Author: Baby Yit Lone
-

ကျောင်းသားကျောင်သူ ၂၂ ဦး သေဆုံးခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းချက်
“ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့ ဒီရက်ပိုင်းတွင်းမှာက စာမေးပွဲရှိတယ်။ စာမေးပွဲရှိတော့ ကလေးတွေအကုန်စုနေကြတာ သူတို့ သုံးတဲ့ လက်နက်က နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတွေ သုံးသွားတာ Cluster boom အမျိုးအစားပါ”
-

အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခံရမှုအတွင်း ကျောင်းသား/ကျောင်းသူ ကလေးငယ် သေဆုံးသူ ၂၂ဦးအထိ ရှိလာ
အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခံရမှုအတွင်း ကျောင်းသား/ကျောင်းသူ ကလေးငယ် သေဆုံးသူ ၂၂ ဦးအထိ ရှိလာ
-

ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို ပြန်လည် ထိန်း ချုပ်နိုင်ပြီဟု စစ်ကောင်စီက ပုံအဟောင်းများဖြင့် လိမ်လည်ဝါဒဖြန့်
တော်လှန်ရေး တပ်များ သိမ်းပိုက်ထားသော ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို ပြန်လည် ထိန်း ချုပ်နိုင်ပြီဟု စစ်ကောင်စီက ပုံအဟောင်းများဖြင့် လိမ်လည်ဝါဒဖြန့်နေ၊ တိုက်ပွဲပြင်းထန်နေဆဲ
-

ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု
ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးဟုဆို
-

စစ်ကောင်စီအာဏာစက် မသက်ရောက်တော့သည့် စစ်တောင်းမြစ်ဝှမ်း နယ်မြေများ
ပေ ၁၀၀၀ အထက်မြင့်သည့် ကရင့်တောင်တန်းများမှ ဆိုင်ကယ်ဖြင့် ဆင်းလာသည့်နောက် မြေပြန့်ကို ရောက်သည်။ ပဲခင်းများကြား ဖောက်ထားသော လယ်ကန်သင်းလမ်းပေါ်မှာ ဖုန်မှုန့် တထောင်းထောင်းကြားက သွားရခြင်းဖြစ်သည်။ ခရီးထွက်လာစဉ်က သွားရမည့်နေရာသည် စစ်တောင်းမြစ်ကို ကျော်လွန်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း စစ်တောင်းမြစ် အနောက်ဘက်ကမ်းအထိ ကူးသွားရသည်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ကူးမိသောအခါ ၃ နှစ်ကျော်ခွဲခဲ့ရသည့် ကိုယ့်ရဲ့ဇာတိဒေသ ပဲခူးတိုင်းကို ခြေချနိုင်ပြီဆိုသည့် အတွေးဝင်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက် ပဲခူးမြို့က အာဏာသိမ်းမှုဆန့်ကျင်သူများ၏ မဂ္ဂတစ်ခံတပ်ကျပြီးနောက် ဇာတိဒေသဖြစ်သည့် ပဲခူးတိုင်းအရှေ့ပိုင်း မြို့တစ်မြို့မှ ကျွန်တော်ထွက်လာခဲ့စဉ်က ပဲခူးတိုင်းကို မည်သည့် အခါတွင်မှ ပြန်ရောက်မည်နည်းဟု တွေးမိခဲ့သည်။ အခုတော့ ဇာတိမြို့မဟုတ်သော်လည်း ဇာတိမြို့အကြုံးဝင်သည့် တိုင်းကို ပြန်ရောက်နိုင်ပါပြီ။ “ဒါ ဟာ အိမ်ပြန်မယ့်လမ်းပဲ…