Author: Baby Yit Lone

  • ဘာသာရေး အဆုံးအမ မဟုတ်ဘူး ဆင်းရဲတဲ့ ပြယုဂ်သာဖြစ်တယ်

    ဘာသာရေး အဆုံးအမ မဟုတ်ဘူး ဆင်းရဲတဲ့ ပြယုဂ်သာဖြစ်တယ်

    ဘာဆေး ညာဆေး ဘာအစွမ်းထက်တယ် မထက်ဘူးဆိုတာ ဗုဒ္ဓဘာသာမှာ မပါဘူး။ တော​တောင်​တွေမှာ နေကြတဲ့ ရဟန်း​တွေအတွက် ရိုးရာဆေးမီးတို​အ​ကြောင်း ဘုရား​ပြောပြထားတာ နည်းနည်း​တော့ရှိတယ်။

    ဒီ​တော့ လောကီပညာတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက ဘာသာရေးမဟုတ်ဘူး။ လူတို့ရဲ့ စီးပွါးရေးနှင့် သူတို့ရဲ့ ကျန်းမာရေးသာဖြစ်ပါတယ်။

    မြောင်းမြမှာ လယ်ကွင်းကရေကို တန်းစီပြီးသောက်နေကြတာ ဘာသာရေးမဟုတ်ဘူး။ ဒါက အဲဒီဘုရားကို စပြီးတွေ့တဲ့ လယ်ပိုင်ရှင်ရဲ့ စီးပွါးရေးသာ ဖြစ်တယ်။

    Mm News.xyz 2026 02 27 161418

    ဟုတ်ပြီ ဒီလိုဆိုရင်၊ စုန်းလိုလို နတ်လိုလို ဂမ္ဘီရလိုလို နက္ခတ်လိုလို ကိစ္စတွေပေါ်လာရင် ဒါသည် ဘာသာရေးလို့ ဘာကြောင့် လူတွေထင်ရသလဲ။ ဒီကိစ္စမျိုးပေါ်လာတိုင်း ဘာသာရေးအဆုံးအမ လွဲမှားမှုလို့ လူတွေ ဘာကြောင့်ထင်ရသလဲ။

    ပုံမှန်အားဖြင့် အဲသလို ဓာတ်လိုလို နတ်လိုလို လုပ်စားကြတဲ့လူတွေဟာ၊ သူတို့ကိုသူတို့ သူတော်ကောင်းဟန်ဆောင်ကြတယ်၊ ဘုရားစင်အကြီးကြီး ထိုးကြတယ်။

    ဒီတော့ မြင်ရတဲ့လူတွေက ဒီလူဟာ ဘုရား တရားနှင့်နေတယ်လို့ တွေးလိုက်ကြတယ်၊ ဒီလူဟာ တရားတော်ရဲ့ နည်းအတိုင်း ရပ်တည်နေတာလို့ တွေးလိုက်ကြတယ်။

    Mm News.xyz 2026 02 27 161410

    အဲဒါနှင့် တဆက်တည်း၊ သူ ပြောသမျှ မှန်တယ် တရားတယ်လို့ ယုံကြတော့တယ်၊ အဲဒီမှာတင် ဘယ်ဓမ္မကထိကမှ မဟောတဲ့တရားတွေကို ဘုရားစင်အားကိုးနှင့် ဟောကြတော့တယ်။

    သူ့ရဲ့တကိုယ်​ရေ တကာယ ကိုယ်ကျင့်တရား ကောင်းတာ ဖြစ်နိုင်ပါတယ်၊ ဒါ​ပေမယ့် သူ့ရဲ့ အသက်​မွေးမှု အလုပ်က​တော့ ဘုရား​ဟောတဲ့ ဘာသာ​ရေးမဟုတ်ပါဘူး။ ဒါက သူ့ရဲ့ စိးပွါး​ရေးသာဖြစ်တယ်၊ ဘာသာ​ရေးနှင့် လားလားမှ မဆိုင်းပါဘူး။

    ဗုဒ္ဓဘာသာမှာ နတ်ဆိုတာ ကိုးကွယ်ရာမဟုတ်ကြောင်း ဓမ္မကထိကတော်တော်များများ ဟောပါတယ်၊ အထင်ရှားဆုံးကတော့ ပျံလွန်​တော်မူသွားတဲ့ ဖြူးဆရာတော်ပေါ့၊ သွေးနှင့် ရေးတဲ့သာသနာ ဆိုတဲ့ တရားကို အွန်လိုင်းမှာ ရှာဖွေပြီး နာကြည့်ပါ။

    Mm News.xyz 2026 02 27 161402

    အခု မြောင်းမြကိစ္စပေါ်လာတော့၊ လူတော်တော်များများ အွန်လိုင်းပေါ်မှာ ဘာသာရေးကို ဖောင်းထုနေတာ တွေ့ရတယ်။

    ဘာသာရေးမှာ အဲသလို ပေါ်တော်မူဘုရားကြောင့် ပတ်ဝန်းကျင် သဘာဝသယံဇာတတွေ ဆေးဖက်ဝင်ကြောင်း တနေရာရာမှာ ဟောကြားဆုံးမထားတာ မင်းတို့တွေ့ဖူးရင် ဘကြီးဘုန်းကြီးကိုပြပါ။

    တကယ်တော့ မြောင်းမြမှာ လယ်ကွင်းကရေကို တန်းစီပြီးသောက်နေကြတာ ဘာသာရေးမဟုတ်ပါဘူး။ ဒါက အဲဒီက ဆိုင်ရာဆိုင်ရာလူ​တွေရဲ့ စီးပွါးရေးသာ ဖြစ်တယ်။

    အဲဒီ လူအုပ်ကြီးကို ဘယ်ဘာသာရေးဆရာကမှ သွားတားလို့မရဘူး။

    သေချာတာတခုက၊ သူတို့တွေ ဘန်ကောက်အထိ သွားပြီး medical check up လုပ်နိုင်တဲ့တနေ့ အဲဒီရေကို သောက်မှာ မဟုတ်တော့ဘူး။

    တကယ်တော့ ဒါဟာ ဘာသာရေး အဆုံးအမ မဟုတ်ဘူး၊ ဆင်းရဲတဲ့ ပြယုဂ်သာဖြစ်တယ်။

    ✍️ Ven U Kundala

  • “ငရဲခန်းစစ်သင်တန်းဆင်း အမျိုးသမီးကွန်မန်ဒို ရေချယ်”

    “ငရဲခန်းစစ်သင်တန်းဆင်း အမျိုးသမီးကွန်မန်ဒို ရေချယ်”

    စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက အမျိုးသမီးကွန်မန်ဒို ရေချယ်ရဲ့ တော်လှန်ရေးဘဝနဲ့ ခံယူချက်တွေကို ကြားရမှာဖြစ်ပါတယ်။

    သူဟာ အမျိုးသားတွေတောင် နုတ်ထွက်သွားရတဲ့ ငရဲခန်းစစ်သင်တန်းကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးရဲမေဖြစ်ပါတယ်။

  • NUG နဲ့ SRAတွေ့ဆုံပြီး စစ်ဆင်ရေးအပါအဝင် အဓိကအချက်သုံးချက် ဆွေးနွေး

    NUG နဲ့ SRAတွေ့ဆုံပြီး စစ်ဆင်ရေးအပါအဝင် အဓိကအချက်သုံးချက် ဆွေးနွေး

    အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီက​နေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်​တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ​တွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။

    ဖေ​ဖော်ဝါရီလ ၂၇ရက်မွန်းလွဲ ၂နာရီမှာZoom မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်နှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ SRAမှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့​​ဖော်ပြပါတယ်။

    တွေ့ဆုံဆွေး​နွေးမှုမှာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့လည်းပါရှိပါတယ်။

    အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ SRA ဦးဆောင်ကော်မတီဝင်ဆလိုင်းဝီလျံချင်းတို့ကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

    ကာကွယ်​ရေးဝန်ကြီးဦးရည်မွန်ကအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အ​သိ​ပေးပါတယ်။

    ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့တယ်လို့ လည်းအသိပေးပါတယ်။

    “SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့အရေးကိစ္စတွေကိုပါသေချာဆွေးနွေးဖြစ်ခဲ့ပါတယ်။အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်။ NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သောညီညွတ်ရေးကိုအတူတကွတည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်”လို့လည်း SRA အဖွဲ့ BPLA ကွပ်ကဲ​ရေးမှူး ​​မောင်​ဆောင်းခက ​ဖေ့စ်ဘွခ်မှာ​ရေးသားအသိ​ပေးထားပါတယ် ။

  • အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    စစ်ကောင်စီတပ်ထဲမှာ အခုတလော ရာထူးတွေ အရမ်းတက်နေပါတယ်။

    ဒါပေမယ့် အသက်ရှင်နေတုန်း ရာထူးတက်တာမဟုတ်ဘဲ သေမှ တက်တဲ့ရာထူးတွေပါ။

    ရာထူးတက်သလောက် အသက်ထွက်တာကလည်း မြန်ပါတယ်။

    641576729 881562988037259 505476651914548002 N

    အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူစစ်မျက်နှာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က သက်ထွန်းအောင် (ကြည်း-၇၇၆၈၂) ဆိုသူ သေဆုံးသွားခဲ့ပါတယ်။

    အံ့သြစရာကောင်းတာက သူ့အသက်ဟာ (၂၅) နှစ်သာ ရှိသေးတာပါ။

    တကယ်တော့ သူဟာ အသက်ရှင်လျက်နဲ့ ဗိုလ်မှူးဖြစ်သွားတာ မဟုတ်ပါဘူး။

    မြေပြင်တိုက်ပွဲမှာ အသေဆိုးနဲ့ သေဆုံးသွားပြီးမှသာ စစ်ကောင်စီက ဗိုလ်မှူး အပွင့်ရာထူးကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။

    642789219 881562971370594 4841737905435554193 N

    အသက်ရှင်တုန်းကတော့ ရှေ့တန်းမှာ အသေခံခိုင်းပြီး သေမှ ရာထူးတိုးပေး၊ ဂူလုပ်ပေးတဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်းပါပဲ။

    မယားဖြစ်သူကတောင် TikTok ကနေ “စစ်သားမပီသပြနဲ့ သဲကမပျော်ကဘူး” ဆိုပြီး သိပ်မစွန့်စားဖို့ တားရှာပါတယ်။

    ဒါပေမယ့် လက်သံပြောင်တဲ့ အကိုချေတို့ (AA) နဲ့ အတွေ့မှာတော့ ဇနီးသည်စကားနားမထောင်ဘဲ အသက် (၂၅) နှစ်နဲ့ပဲ ဇာတ်သိမ်းသွားခဲ့ရပြီး၊ သေမှပဲ ဗိုလ်မှူးဖြစ်သွားရှာပါတယ်။

    အခုရက်ပိုင်းမှာလည်း ကျောက်ဖြူဘက်ကို စစ်ကောင်စီက အင်အားတွေ ထပ်ဖြည့်နေပါတယ်။

    ဒါပေမယ့် မြေပြင်မှာ အသေအပျောက်များနေတဲ့ ခွေးတပ်အတွက်ကတော့ ဒီလိုအင်အားဖြည့်တာဟာ ထပ်ပြီး ကုန်ဖို့နဲ့ နောက်ထပ် သေမှ ရာထူးတက်မယ့်သူတွေ ထပ်များလာဖို့ပဲ ရှိပါတယ်။

  • မနက် ၂ နာရီခွဲကြီး ထလောင်တဲ့ မန္တလေး မီး

    မနက် ၂ နာရီခွဲကြီး ထလောင်တဲ့ မန္တလေး မီး

    28-2-2026 မန္တလေး ချမ်းမြသာစည်မြို့နယ်

    65-လမ်း 106-107 လမ်းကြား မီးလောင်မူ သတင်းရ

    Level (1)

    Mm News.xyz 2026 02 28 023807

    Mm News.xyz 2026 02 28 023821

    Mm News.xyz 2026 02 28 023828

    Mm News.xyz 2026 02 28 023839

    Mm News.xyz 2026 02 28 023848

    ၂၈.၂.၂၀၂၆ ရက်နေ့၊ ၀၂ ၁၅အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၅လမ်း၊ (၁၀၆)×(၁၀၇)ကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ရိမ်းဘိုး(မြို့သစ်)ဆိုင်ကယ်အပိုပစ္စည်းဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Level 1 ယာဉ် အုပ်စုများထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။

    Update

    ၀၃ ၀၂ အချိန် မီးထိန်းပါသည်။

    ရေခဲ