Author: Baby Yit Lone

  • မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ‘ဧရာဝတီမ’ ဟု လူသိများသည့် မြန်မာအွန်လိုင်းဆယ်လီ LGBT တစ်ဦး အဓမ္မပြုကျင့် လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ မဲဆောက်မြို့၊ မယ်တောင်နယ်မြေ၊ TK ကြီးရပ်ကွက်ရှိ ယာခင်းတစ်ခုအတွင်း သတ်ဖြတ်စွန့်ပစ်ထားသည့် ၎င်း၏ရုပ်အလောင်းကို ယနေ့ ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ‘ဧရာဝတီမ’ သည် ဇန်နဝါရီ ၁၉ ရက် ည ၁၂ နာရီကျော်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်းနှင့် နီးစပ်သူများက လူမှုကွန်ရက်တွင် လူပျောက်ကြောင်း အကူအညီတောင်းခံထားသူ ဖြစ်သည်။ ရုပ်အလောင်းကို တွေ့ရှိချက်အရ အဓမ္မ ပြုကျင့်ပြီး ဝါးရင်းတုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကာ ၎င်းနှင့်အတူပါသွားသည့် iPhone 17 Pro Max နှစ်လုံး၊ ရွှေဆွဲကြိုး၊…

  • Killin’ Jim Kelly

    Killin’ Jim Kelly

    Killin’ Jim Kelly (2025) 1875 ခုနှစ် တက္ကဆက်ပြည်နယ်မှာ သူတစ်လူငါတစ်မင်းနဲ့ ကောင်းဘွိုင်တွေရဲ့လက်ထဲကခြောက်လုံးပြူးတစ်လက်ဟာ ဥပဒေတစ်ခုဖြစ်နေခဲ့တယ်။ လူဖြူလူမည်းခွဲခြားမှုကလည်း အရမ်းပြင်းထန်နေတဲ့အချိန်ဖြစ်ပြီး ခေတ်ကာလအခြေအနေဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကထားလုပ်ကိုင်နေကြတဲ့အချိန်တစ်ခုပေါ့.. နွားသူခိုး မြင်းသူခိုးတွေဟာလည်း သေနတ်တကားကားနဲ့ ထင်တိုင်းကျဲနေကြတဲ့အန္တရာယ်ကိုကာကွယ်ဖို့ မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ကိုယ်ပိုင်လုံခြုံရေးကောင်းဘွိုင်တွေကိုအလုပ်ခန့်ပြီး တာဝန်ပေးခဲ့ကြရတော့တယ်။ ဒီထဲမှာ လူမည်းကောင်းဘွိုင်တစ်ယောက်ဟာ သူ့မိတ်‌ဆွေတစ်ယောက်အသတ်ခံလိုက်ရပြီး ကျန်ရစ်သူမိသားစုကိုစောင့်ရှောက်ဖို့နဲ့ သူ့မိတ်ဆွေကိုသတ်သွားတဲ့သူကိုလက်စားခြေပြီး ဒီလိုသတ်ဖြတ်တဲ့အလုပ်ကိုစွန့်လွှတ်ပစ်ဖို့ကြားမှာ လွန်ဆွဲရတဲ့အကြောင်းလေးကိုပုံဖော်ထားတာပဲဖြစ်ပါတယ် ကြည့်ရှုခံစားကြပါဦး။

  • Holy Cash

    Holy Cash

    Holy Cash (2025) မက္ကဆီကန်-အမေရိကန်လူရွှင်တော်ကြီး ပေါလ်ရိုဒရီဂတ်ဇ်ရဲ့ ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ထောင်ထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့တဲ့ လူလိမ် ပါဘလို။ ထောင်ထဲကို ကိုယ်လုံးတီးဝင်ခဲ့တဲ့အတွက် ပြန်ထွက်ချိန်မှာ ထောင်ကအစောင့်တွေ စနောက်ပြီးပေးလိုက်တဲ့ သင်းအုပ်ဆရာဝတ်စုံနဲ့ ထွက်ချလာခဲ့ပါတယ်။ ဒီမှာပဲ ဘာသာရေးနဲ့လုပ်စားတာက ငွေရလွယ်တာကို ပါဘလိုတစ်ယောက်သိသွားပြီး ဘာသာရေးကိုခုတုံးလုပ် လိမ်စားဖို့ ကြံပါတော့တယ်။ နိုင်ငံအဆင့်ထိ တီဗီရှိုးကနေတဆင့်လိမ်စားဖို့ အချီကြီးကြံခဲ့တဲ့ ပါဘလိုတစ်ယောက် ဘယ်လိုအလွဲအချော်တွေနဲ့ ကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။

  • Chainsaws Were Singing

    Chainsaws Were Singing

    Chainsaws Were Singing (2025) အသစ်အဆန်းများပြုလုပ်တတ်တဲ့ အင်ဒီဇာတ်ကားထဲမှာမှ သွေးသံတရဲရဲဖြစ်နေပမေယ့် ဟာသဆန်တဲ့ ဇာတ်ကားမျိုးကိုကြိုက်တဲ့သူအတွက်တော့ ဒီဇာတ်ကားက ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ပြောရမှာပါ။ ဇတ်လမ်းအကျဉ်း တွမ်နဲ့ မာရီယာတို့နှစ်ယောက်ဟာ အမှတ်မထင်ဘဲ အဝေးပြေးလမ်းမတစ်ခုမှာ တွေ့သွားပြီး ချစ်ကြိုက်သွားတဲ့ သမီးရည်းစားနှစ်ဦးဖြစ်ပါတယ်။ နှစ်ယောက်အတူရှိနေလိုက်ရတဲ့အချိန်ဟာ အကြာကြီးမဟုတ်ပေမယ့်လည်း အချစ်ကြီးတဲ့အတွက် လက်တွဲမဖြုတ်ဖို့စဉ်းစားထားကြသူနှစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလို လွှစက်ကြီးကိုင်ထားတဲ့လူတစ်ယောက်က သူလာတဲ့လမ်းမှာ တွေ့ကရာလူမှန်သမျှကို လွှနဲ့ဖြတ်ပြီး လိုက်သ-တ်နေတာပါ။ ဒီလိုနဲ့ လွှစက်လူသ-တ်သမားကြီးဟာ မာရီယာကိုတွေ့သွားတဲ့နောက်ပိုင်းမှာ မာရီယာ့ကို မသ-တ်ဘဲ ကားနဲ့ ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ တွမ်ဟာ မာရီယာ့ကို ကယ်ဖို့အတွက် သူ့သူငယ်ချင်း ဂျန်နဲ့ တောအုပ်အနီး ခရီးတော်ပုံစထွက်လာပါတော့တယ်။

  • Friend: The Great Legacy

    Friend: The Great Legacy

    Friend: The Great Legacy (2013) ဒီတစ်ခေါက် ပြန်လည်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားကတော့ ၂၀၀၁ခုနှစ်က နာမည်ကြီးခဲ့တဲ့ “Friend” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ၁၇နှစ်အကြာမှာ ဖြစ်ပျက်တဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ Castတွေအဖြစ် Friend 1 တုန်းကပါဝင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Yu Oh Seong, Joo Jin Mo တို့အပြင် မင်းသားချော Kim Woo Bin ကလည်း အသစ်ပါဝင်လာပါတယ်။ ဇာတ်လမ်းကတော့ သူငယ်ချင်းဖြစ်သူကို သတ်မှုနဲ့ ထောင်ကျ‌နေခဲ့တဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင် အီဂျွန်ဆော့ (Yu Oh Seong) ဟာ ၁၇ နှစ်အကြာမှာ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ ဒါပေမဲ့ သူ ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ ဦးဆောင်ခဲ့တဲ့ဂိုဏ်းကို သစ္စာဖောက်ခေါင်းဆောင်သစ်တစ်ဦးက အုပ်ချုပ်နေပြီး…