Author: Baby Yit Lone
-

စစ်ကိုင်းနဲ့ မန္တလေးအပါအဝင် စစ်ရှုံးနေတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၁၂၁ နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း စစ်အုပ်စုကြေညာ
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက စစ်အုပ်စု လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေအပါဝင် တိုင်းရင်းသား လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၁၂၁ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပတော့မဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်စတဲ့ လွှတ်တော်တွေအားလုံးအတွက် မဲဆန္ဒနယ်မြေ စုစုပေါင်း ၇၁၂ နယ်မှာသာ ရွေးကောက်ပွဲ ပြုလုပ်သွားမှာဖြစ်ပေမဲ့ စစ်အုပ်စု စစ်ရှုံးနေတဲ့ မြို့နယ်တွေနဲ့ နယ်မြေစိုးမိုးမှု မရှိသေးတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ် ၁၂၁ နယ်မြေမှာ ရွေးကောက်ပွဲကျင်းပဖို့မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ စစ်အုပ်စု ရွေးကောက်ပွဲမပြုလုပ်တော့မဲ့ မဲဆန္ဒနယ်တွေဟာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသားလွှတ်တော်အတွက်…
-

ဒလမြို့ရှိ အထူးကုဆေးခန်းပေါ့ဆမှုကြောင့် ဗိုက်ခွဲကလေးမွေးသည့် အမျိုးသမီးသေဆုံးခဲ့ပြီး ဆေးခန်းပိတ်သိမ်းထား
ရန်ကုန်တိုင်း၊ ဒလမြို့ရှိ စွမ်းထက်အထူးကုဆေးခန်းတွင် ခွဲစိတ်မွေးဖွားခဲ့သည့် တရားလွှတ်တော် ရှေ့နေတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဆေးခန်းကို ပိတ်သိမ်းထားကြောင်း သိရသည်။ သေဆုံးသူ တရားလွှတ်တော်ရှေ့နေ မအိအိအေး အသက် (၃၃) နှစ်သည် စက်တင်ဘာလ ၄ ရက်နေ့က စွမ်းထက်အထူးကုဆေးခန်းတွင် ခွဲစိတ်ပြီး ကလေးမွေးဖွားခဲ့သည်။ ထိုသို့ ကလေးမွေးဖွားပြီးနောက် ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သို့ လွှဲပြောင်းခဲ့ရပြီး စက်တင်ဘာလ ၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ စွမ်းထက်အထူးကုဆေးခန်းသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲ လူနာကိုဂရုစိုက်မှု မရှိသည့်အပြင် ပေါ့ဆမှုများရှိခဲ့ကြောင်း ကွယ်လွန်သူ၏ မိသားစုဝင်များထံမှ သိရသည်။ လူနာအခြေအနေ ဆိုးရွားလာသောအခါ ဒလမြို့ရှိ ဆေးခန်းတွင်မနိုင်နင်း၍ ရန်ကုန်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ပြီး ဆေးရုံတွင် ခွဲစိတ်ခန်းဝင်ခဲ့ရကာ သားအိမ်ခွဲထုတ်ခဲ့ရကြောင်း၊…
-

စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ဦးကိုကိုကြီး တောင်းဆိုပြန်
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် စာရေးသားပေးပို့ တောင်းဆိုသည်။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ပြသလိုသဖြင့် စစ်တပ်၏ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသို့ ဦးကိုကိုကြီးက စာရေးသား ပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ပါတီက အကြမ်းမဖက် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာစေ ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းရန် ရက် ကို ရွေးကောက်ပွဲ မတိုင်မီရက် ၉ဝ ဖြစ်သော စက်တင်ဘာလ ၂၇ ရက်သို့ အချိန်တိုးပေးရန်၊ ဝင်ရောက်ယှဉ်…
-
ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး
ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံး ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပုသိမ်မြို့၊ ကမ်းနားလမ်း သင်္ဘောဆိပ်တွင် မြို့ပေါ်သို့ လာရောက်သည့် ကရင်လေးဆိုသော လူငယ် ၁ ဦးသည် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားခဲ့ကြောင်း…
-

ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ နှီးနူးကျေးရွာနဲ့ ဓမင်းဆိပ်ကျေးရွာတို့က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ တနေ့တည်းပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပစ်သတ်ခံရသူတွေက နှီးနှူးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ဓမင်းဆိပ်ကျေးရွာနေရာအိမ်မှူး ဦးသောင်းစိန်တို့ ဖြစ်ကြပြီး မနေ့ စက်တင်ဘာ ၁၄ ရက်ညက သူတို့ရဲ့နေအိမ်တွေကို လက်နက်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်သတ်ခဲ့တာလို့ သိရပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့သူ ဒေသခံ တယောက်က “အုပ်ကြီးရော၊ ရာအိမ်မှူးရော နှစ်ယောက်လုံး သူတို့အိမ်တွေမှာ ပစ်သတ်ခံရတာ။ အမည်မသိ သေနတ်သမားတွေက ပစ်ခတ် သတ်ဖြတ်သွားတာ။ သေနတ်သံတွေကြားလို့ သွားစုံစမ်းကြည့်တော့ သိရတာ။ တခါတည်းပွဲချင်းပြီး ဆုံးသွားတာ။ ရာအိမ်မှူးက နာမည်ဆိုးနဲ့ ပိုကျော်ကြားတဲ့သူ” လို့ ပြောပါတယ်။ ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ နေရာမှာပင် သေဆုံးသွားပြီး ရုပ်အလောင်းတွေကို ရေးမြို့နယ်…