Author: Baby Yit Lone

  • ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပါတီရုံးခန်းတွေနဲ့ ပါတီဝင်အင်အားစာရင်းကို ပြည့်မီအောင် အာဏာသိမ်းစစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ တင်ပြထားပေမဲ့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် အယူခံဝင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ပြောပါတယ်။ ပါတီဘက်က တင်ပြထားတဲ့ စာရင်းတွေဟာ ကိုက်ညီမှုမရှိရင် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်မေးမြန်း ဖြေရှင်းခွင့် ပေးရမှာဖြစ်ပေမဲ့ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်ခဲ့ဘဲ အခုလို ဆောင်ရွက်လိုက်တာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် (၁) ဦးအောင်ကိုကိုက ပြောပါတယ်။ လက်ရှိမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးခန်း ၁၁၇ ရုံး ဖွင့်လှစ်ထားပြီး ဖြစ်သလို ပါတီဝင်အင်အားစာရင်းကိုလည်း ၇၅,၀၀၀ တင်ပြထားတယ်လို့ ဆိုပါတယ်။ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂…

  • ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူ

    ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူ

    တောင်ကြီးမြို့ပေါ်မှ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူပြီး စျေးဝယ်စင်တာကြီးတစ်ခု တည်ဆောက်မည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပူးပေါင်းပြီး သိမ်းယူထားကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။ ယခင်ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့် ဩတချောင်းသုဿန်မြေနေရာတို့ကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်းကာ သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ယင်းသုဿန်မြေနေရာတွင် ဈေးဝယ်စင်တာကြီးတစ်ခုတည်ဆောက်ရန် ပြင်ဆင်လျက်ရှိပြီး ရပ်ကွက်နေပြည် သူများက ကန့်ကွက်နေသော်လည်း ညှိနှိုင်းသဘောတူပြီးဖြစ်သည်ဟုဆိုကာ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ “City Square…

  • ပြည်တွင်းထုတ် စီးကရက်ဘူးများတွင် လိုဂိုတံဆိပ် အသုံးပြုခွင့် မပေးတော့

    ပြည်တွင်းထုတ် စီးကရက်ဘူးများတွင် လိုဂိုတံဆိပ် အသုံးပြုခွင့် မပေးတော့

    ပြည်တွင်းထုတ် စီးကရက်ဘူးတွေမှာ နာမည်ကုန်အမှတ်တံဆိပ် သုံးခွင့်မပေးတာ့ဘဲ တပြေးညီ ပုံစံတမျိုးတည်း ထုတ်သွားရဖို့ရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စီးကရက်ဘူးခွံပေါ်မှာ ကျန်းမာရေးသတိပေးတဲ့စာသား၊ ဆေးလိပ်သောက်လို့ဖြစ်ရတဲ့ ပညာပေးပုံနဲ့ စီးကရက်အမည် ပုံမှန်စာသားကိုသာ သုံးခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ အဲဒီလို ဘူးခွံပုံစံကို စစ်တပ်ကထုတ်တဲ့ Red Ruby စီးကရက်က စတင်ပြောင်းလဲထားပြီး ကျန်စီးကရက်ဘူးတွေလည်း ပြောင်းသွားဖို့ရှိနေတာလို့ အရောင်းကိုယ်စားလှယ် ရယူထားသူ တယောက်က ပြောပါတယ်။ “အကုန်ပြောင်းရမှာလို့ ပြောတယ်။ Red Ruby ကတော့ ပုံစံအသစ် စပြောင်းနေပြီ။ Mevius လည်း ရှေ့လလောက်မှာ ပြောင်းမှာလို့ ပစ္စည်းလာချတဲ့သူက ပြောသွားတယ်။” ဘာကြောင့် ကုန်အမှတ်တံဆိပ် အသုံးပြုခွင့် မပေးတော့တာကို မသိရသလို တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရဘူးလို့ စီးကရက် လက်လီလက်ကားရောင်းနေသူတွေက ဆိုပါတယ်။…

  • သမီးလေးနာကျင်တာ အမြန်သက်သာအောင်  ကျူးလွန်တဲ့မိဘနဲ့ကျောင်း တောင်းပန်တဲ့အထိအနိုင်တိုက်ပါ မေမေ Ella May

    သမီးလေးနာကျင်တာ အမြန်သက်သာအောင် ကျူးလွန်တဲ့မိဘနဲ့ကျောင်း တောင်းပန်တဲ့အထိအနိုင်တိုက်ပါ မေမေ Ella May

    နာမည်ကြီး International Schoolမှာ ကျောင်းတွင်းအကြ၊မ်းဖက်ခံရတဲ့ ကလေးငယ်ရဲ့ မိဘကို အကြ၊မ်းဖက်တဲ့ကလေးရဲ့မိဘမှ ကိုယ်ထိလက်ရောက် ကျူးလွန်ရန်ကြံစည်ခဲ့မှုဖြစ်ပွားခဲ့.. “ကျမသမီးက အကို၊က်လည်းခံရသေးတယ် ကျမကိုလည်း လက်သီ၊းနဲ့ ထို၊းဖို့လုပ်တယ်…သားသမီးဆိုတာ မိဘတိုင်းရဲ့ရတနာပါ..တဖက်မိဘက နိုင်ငံခြားသားမို့လို့ လျှော်ပေးလိုက်ပါလို့ကျောင်းကတာဝန်မဲ့စကားတွေပြောလာတယ် ..ကျမသမီးကို တစ်နှစ်ကိုသိန်းရာချီပေးပြီးထားထားတဲ့ကျောင်းက အဲ့လိုပြောလာတာ..”ဆိုပြီး မိခင်ဖြစ်သူElla May ကဖြစ်စဥ်ကိုပြောပြလာပါတယ်…. ”သူများအနိုင်ကျင့်ဖို့ သမီးကို မွေးထားတာ မဟုတ်ဘူး။ သမီးကို တစ်စက်ကလေးတောင် လာမထိပါနဲ့။ ကိုယ့်သားသမီးကို လာထိရင် ဘယ်မိဘမှ မကြိုက်ဘူး” ”Media မှာ Attention လိုချင်လို့ ဖြေတာ မဟုတ်ဘူး၊ တရားမျှတမှု လိုချင်လို့ ဖြေတာ။ ကိုယ့်သားသမီးကို ကိုယ်မှ မကာကွယ်ရင် ကာကွယ်ပေးမယ့်သူ မရှိဘူး” ဆိုတဲ့ Ella May နာမည်ကြီး International Schoolမှာ ကျောင်းတွင်းအကြမ်းဖက်ခံရတဲ့…

  • မြေရှား သို့မဟုတ် မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခအခြေပြု ကမ္ဘာကျော်ပို့ကုန်

    မြေရှား သို့မဟုတ် မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခအခြေပြု ကမ္ဘာကျော်ပို့ကုန်

    မြေရှား (Rare Earth) ဆိုသော အမည်နှင့် လိုက်ဖက်စွာ ထိုသတ္တုသည် ကမ္ဘာပေါ်တွင် နေရာတိုင်း မထွက်ရှိပေ။ မြေရှားသတ္တုထုတ်လုပ်နေသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့နေသော ထိပ်တန်းသုံးနိုင်ငံထဲတွင် ပါဝင်နေသည်ဆိုလျှင် အံ့ဩကြမည် ထင်သည်။ မြန်မာနိုင်ငံတွင် မြေရှားသတ္တုအကြောင်း သိရှိသူ အလွန်နည်းပါသလို မြန်မာနိုင်ငံတွင် ထိုသတ္တုအမျိုးအစားထွက်ရှိနေသည်ကို သိသူလည်း နည်းပါးသည်။ ကမ္ဘာတွင် အင်္ဂလိပ်လိုအားဖြင့် Rare Earth Elements (REEs) ဟု လူသိများပြီး မြန်မာလိုအားဖြင့် ‘မြေရှား’ ဟု ရိုးရှင်းစွာ ပြန်ဆိုထားသည်။ ထိုရှားပါးသတ္တုတွင် အခြားသတ္တုများနှင့် မတူသော ထူးခြားချက်မှာ သတ္တုဒြပ်စင် ၁၅ မျိုး ပေါင်းစပ်ပါဝင်နေကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological…