အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခံရမှုအတွင်း ကျောင်းသား/ကျောင်းသူ ကလေးငယ် သေဆုံးသူ ၂၂ဦးအထိ ရှိလာ

အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခံရမှုအတွင်း ကျောင်းသား/ကျောင်းသူ ကလေးငယ် သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ အခြေခံပညာအထက်တန်း စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူ ကလေးငယ်သေဆုံးမှု ၂၂ ဦးအထိ မြင့်တက်လာပြီး ၄၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ဒီနေ့ မေလ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကနဦးသေဆုံးမှု ၁၅ ဦးထက်မနည်းရှိခဲ့ချိန် ပြင်းထန်ဒဏ်ရာတွေနဲ့ နောက်ထပ်သေဆုံးမှုတွေရှိလာတာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၂၂ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

အိုးထိန်းတွင်းရွာအနိးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စာသင်ကျောင်းကိုပစ်မှတ်ထားကာ စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ၂ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူ ကလေးငယ်တွေ သေဆုံးခဲ့တာလည်းဖြစ်တယ်လို့ ဒီပဲယင်းဒေသတစ်ဦးကလည်း ပြောပါတယ်။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Comments

Leave a Reply

Your email address will not be published. Required fields are marked *