Author: Baby Yit Lone
-

Keys to the Heart
Keys to the Heart (2018) လတ်တလော Hit ဖြစ်နေတဲ့ Hwasa ရဲ့ Good Goodbye MV က မင်းသား ဘတ်ဂျောင်မင်းနဲ့အတူ အထူးတလည် ညွှန်းနေစရာမလိုတဲ့ မင်းသားကြီး အီဗြောင်ဟွန်း၊ ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ပရိသတ်အချစ်ကိုရထားတဲ့ မင်းသမီး ဟန်ဂျီမင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်… အရက်မူးလာတိုင်း ရိုက်နှက်တတ်တဲ့ ဖခင်ဖြစ်သူကြောင့် အမေဖြစ်သူကပါ အိမ်ကထွက်သွားပြီး ငယ်ရွယ်သေးတဲ့ အလယ်တန်းအရွယ်ကတည်းက မိဘမေတ္တာကို မရရှိခဲ့တဲ့ ဂင်ဂျိုဟာ… မိဘမဲ့လို လောကကြီးကိုအရွဲ့တိုက်ရင်း တစ်ယောက်တည်းကြီးပြင်းလာရတဲ့ ဂျိုဟာဟာ လမ်းလွဲမရောက်သွားဘဲ လက်ဝှေ့ချန်ပီယံပါဖြစ်ခဲ့ပေမဲ့ လက်ရှိတော့ လောင်းကြေးအနေနဲ့ လိုက်ထိုးပြီးပဲ ခက်ခဲစွာ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်… တစ်နေ့တော့ အိမ်ကထွက်သွားတဲ့ အမေဖြစ်သူနဲ့ပြန်တွေ့ပြီး အမေ့ရဲ့ဖိတ်ခေါ်မှုကြောင့် အမေ့အိမ်ပေါ်ကို…
-

Cold Prey III
Cold Prey III (2010) အရင်တစ်ခါတင်ဆက်ပေးထားတဲ့ နော်ဝေးသာမက ဥရောပရဲ့ခေတ်သစ်ဂန္ဓဝင် Slasher Triology လို့ဆိုကြတဲ့ Cold Prey ရဲ့နောက်ဆုံးကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Prequel ဖြစ်သွားပြီး Mountain man ရဲ့မူလဇစ်မြစ်ဖြစ်တည်ရာကိုတွေ့ကြရမှာပါ။ ၁၉၇၀ ဝန်းကျင် တောင်တန်းတွေပေါ်က Stehøfjell ဆိုတဲ့ ဟိုတယ်ကြီး။ အဲ့ဒီဟိုတယ်ပိုင်ရှင်လင်မယားရဲ့သား၊ ဖခင်ဖြစ်သူရဲ့ရက်ရက်စက်စက်နှိပ်စက်မှုကို ခံနေရတဲ့ ကောင်လေးတစ်ယောက်။ တစ်နေ့မှာတော့ အဲ့ဒီကောင်လေးဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့သလိုသူပျောက်ပြီး နောက်ရက်ပိုင်းအကြာမှာပဲသူ့မိဘတွေပါ ခြေရာလက်ရာမကျန်အောင်ပျောက်သွားတဲ့နောက် အဲ့ဒီဟိုတယ်ဟာ ထိန်းသိမ်းစောင့်ရှောက်မယ့်သူမရှိပဲအစွန့်ပစ်ခံဖြစ်သွားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာမှာတော့ အဲ့ဒီတောင်ပေါ်က စွန့်ပစ်ဟိုတယ်ကြီးကိုတစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားပြီးလေ့လာဖို့ရောက်လာတဲ့ လူငယ်သူငယ်ချင်းတစ်စုဟာ Mountain man နဲ့ပထမဆုံးတွေ့ဆုံရမယ့် သားကောင်တွေဖြစ်လာတော့မှာပါ။ အရင်ကားတွေရဲ့အရှိန်ကိုလျော့မသွားစေပဲ ဆက်လက်သယ်ဆောင်သွားနိုင်တဲ့ Triology ကိုတစ်ပတ်လည်ပြီးပြည့်စုံသွားစေတဲ့ဇာတ်ကားကောင်းတစ်ကားအဖြစ် အသည်းတယားယားရင်တဖိုဖိုရှုစားရမှာပဲဖြစ်ပါတယ်။
-

Bump: A Christmas Film
Bump: A Christmas Film (2025) ခရစ္စမတ်ကာလမှာ အိမ်ထဲမှာ မိသားစုတွေစုပြီး ခရစ္စမတ်ဇာတ်လမ်းတွေကို ကြည့်ရတဲ့ အရသာကို ဘာနဲ့မှ လဲလိုမရပါဘူး။ ငယ်ငယ်လေးကတည်းက Home Alone တိုလို Fun ဖြစ်တဲ့ ဇာတ်လမ်းလေးတွေနဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော်တိုအဖို ဒီဇာတ်လမ်းလေးက အင်မတန်မှ family vibe အပြည့် ရစေပါတယ်။ ဒီကားလေးက အဓိကပေးတဲ့ Messaage က “တစ်ခါတလေ ဘဝရဲ့ အရေးကြီးဆုံး လက်ဆောင်တွေဆိုတာ အလွယ်တကူ ထုပ်ပိုးထားတာမျိုး မဟုတ်ပါဘူး” တဲ့။ ဇာတ်လမ်းအကျဉ်း ခရစ္စမတ် ဆောင်းတွင်းကာလတစ်ခုဟာ အိုလီ၊ ဆန်တီနဲ့ မိသားစုအတွက် အိမ်ထြမှာတင် စားကြသောက်ကြရင်း ပြီးသွားတဲ့ ခရစ္စမတ်ပွဲမျိုး မဟုတ်ခဲ့ပါဘူး။ သူတိုအားလုံးဟာ အမေကြီး အန်ဂျီနဲ့အတူ ပျော်စရာအချိန်တွေ…
-

Battle of Jangsari
Battle of Jangsari (2019) ဒီတစ်ခါမှာတော့ ၁၉၅၀ ခုနှစ်၊ စက်တင်ဘာလ ၁၄-၁၅ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ၊ မြောက်ဂယောင်းဆန်းပြည်နယ်၊ ယောင်းဒေါ့မှာရှိတဲ့ ဂျန်ဆာရီကမ်းခြေမှာ ဖြစ်ပွါးခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ action-war ဇာတ်လမ်းအမျိုးအစားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ မင်းသားကြီး Kim Myung Min, Choi Min Ho, Kim Sung Cheol, Lee Jae Wook, Kwak Shi Yang နဲ့အတူ မမလှလှ Megan Fox တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း တပ်မှူးကြီးအီမြောင်ဂျွန် ဦးဆောင်တဲ့ ကျောင်းသား စစ်သား ၇၇၂ ယောက်ပါဝင်တဲ့ ဂယ်လီလာတပ်ဖွဲ့ဟာ မွန်းဆန်းဟိုသင်္ဘောကို…
-

In Our Blood
In Our Blood (2025) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်ထွက် သဲထိတ်ရင်ဖို/လျှို့ဝှက်ဆန်းကြယ် အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ရုပ်ရှင်ဝါသနာရှင် အမ်မလီဝိုင်လန်း ဟာ တစ်နေ့မှာတော့ ဝေးကွာနေခဲ့တာကြာပြီဖြစ်တဲ့ အမေဖြစ်သူဆီကနေ တွေ့ချင်တဲ့အကြောင်း စာတစ်စောင်ရခဲ့ပါတယ်။ စာထဲမှာတော့ အမ်မလီကို တွေ့ချင်ကြောင်းနဲ့ ဆေးဖြတ်လိုက်ပြီဖြစ်ကြောင်းရေးထားတာပါ။ အမေဖြစ်သူက အမ်မလီ ငယ်စဥ်တုန်းက ဆေးစွဲနေခဲ့တာဖြစ်ပြီး အမ်မလီ့ကို ဂရုမစိုက်နိုင်ခဲ့တာကြောင့် တရားရုံးအမိန့်နဲ့ ကလေးကို အုပ်ထိန်းခွင့်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက်ဝေးကွာနေခဲ့ပြီးနောက်မှာ အမ်မလီလည်း စာကို ရရှိပြီးတဲ့နောက် ခရီးသွားမှတ်တမ်းလေးနဲ့ သားအမိနှစ်ယောက် ပြန်ပေါင်းစည်းတဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးမယ်လို့ စိတ်ကူးရင်း ကင်မရာသမားတစ်ယောက်ငှါးပြီး ခရီးထွက်လာခဲ့ပါတော့တယ်။ အမ်မလီ ရဲ့ ငယ်မြို့လေးဖြစ်တဲ့ လက်ခရူးဆက် ကို ပြန်ရောက်တဲ့အခါမှာတော့ အမေဖြစ်သူက စာထဲကအတိုင်း ဆေးပြတ်သွားပြီဖြစ်ပြီး လူမှုကူညီရေးလုပ်ငန်းတွေမှာလည်း လုပ်ကိုင်နေပါပြီ။…