စစ်ကောင်စီတပ်ထဲမှာ အခုတလော ရာထူးတွေ အရမ်းတက်နေပါတယ်။
ဒါပေမယ့် အသက်ရှင်နေတုန်း ရာထူးတက်တာမဟုတ်ဘဲ သေမှ တက်တဲ့ရာထူးတွေပါ။
ရာထူးတက်သလောက် အသက်ထွက်တာကလည်း မြန်ပါတယ်။

အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူစစ်မျက်နှာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က သက်ထွန်းအောင် (ကြည်း-၇၇၆၈၂) ဆိုသူ သေဆုံးသွားခဲ့ပါတယ်။
အံ့သြစရာကောင်းတာက သူ့အသက်ဟာ (၂၅) နှစ်သာ ရှိသေးတာပါ။
တကယ်တော့ သူဟာ အသက်ရှင်လျက်နဲ့ ဗိုလ်မှူးဖြစ်သွားတာ မဟုတ်ပါဘူး။
မြေပြင်တိုက်ပွဲမှာ အသေဆိုးနဲ့ သေဆုံးသွားပြီးမှသာ စစ်ကောင်စီက ဗိုလ်မှူး အပွင့်ရာထူးကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။

အသက်ရှင်တုန်းကတော့ ရှေ့တန်းမှာ အသေခံခိုင်းပြီး သေမှ ရာထူးတိုးပေး၊ ဂူလုပ်ပေးတဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်းပါပဲ။
မယားဖြစ်သူကတောင် TikTok ကနေ “စစ်သားမပီသပြနဲ့ သဲကမပျော်ကဘူး” ဆိုပြီး သိပ်မစွန့်စားဖို့ တားရှာပါတယ်။
ဒါပေမယ့် လက်သံပြောင်တဲ့ အကိုချေတို့ (AA) နဲ့ အတွေ့မှာတော့ ဇနီးသည်စကားနားမထောင်ဘဲ အသက် (၂၅) နှစ်နဲ့ပဲ ဇာတ်သိမ်းသွားခဲ့ရပြီး၊ သေမှပဲ ဗိုလ်မှူးဖြစ်သွားရှာပါတယ်။
အခုရက်ပိုင်းမှာလည်း ကျောက်ဖြူဘက်ကို စစ်ကောင်စီက အင်အားတွေ ထပ်ဖြည့်နေပါတယ်။
ဒါပေမယ့် မြေပြင်မှာ အသေအပျောက်များနေတဲ့ ခွေးတပ်အတွက်ကတော့ ဒီလိုအင်အားဖြည့်တာဟာ ထပ်ပြီး ကုန်ဖို့နဲ့ နောက်ထပ် သေမှ ရာထူးတက်မယ့်သူတွေ ထပ်များလာဖို့ပဲ ရှိပါတယ်။


Leave a Reply