ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် ရုရှားစစ်သားနှစ်ဦးအား ၂ ဒသမ ၅ မိုင်အကွာမှ ထိမှန် အောင်ပစ်ခတ်ပြီးနောက် အဝေးဆုံးမှပစ်သတ်မှုအတွက် ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။
Telegram ၌တင်ထားသောဗီဒီယိုတွင် ရုရှားကျူးကျော်စစ်ကိုဆန့်ကျင်သည့်အနေဖြင့် ယူကရိန်းအတွက် တိုက်ပွဲဝင်နေသည့် ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် အဝေးမှပစ်မှတ်သို့ ပစ်ခတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ပစ်မှတ်ကိုမထိမီ “လက်ခနဲ” ဖြစ်သွားသည်ကို တွေ့မြင်ခဲ့ရသည်။
ယခု စံချိန်တင် ယူကရိန်းလက်ဖြောင့်သေနတ်သမား၏ပစ်ခတ်မှုအား ရုရှားက ထိုးစစ်ဆင်နေသည့် ယူကရိန်း၏ တစိတ်တပိုင်းဖြစ်သော ဒိုးနတ်ခ်ဒေသရှိ ပိုရိုဗက်ခ်-မာနိုဟက်ဒ်ခံစစ်လိုင်းတွင် တွေ့မြင်ခဲ့ရ ခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုတွင် ရုရှားစစ်သားနှစ်ဦး သေဆုံးခဲ့ရပြီး သေနတ်သမားအား ဒရုန်းကင်းထောက် လှုပ်ရှား မှုနှင့် ဆက်တိုက်ပစ်ခတ်ရန် ဉာဏ်ရည်တုနည်းပညာဖြင့် အကူအညီပေးခဲ့ပြီး Snipex Alligator ရိုင်ဖယ် ဖြင့် သြဂုတ် ၁၄ ရက်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း The Times က ဖော်ပြခဲ့သည်။
Alligator ရိုင်ဖယ်သည် ၁၄ ဒသမ ၅ မီလီမီတာကျည်ဆန်များကို တစက္ကန့်လျှင် မီတာ ၁၀၀၀ နှုန်းဖြင့် ပစ် ခတ်နိုင်သည်။ စစ်ဘက်ဆိုင်ရာ အမာထည်လက်နက်ပစ္စည်းများကိုပစ်ခတ်ရန် ပြုလုပ်ထားသော်လည်း ယူကရိန်းအတွက် ထောက်ပံ့ရေးမှာ အမြဲတမ်း ပြဿနာရှိနေသဖြင့် ၎င်းတို့၏ ဇာတိမြေကို ကာကွယ်ရေး ရေးအတွက် ရှိသည့်လက်နက်ခဲယမ်းများကို တတ်နိုင်သမျှ အသုံးပြုနေရသည်။
ယူကရိန်းလက်ဖြောင့်သေနတ်သမားသည် ‘Pryvyd’ သို့မဟုတ် ‘ကိုယ်ပျောက်’ တပ်ခွဲ၏ အစိတ်အပိုင်း ဖြစ်ပြီး ယင်းတပ်ခွဲသည် ပြီးခဲ့သည့်နှစ်အတွင်း ရုရှားစစ်သား ၁၀၀၀ ခန့်ကို ပစ်သတ်ခဲ့သည်ဟု ဆိုသည်။
ရိုင်ဖယ်များ၏ အကွာအဝေးထိရောက်မှုသည် ၁ ဒသမ ၂၅ မိုင်ဟု ကြော်ငြာထားသော်လည်း ကျည်ဆန် သည် ၄ ဒသမ ၃ မိုင်အထိ ပစ်ခတ်နိုင်သော်လည်း ပစ်ခတ်မှုသည့် နေရာဝေးလေ တိကျမှုနည်းလေ ဖြစ် သည်။
ရန်သူနှစ်ဦးကို ထိမှန်စေမည့် ပစ်ခတ်မှုမဆိုထားပါနှင့် လက်နက်၏ ထိရောက်မှုအကွာအဝေးထက် နှစ်ဆ ဝေးသည့် နေရာမှ ပစ်ခတ်နိုင်ခြင်းသည် အလွန်အထင်ကြီးစရာကောင်းသော စွမ်းဆောင်မှု ဖြစ်သည်။
၂ ဒသမ ၅ မိုင်အကွာမှပစ်ခတ်သည့် ဤကမ္ဘာ့စံချိန်သစ်သည် ယူကရိန်းလုံခြုံရေးဌာန(SBU)မှလက်ဖြောင့် သေနတ်သမားတဦး၏ ၂၀၂၃ ခုနှစ်တွင် ပစ်ခတ်ခဲ့သည့် ၂ ဒသမ ၃၆ မိုင်အကွာ အဝေးကို ကျော်လွန် သွားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကို Horizon’s Lord စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အီရတ်တွင် ကနေဒါ စစ်သားတဦး၏ ၂ ဒသမ ၁၉ မိုင်အကွာမှ ပစ်ခတ်ခဲ့သည့် စံချိန်ဟောင်းကို ကျော်လွန်သွားခဲ့သည်။
Lad Bible မှ Ukrainian ‘ghost’ sniper breaks world record with 2.5 mile kill shot against Russians အား သောမတ်ဘာသာပြန်သည်။


Leave a Reply