Author: Baby Yit Lone
-

မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ် လုယက်နေသည့် ပြည်သူ့စစ် ၃ ဦးကို ဖမ်းမိ
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ဆိုင်ကယ်တွေကို ဖမ်းဆီးလုယက်နေတဲ့ ရဲမွန်တောင် ပြည်သူ့စစ် ၃ ယောက်ကို စက်တင်ဘာ ၉ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၈ ရက် ည ၁၀ နာရီခွဲက ရဲမွန်တောင်ရပ်ကွက်၊ ၅၈ လမ်း ၄၁ လမ်းမှာ လူငယ် ၃ ယောက်ကို ပြည်သူ့စစ် ၅ ယောက်က စစ်ဆေးမယ်ဆိုပြီး ဖမ်းဆီးကာ ဆိုင်ကယ်နဲ့ ဖုန်းတွေ လုယက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ကား ၂ စီးနဲ့ ရောက်လာပြီး ကလေးတွေကို ခြိမ်းခြောက် ရိုက်နှက်ပြီး ဆိုက်ကယ်တွေရော ဖုန်းတွေရော လုသွားတာ၊ ၅ ယောက်၊ စစ်တပ်က ဖမ်းမိတော့ ၃…
-
ဧရာဝတီ-ရခိုင်နယ်စပ်၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်က ရိုးလမ်းတွေပေါ်နဲ့ လေးမျက်နှာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ရေကြည်မြို့နယ်ထဲက ကျေးရွာတွေကိုလည်း နေရပ်စွန့်ဖို့ ဖိအားပေးနေကြောင်း ဒေသခံတွေကပြောပါတယ်။ အာရက္ခတပ်တော် (AA) က ဘောမိရွာကိုထိန်းနိုင်ချုပ်ခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းလောက်ကစလို့ ဧရာဝတီတိုင်းထဲက ရေကြည်၊ သာပေါင်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အစွန်အဖျားတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။ ဒါပေမဲ့ နှစ်ဖက်လုံးက အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်တာမျိုးမရှိခဲ့ဘဲ အခု စက်တင်ဘာလထဲ မှာတော့ ရခိုင်နဲ့ ဧရာဝတီအစပ် ဂွ-ငသိုင်းချောင်း ရိုးလမ်းပေါ်အပြင် လေးမျက်နှာမြိုနယ်ဘက်ကိုပါ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အကြောင်း မြေပြင်ဒေသခံက ပြောပြပါတယ်။ ရခိုင်-ဧရာဝတီအစပ်မှာ နေထိုင်တဲ့ ဒေသခံတယောက်က “ဟိုတရက်က စစ်ကြောင်း ၃ ကြောင်းတက်သွားတယ်။ ၃၄၄ ရှေ့က ကျနော်တို့ ရခိုင်ဘက်ကိုတက်တဲ့ ရိုးလမ်း၊ မနေ့ကပေါ့။ တိုက်ပွဲကတော့…
-

အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင်
BGF ၏ လမ်းပြကူညီမှုဖြင့် အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုပုတ်ခတ်နေသော စစ်တပ်ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းများက BGF ခေါ် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့များ၏ ကူညီထောက်ပံ့မှုများဖြင့် ကော့ကရိတ်-မြ၀တီ လမ်းပိုင်းကို ယခုရက်ပိုင်းအတွင်း ထိုးဖောက်လာနိုင်ခဲ့ပြီး ယင်းသို့ ထိုးဖောက်လာသော စစ် တပ်စစ်ကြောင်းများကို ဦးစီးနေသူမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် (ခေါ်) စစ်တပ် ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်ဖြစ်သည်။ အမေရိကန်က နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော BGF/ KNA မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ကူညီမှုများဖြင့် ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် ဦးစီးသော စစ်တပ်စစ်ကြောင်းများက…
-

မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး
မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု အာရက္ခတပ်တော် (AA) ထုတ်ပြန် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြား စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည့် အသေးစိတ်အချက်အလက်များအရ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၉၅) မှ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သော စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၇ ရက်နေ့တွင် ငဖဲမြို့နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်စွာ…
-

လူမဆန်တဲ့ လုပ်ရပ်တခု
လူမဆန်တဲ့ လုပ်ရပ်တခု ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူ မသန်စွမ်းကို မုဒိမ်းကျင့်တယ်တဲ့ဗျာ။ ကောင်းမွန်စွာနဲ့ အိမ်ပြန်ရောက်ပါပြီ။ မြို့မ ရဲစခန်းလည်း ရောက်ခဲ့ပါတယ်။ လွတ်ရိုး ထုံးစံမရှိပါတဲ့။ တရားလွတ်တော်ရှေ့နေကလည်း အစစ အရာရာ ကူညီ ပေးပါမယ်။ ရပ်ကျေးအုပ်စုလည်း ရပ်တည် လုပ်ဆောင်ပေးပါမယ်တဲ့။ အမှုအတွက်လည်း ပူစရာမလိုတော့ပါဘူး။ မိသားစုကလည်း အားလုံး ဆက်လုပ်ဖို့ လက်ခံပေးပါတယ်။ အကူအညီတောင်းလို့ သွေးပါ လှူပေးခဲ့ရပါတယ်။ စိတ်ပူပေးလို့ အားလုံးကျေးဇူးပါ။ အမှန်တရားဆိုတာက ဘာမှ ဖုံးကွယ်မရပါဘူးဗျာ။ သူ့ ကံနဲ့သူသွားမှာပါ။ နောက်ဆို ဒါလိုမျိုးတွေက မဖြစ်သင့်အောင် ပူးပေါင်းကာကွယ်ရမယ်။ ပထမအကြိမ် ကိုယ်ဝန်ရတုန်းက ဖျက်ချတယ်။ ခုနောက်တကြိမ်က ၇ လ ထပ်ဖျက်ချဖို့ ကြိုးပမ်းတယ်။ အမေဖြစ်သူကလည်း လင်ကိုကြောက်တော့ လင်ဘက်ပဲ ပါတယ်။ ပေါက်ကြားရင် အားလုံးသတ်ပစ်မယ်…