နဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ဖျက်ဆီးကြတော့မှာလား။

    ခဏတာ ‘Happy’ ဖို့အတွက် တစ်ဘဝလုံး ‘Unhappy’ ဖြစ်မယ့် လမ်းကို တကယ်ပဲ ရွေးကြတော့မှာလား။ ဒီ ‘ပျော်ရွှင်ခြင်း’ ကုန်သွားတဲ့အခါ ကျွန်တော်တို့အတွက် ဘာတွေ ကျန်ခဲ့မလဲဆိုတာကိုတော့ တစ်ခါလောက်လေးပဲဖြစ်ဖြစ် အလေးအနက်ထား စဉ်းစားစေချင်ပါတယ်။