Author: Baby Yit Lone
-

ခင်ဦးမြို့တ်ိုက်ပွဲ စစ်ကော်မရှင်တပ်အရာရှိ သေဆုံး
စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့အထွက် ခင်ဦး-ရေဦး ကားလမ်းတလျှောက်ရှိ နေအိမ်များကို မီးရှို့နေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူတဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့(ဖေဖော်ဝါရီ ၂၄ ရက်) ညနေ ၆ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တနာရီခန့် ရှိခဲ့ကြောင်း သိရသည်။ “စစ်ကြောင်းက သံပြားကာ ကားတွေကို အကာအကွယ်ယူပြီး ထွက်လာတာပါ။ မြို့အပြင်ရောက်တာနဲ့ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ နာရီပိုင်းအကြာ ပစ်ခတ်ပြီး စစ်ကြောင်း မြို့ထဲပြန်ဝင်သွားတယ်။ မီးရှို့တဲ့နေရာမှာ နာမည်ကြီးတဲ့ ဗိုလ်ကတော့ သေဆုံးသွားတယ်” ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့(ဖေဖေါ်ဝါရီ ၂၅ ရက်)တွင် ပြောသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်မှ ဗိုလ်အဆင့်ရှိသူ ကျော်ကိုကိုဦး သေဆုံးခဲ့ကာ MA1…
-

ဆိပ်ဖြူ၌ ဆီပြောင်းထည့်ရာမှ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွား
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောသွား ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီအချိန်လောက်က ဆီဘောက်ဆာထဲက စက်သုံးဆီတွေကို အခြားကုန်တင် ယာဉ်ပေါ်ကို ပြောင်းလဲထည့်ရာကနေ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွားပြီး လူ(၁)ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ စက်သုံးဆီအရောင်းဆိုင်မှာ ဆီဘောက်ဆာယာဉ်ထဲက စက်သုံးဆီတွေကို ခြောက်ဘီးကုန်တင်ယာဉ်ပေါ်ရှိ ပလတ် စတစ်ပီပါတွေအတွင်း ပြောင်းလဲထည့်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို ဆိပ်ဖြူနဲ့ ချောက်မြို့နယ်တို့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆နာရီ ခွဲအချိန်လောက်မှာ မီးငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် ဆီသယ် ယာဉ် (၄)စီး၊ ကုန်တင်ယာဉ်(၁)စီး မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်းပေါင်း (၁၂၁၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်အဆောက်အဦနဲ့ ဆီသိုလှောင်ကန်တွေကိုတော့…
-

ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု လူ ၆ ဦးသေဆုံး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လေးကေ့ကော်မြို့ ရသေ့ဂူရွာအနီးတွင် ကျောက်ခက်ဘက်မှ မြဝတီမြို့ကို ဈေးဝယ်ရန် ထွက်လာသည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ရသေ့ဂူရွာအနီးမှာ ကျောက်ခက်ကနေ မြဝတီကို စျေးလာဝယ်တဲ့ ကားကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ဗုံးက ကားပေါ်ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။…
-

ငါးနှစ်သက်တမ်းပြည့်ခဲ့ပြီဖြစ်တဲ့ MDY PDF
စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ “အထူးလှုပ်ရှားတပ်မ”အဖြစ်တာဝန်ထမ်းဆောင်နေကြောင်းအသိပေး နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF ဟာ တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ဖော်ပြထားပါတယ်။ မန္တလေး PDFဟာ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်ကို အစွဲပြုပြီး တပ်မွေးနေ့အဖြစ် သတ်မှတ်ကျင်းပနေခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေး PDFဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ “အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။ တပ်မကွပ်ကဲရေးမှူး ရဲဘော်ကိုနေ “ငါးနှစ်ပြည့်တပ်မွေးနေ့မှာ တပ်ထဲက…
-

လှိုင်သာယာမှာ ညအချိန် ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြအဖွဲ့တွေတိုက်ခိုက်
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “ပြင်းအားမြင့်အဝေးထိန်းမိုင်း တစ်လုံး အသုံးပြုခဲ့ပါတယ်။ ကျနော်တို့ အဲ့ကင်းပတ်ကားကို မထိထိအောင် သေချာစောင့်ဆိုင်းပြီး အချိန်ကိုက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”လို့ စစ်ဆင်ရေးနဲ့ ပတ်သတ်ပြီး ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းကနေ စက်မှုဇုံအတွင်းကို ညစဉ် ကင်းပတ် ထွက်ပြီး ပေါ်တာဆွဲနေတဲ့စစ်ကောင်စီတပ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို စစ်ရေးပစ်မှတ်အနေနဲ့ မနေ့က (ဖေဖော်ဝါရီ ၂၄) ည ၁၁နာရီခွဲလောက်မှာ (၂၀)ရပ်ကွက်၊ ဆရာစံလမ်းမပေါ်က (၈၆) ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ “အဲ့ကောင်တွေ သေချာပေါက်ထိနိုင်တယ်ဗျ။ အတိအကျတော့ ကျနော်တို့ စုံစမ်းနေဆဲပါဘဲ။” လို့…