Author: Baby Yit Lone

  • လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး

    လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး

    ‎ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး ‎ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေပြီး AA ၏ တန်ပြန်ထိုးစစ်များကြောင့် စစ်ကော်မရှင်တပ်များက တပ်စွဲထားသည့်နေရာ အချို့ကို လက်လွှတ်ကာ နောက် ဆုတ်ပေးနေရကြောင်း သိရသည်။ ‎ ‎လိပ်ခမော်ကျေးရွာတွင် တပ်စွဲပြီး ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်ကို AA က တန်ပြန်ထိုးစစ်ဖြင့် ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်များက တပ်ဆုတ်ထွက်ပြေး ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ‎ “တိုက်ပွဲက ပြန့်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းနှစ်ကြောင်း နောက်ဆုတ်ခဲ့ရတယ်။ အခု လိပ်ခမော်ကပါ ထပ်ဆုတ်ပေးရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ‎…

  • ဂုတ်ထိပ်တံတား ပျက်စီးမှု ယူနက်စကိုထံ NUG စာပို့

    ဂုတ်ထိပ်တံတား ပျက်စီးမှု ယူနက်စကိုထံ NUG စာပို့

    ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီးမှုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO ) ထံ စာပို့ကာ အသိပေး အကြောင်းကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA) အတွင်းရေးမှူးက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး – လားရှိုးရထားလမ်းပေါ်ရှိ ထိုတံတား မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် ဂုတ်ထိပ် ရထားတံတားကို TNLA နှင့် PDF တို့က ဖျက် ဆီးသည်ဟု စစ်အုပ်စုက စွပ်စွဲထားပြီး ထိုသို့မဟုတ်ကြောင်းလည်း TNLA ကငြင်းဆိုထားသည်။ “သဘာဝဘေးငလျင်ဖြစ်တုန်းကလည်း စာပို့ထားတာရှိပါတယ်။ တိုင်ကြားတယ်ဆိုတာထက် သတင်းအချက် အလက် ခိုင်ခိုင်မာမာနဲ့ တောင်းဆိုတာဖြစ်ပါတယ်” ဟု…

  • စစ်မှုထမ်းအပတ်စဥ်(၁၇) အတွက် ကျောင်းသားစာရင်းတွေပါ ကောက်ခံနေ

    စစ်ကော်မရှင်က စစ်မှုထမ်းအပတ်စဥ်(၁၇) အတွက် ကျောင်းသားစာရင်းတွေပါ ကောက်ခံနေ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကော်မရှင်က သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ စစ်မှုထမ်းဖို့ လူငယ်စာရင်းတွေ ကောက်ယူရာမှာ ကျောင်းနေအရွယ်ကလေးငယ်တွေစာရင်းပါ ကောက်ယူနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် စစ်မှုထမ်းဖို့ လူစာရင်းကောက်ရာမှာ ကျောင်းတက်နေတဲ့ လူငယ်ယောက်ျားလေးတွေကိုပါ စာရင်းကောက်ခံနေတာတွေကြောင့် လူငယ်တွေကျေးရွာကို စွန့်ခွာထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ “တချို့ကို တခါထဲ အိမ်ထဲလာရင်း ခေါ်သွားတယ်။ တချို့အိမ်တွေကျတော့ လူငယ် စာရင်းပဲ ကောက်သွားတယ်။ စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးလာဖို့ မှာတာတွေလည်း ရှိတယ်” လို့ တမူးဒေသခံတဦးက ပြောပါတယ်။ စစ်ကော်မရှင်ရဲ့စစ်မှုထမ်း စာရင်းကောက်ယူနေတဲ့အထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေပါ ပါဝင်နေတာကြောင့် မိဘတွေ စိုးရိမ်နေကြပြီး…

  • နိုင်ငံတောင်ပိုင်း ရန်ကုန်အထိ ထိုးဖောက်ရန် အထူးတိုင်းစစ်ဌာနကို NUG ဖွဲ့စည်း

    နိုင်ငံတောင်ပိုင်း ရန်ကုန်အထိ ထိုးဖောက်ရန် အထူးတိုင်းစစ်ဌာနကို NUG ဖွဲ့စည်း

    နိုင်ငံတောင်ပိုင်းဒေသများဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများ စုစည်း၍ စစ်ရေးအရှိန်မြှင့်ဖော်ဆောင်နိုင်ရန် သြဂုတ်လ ၂၇ ရက်နေ့တွင် အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်း လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသည်။ နည်းဗျူဟာများ၊ တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များပါဝင် သော အထူးတိုင်းစစ်ဌာနသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်မည်ဟု သိရသည်။ စစ်တောင်းမြစ်ဝှမ်းစစ်ဆေးရေးမှတဆင့် ရန်ကုန်စစ်ဆင်ရေးများပါ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန၏ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ “အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ ဗျူဟာတွေအနေနဲ့ လက်ရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးဘက်တွေမှာ စစ်ရေးလှုပ်ရှားမှု ရှိနေပါတယ်၊ အဓိက ကတော့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးကနေ ပဲခူး၊ ရန်ကုန်စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထိုသူက ဆိုသည်။…

  • မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေတွေကို ရှင်းလင်းမယ်လို့ စစ်တပ်ပြော

    မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေတွေကို ရှင်းလင်းမယ်လို့ စစ်တပ်ပြော

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်း နေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်တပ်က မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေ တွေကို ရှင်းလင်းမယ်လို့ မနေ့ သြဂုတ် ၂၈ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ သပိတ်ကျင်းမြို့ကို အခုနှစ်ဇူလိုင်လကုန်ပိုင်းမှာ စစ်တပ်က ပြန်သိမ်းခဲ့တာကြောင့် ဒီနယ်မြေ ၂ ခုကြားမှာ ရှိနေတဲ့ စဉ့်ကူးမြို့ကိုဆက်ထိုးစစ်ဆင်မယ်ဆိုတဲ့သဘောလို့ နားလည်ရပါတယ်။ စဉ့်ကူးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း မနှစ် ဇူလိုင်လမှာ Mdy PDF ဦးဆောင်မှု နဲ့ သိမ်းပိုက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။ “စဉ့်ကူးဘက်ကိုထိုးလာတာမျိုးမရှိပါဘူး။ အခြေအနေက စောင့်ကြည့်ရမှာပဲ” စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တစ်ဦး က ပြောပါတယ်။ တအာင်းတပ် (TNLA) နဲ့…