Author: Baby Yit Lone
-

ဒုစစ်ခေါင်းဆောင် ပြင်ဦးလွင်ရောက်ရှိ၊ အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်နေ
စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိနေပြီး အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်မှု လုပ်ငန်းတွေကို ကွပ်ကဲဖို့ဖြစ်နိုင်တယ်လို့ ဒေသ PDF တွေက ပြောပါတယ်။ မေ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီဒုတိယခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိလာတယ်လို့ မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ခရီးစဉ်ရည်ရွယ်ချက်ကို အသေးစိတ်မသိရပေမဲ့ ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်နေတဲ့ အကြီးစားပြင်ဆင်မှုတွေကို ကွပ်ကဲဖို့နဲ့ စစ်တက္ကသိုလ်တွေကို ဗျူဟာတကျကွပ်ကဲဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။ မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “ပြင်ဦးလွင်ကို မနေ့ကညနေ ၃ နာရီကျော်ကျော်လောက်မှာ စိုးဝင်းရောက်နေတယ်။ နောက် မအလ ဆက်ရောက်ဖို့ရှိတယ်။ ဘယ်နေ့ရောက်မလဲမသိဘူး။ ရုရှားအပြန်မှ ရောက်မလားတော့ မသိဘူး။ ပြင်ဦးလွင်ကို ဘာလုပ်ဖို့လာလဲဆိုတော့ အဲဒီဟာကို…
-

-
ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး
ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး
-

မြိုင်က ရွာတွေကိုစစ်ကြောင်းထိုးမွှေနှောက်မီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ အထိနာပြီး ပြန်ဆုတ်
နယ်မြေရှင်းလင်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ လောင်းထက်မနည်းတွေ့
-
