အလွန့်အလွန် အားကောင်းတဲ့ စူပါအအေးလှိုင်းကြီး လာပြီ 🚨

နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ကယားပြည်၊ ရခိုင်ပြည်နဲ့ ကရင်ပြည် အထက်ပိုင်းဒေသများက မိတ်ဆွေတို့ရေ။

စေတနာရှေ့ထားပြီး အချိန်နဲ့တပြေးညီ တင်ပေးလိုက်ပါတယ်။

ဒီည ဖေဖော်ဝါရီ ၁၆ရက် ညပိုင်းနဲ့ မနက်ဖြန် ၁၇ ရက်မနက်ပိုင်းမှာ အလွန့်အလွန် အားကောင်းတဲ့ စူပါအအေးလှိုင်းကြီး ဖြတ်သန်းပါမယ်။ 🥶

ရိုးရိုးအအေးလှိုင်း အဆင့်ကနေ ရုတ်တရက် စူပါအအေးလှိုင်းကြီးအဖြစ်သို့ ဒီညမှာ ကူးပြောင်းသွားမှာဖြစ်လို့ နီးစပ်ရာ အမြန်မျှဝေ ပြောပြလိုက်ကြပါ။

စူပါအအေးလှိုင်းကြီး အဓိကဖြတ်သန်းမယ့် ဒေသများက နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ဧရာဝတီမြောက်ပိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့ပဲ ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေကို ဒီည အထူးဂရုစိုက်ပေးကြပါနော်။

အားလုံးလဲ ဒီည နွေးနွေးထွေးထွေး နေကြပါ။

ဒီတစ်ညပြီးရင်တော့ ရိုးရိုးအအေးလှိုင်း ပြန်ဖြစ်သွားပါမယ်။

ရုတ်တရက် ပြောင်းလဲသွားတဲ့ ရာသီဥတုမို့ အချိန်နဲ့တပြေးညီ သိရှိကြဖို့ အမြန်ရေးပေးလိုက်ပါတယ်။

မြို့တစ်မြို့စီရေးပေးဖို့ အချိန်မလုံလောက်လို့ မိမိမြို့နယ်ပါမပါ သိချင်ရင် မန့်ခဲ့ပါ။ အားရင်အားသလို ပြန်ဖြေပေးပါမယ်ဗျ။ အားလုံး အထူးဂရုစိုက်ကြပါဗျာ။

Data Source:GFS/ECMWF/ICON/JMA/UKMO/GEM

16-02-2026/2:40PM

Dr. Sai Khun Arkar

Professional Research Meteorologist

Atmospheric Scientist


Comments

Leave a Reply

Your email address will not be published. Required fields are marked *