Author: Baby Yit Lone

  • Luck-Key

    Luck-Key

    Luck-Key (2016)

    ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်ဟာသကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    ဒီကားလေးထဲမှာတော့ Exhumaထဲမှ Yoo Hae-jin, The Escape of the Sevenထဲမှ Lee Joon, The Glory ထဲမှ Lim Ji-yeonနဲ့ Jo Yoon-heeတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဟျောင်းအု (Yoo Hae-jin)ဟာ ပိုက်ဆံချမ်းသာတဲ့ ကြေးစားလူသတ်သမားတစ်ဦးဖြစ်ပြီး
    အပ်လာတဲ့အလုပ်တိုင်းကို ၁၀၀%အောင်မြင်အောင်လုပ်နိုင်သူပါ။

    ဂျယ်ဆောင်း (Lee Joon) ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေသူဖြစ်ပေမဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး အိမ်ငှားခကိုတောင် မပေးနိုင်တဲ့အခြေအနေပါ။

    အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ မသေခင်မှာ နောက်ဆုံးအနေနဲ့ ကိုယ်လက်သန့်စင်ဖို့ အများသုံးရေချိုးခန်းကို ထွက်လာခဲ့ပါတယ်။

    အဲဒီနေ့မှာပဲ ဟျောင်းအုကလည်း အများသုံးရေချိုးခန်းကို လာပြီး ဆပ်ပြာတုံးကို တက်နင်းမိကာ ချော်လဲပြီးသတိမေ့သွားခဲ့ပါတယ်။

    ဖြစ်စဥ်ကို အစအဆုံးမြင်ခဲ့တဲ့ဂျယ်ဆောင်းဟာ ချမ်းသာတဲ့ဘဝကို တစ်ရက်တာလောက် ဖြတ်သန်းချင်တဲ့စိတ်နဲ့ ပစ္စည်းတွေ ထားထားတဲ့ လော့ကာ သော့ချင်း မသိအောင် လဲလှယ်လိုက်ပါတော့တယ်။

    တစ်ရက်ပြည့်ပြီးနောက် ပစ္စည်းတွေပြန်ပေးဖို့ ဟျောင်းအု တက်နေတဲ့ ဆေးရုံကို လိုက်သွားတဲ့အခါမှာ ဟျောင်းအုက အတိတ်မေ့ပြီး သူ့ကိုယ်သူ ဆောင်းဂျယ်လို့ပဲ ထင်နေတာကို တွေ့လိုက်ရတာမို့လို့ ပစ္စည်းတွေကိုပြန်မပေးဘဲ ဒီအတိုင်းဆက်နေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

    အတိတ်မေ့နေတဲ့ လူသတ်သမားနဲ့ လူမသိ သူမသိသရုပ်ဆောင်တို့နှစ်ယောက် နေရာချင်းလဲပြီး နေထိုင်တဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။

  • The Ride

    The Ride

    The Ride (2025)

    ဘယ်ရီနဲ့လီယိုတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်အခြေအနေချင်း၊လူချင်း ဝေးကွာနေကြတဲ့သားအဖတွေဖြစ်ပြီး အခုချိန်မှာတော့ ဇနီး/မိခင် ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကြောင့် အတူတူခရီးထွက်ကြရဖို့ဖြစ်လာခဲ့ပါတယ်။

    ဖခင်တာဝန်၊ ခင်ပွန်းသည်တာဝန်မကျေခဲ့တဲ့ ဘယ်ရီအပေါ် လီယိုက ခပ်စိမ်းစိမ်းရှိနေခဲ့သလို သူ့အဖေ ဘာတွေလုပ်နေခဲ့လဲဆိုတာတွေအပေါ်ကိုလည်း စိတ်မဝင်စား၊မသိပါဘူး။

    တကယ်တမ်းတော့ အကြောင်းသိလာတဲ့အချိန်ကလည်း ဒီခရီးစဉ်မှာဖြစ်ပြီး ဂိုဏ်းဂဏ အာဏာလုပွဲတွေကြားမှာ ဇယားရှုပ်ထားတဲ့ ဖခင်ဖြစ်သူ ဘယ်ရီ လက်ချက်ကြောင့် သူတို့သားအဖရဲ့ခရီးစဉ်ဟာ သေပြေးရှင်ပြေး ခရီးဖြစ်လာပါတော့တယ်။

  • Misteri Rumah Darah

    Misteri Rumah Darah

    Misteri Rumah Darah (2025)

    သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်

    Believe It Or Not ဆိုတာ သရဲခြောက်ပါတယ်ဆိုတဲ့ နေရာတွေကို လိုက်လံရိုက်ကူးတင်ဆက်နေတဲ့ နာမည်ကျော် Reality Show တစ်ခုဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် သွေးစွန်းစံအိမ် လို့အမည်ရတဲ့ Location တစ်ခုမှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေ ရက်ရက်စက်စက် အသတ်ခံရခဲ့ပြီးတဲ့နောက်မှာ ရပ်နားခဲ့ရပါတယ်။

    အခုချိန်မှာတော့ အဖွဲ့သားအသစ်တွေနဲ့အစီအစဉ်ကို ပြန်အသက်သွင်းဖို့ကြိုးစားချိန်မှာ ရိုက်ကူးရေးအဖွဲ့ထဲက လူဖီးယား ဆိုတဲ့ ကောင်မလေးဟာ တည်းဖြတ်ခန်းထဲမှာ သွေးစွန်းစံအိမ် episode ရဲ့တိတ်ခွေကိုမတော်တဆ ရှာတွေ့ခဲ့ရာကနေ ထူးခြားတဲ့ခြောက်လှန့်မှုတွေ တမလွန်က ဆက်သွယ်မှုတွေကိုပါ တောက်လျှောက်ခံစားရပါတော့တယ်။

    သွေးစွန်းစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်ဆိုတဲ့အတိုင်း လူဖီးယားဟာ ဒီအိမ်နဲ့ဘယ်လိုပတ်သက်ဆက်နွယ်မှုတွေရှိနေသလဲ?

    ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ ရက်စက်တဲ့လူသတ်မှုတွေရဲ့တရားခံဟာ ဘယ်သူလဲ? ဇာတ်လမ်းထဲမှာ အဖြေရှာရမယ့် လျှို့ဝှက်သည်းဖို့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Kangaroo

    Kangaroo

    Kangaroo (2025)

    ရုပ်ဖြောင့်တယ်။ ယောက်ျားပီသတယ်။ အာဝဇွန်းရွှင်တယ်။ နာမည်လည်းကြီးတယ်။

    မိုးလေဝသ သတင်းကြေညာတဲ့ ဩစတေးလျသား ခရစ် မာစတာမန်းဟာ ဒီဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီတဲ့ လူတစ်ယောက်ပေါ့။

    သူဟာ အလုပ်နဲ့ပတ်သတ်ရင် ကိုယ်ပိုင်ရှိးတစ်ခုကို ဦးဆောင်ရတဲ့ အစီအစဉ်မှူးတစ်ယောက် ဖြစ်ချင်တဲ့အထိ ရည်မှန်းချက်ကြီးသူတစ်ယောက်ပါ။

    ဒါပေမဲ့ သူဟာ တစ်နေ့မှာ နာမည်ပေါက်ချင်ဇောနဲ့ လင်းပိုင်တစ်ကောင်ကို သတ်မိတဲ့အခါမှာတော့ ဘဝဟာ စုန်းစုန်းမြုပ်ပါတော့တယ်။

    ဘယ်သူမှ ခေါ်မငှါးချင်တော့တဲ့ နာမည်ကြီးသတင်းကြေညာသူဟာ သားပိုက်ကောင်တွေ ရှိတဲ့ နယ်မြိုလေးဆီ ကံအကြောင်းမလှစွာ ရောက်ရှိသွားတဲ့အခါမှာတော့…။

    မြိုသားစစ်စစ်က တောကိုရောက်ရှိသွားတဲ့ ဒီဇာတ်လမ်းမှာ ဘယ်လိုအလွဲတွေဆက်ဖြစ်မလဲဆိုတာကို ကြည်နူးမှုတွေ၊ အခွီတွေ၊ ဗဟုသုတတွေ ရောပြွန်းပြီး ကြည့်ရမှာမို ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်တာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်တာဖြစ်ဖြစ် အရမ်းကို သင့်တော်မယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်မယ်ဆိုတာ အာမခံပါတယ်။

  • Hag

    Hag

    Hag (2025)

    ဘဝထဲကိုသူငယ်ချင်းဟောင်းတစ်ယောက် ပြန်ဝင်လာတာဟာကံကောင်းခြင်းလား ဒါမှမဟုတ် ငရဲတံခါး ပွင့်သွားတာလားဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။

    အခုတင်ဆက်ပေးမှာကတော့ Hag ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

    Hagဟာ ရိုးရိုးတန်းတန်း Horror ကားတွေနဲ့မတူဘဲ စွဲလမ်းမှုရဲ့ အနက်ရှိုင်းဆုံး အမှောင်ခြမ်းကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။

    ဂီတလောကမှာ နေရာတစ်ခုရဖို့ ရုန်းကန်နေရတဲ့ရိုဝန်ရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝထဲကို တချိန်ကရင်ခုန်ခဲ့ဖူးတဲ့ ငယ်သူငယ်ချင်း မဂ် ပြန်ရောက်လာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတယ်။

    သူမဟာ အစပိုင်းမှာတော့ ကူညီတတ်တဲ့၊ နားလည်ပေးတတ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပေါ့။

    ဒါပေမဲ့ “ဂရုစိုက်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုဝန်ရဲ့ ပတ်ဝန်းကျင်က လူတွေကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားပစ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့…