ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခမရ ၄၃၂ မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း Mon Liberation Army – MLA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်မှစတင်၍ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ အင်အား ၅၀ ခန့် ဖြင့် ဝင်ရောက် လာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ် ကောင်စီတပ်မှ ခမရ ၄၃၂ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းထက် အပါအဝင် ၃၀ ဦးခန့် သေ ဆုံးခဲ့သဖြင့် စစ်ကြောင်းပျက်ကာ နောက်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) အပြင် မွန်ပြည်သစ်ပါတီ ခွဲထွက် (NMSP-AD) ၊ ပျံလွှားစစ်ကြောင်း၊ Lion Battalion စစ်ကြောင်းစသည့် KNLA ဦးဆောင်သော အခြား ပူးပေါင်းတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းသည် တနင်္သာရီတိုင်း ကမ်းရိုးတမ်း စစ်ဌာနချုပ်လက် အောက်ခံ တပ်များ၊ တပ်မ ၂၂ ၊ တပ်မ ၄၄ လက်အောက်ခံ တပ်များဖြစ်သည့် ခမရ ၂၀၈ (ကျိုက် မရော) ၊ ခမရ ၁၀၂ (မုတ္တမ)၊ ခမရ ၄၃၂ (ဘုတ်ပြင်း) စသည့်တပ်ရင်းများမှ စစ်သားများ ပူးပေါင်းထား ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသောကြောင့် ပြည်သူလူထုအနေဖြင့် မိမိနေထိုင်ရာဒေသ အနီး ဝန်းကျင်ရှိ စစ်ရေးသတင်းများကို နားစွင့်ကာ စစ်ကောင်စီ၏လက်နက်ကြီးနှင့် လေယာဉ် အန္တရာယ်ကို ကာကွယ်နိုင်ရေးကြိုတင်ပြင်ဆင်ထားကြရန်နှင့် လုံခြုံသည့်နေရာများ၌သာ နေထိုင် ပေးကြရန် သတိပေးတိုက်တွန်းထားသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *