📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Battle of Jangsari

Battle of Jangsari (2019)

ဒီတစ်ခါမှာတော့ ၁၉၅၀ ခုနှစ်၊ စက်တင်ဘာလ ၁၄-၁၅ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ၊ မြောက်ဂယောင်းဆန်းပြည်နယ်၊ ယောင်းဒေါ့မှာရှိတဲ့ ဂျန်ဆာရီကမ်းခြေမှာ ဖြစ်ပွါးခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ action-war ဇာတ်လမ်းအမျိုးအစားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Cast တွေအနေနဲ့ မင်းသားကြီး Kim Myung Min, Choi Min Ho, Kim Sung Cheol, Lee Jae Wook, Kwak Shi Yang နဲ့အတူ မမလှလှ Megan Fox တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း

တပ်မှူးကြီးအီမြောင်ဂျွန် ဦးဆောင်တဲ့ ကျောင်းသား စစ်သား ၇၇၂ ယောက်ပါဝင်တဲ့ ဂယ်လီလာတပ်ဖွဲ့ဟာ မွန်းဆန်းဟိုသင်္ဘောကို စီးပြီး သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဂျန်ဆာရီကမ်းခြေဆီကို ဦးတည်နေပါတယ်။

သူတို့ရဲ့ တာဝန်ကတော့ တောင်ကိုရီးယားတပ်ဖွဲ့က အဲဒီနေရာမှာ နောက်ဆုံး ထိုးစစ်ဆင်မယ်ဆိုပြီး မြောက်ကိုရီးယားတွေကို ယုံအောင် လှည့်စားဖို့ပါပဲ။

ဒါပေမယ့် အဲဒီလို လှည့်စားနိုင်ဖို့ဆိုရင် အင်ချွန်းဆိပ်ကမ်းကပ်တဲ့ စစ်ဆင်ရေးကို အရင်ဆုံး အောင်မြင်စွာ လုပ်ဆောင်ဖို့ကလည်း လိုအပ်ပြန်နေပါသေးတယ်။

တစ်ဖက်မှာလည်း အမေရိကန်သတင်းထောက်ဖြစ်တဲ့ စစ်ရေးသတင်းထောက်မလေးဟာ ကိုရီးယားစစ်ပွဲအခြေအနေကို အဆက်မပြတ် ဖော်ပြပြီး လက်နက်ခဲယမ်း၊ ရိက္ခာမလုံလောက်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ အကူအညီရရှိဖို့အတွက် ကြိုးစားပေးနေပေမယ့် အခြေအနေတွေက အဖက်ဖက်က မလွယ်ကူတဲ့အခါမှာတော့………

တပ်မှူးကြီး အီမြောင်ဂျွန်နဲ့ လေ့ကျင့်ရေး ၂ ပတ်သာ ဆင်းရသေးပြီး စစ်ရေးအတွေ့အကြုံ လုံးဝ မရှိတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသား စစ်သား ၇၇၂ ယောက်တို့ ဂျန်ဆာရီကမ်းခြေမှာ သူတို့ရဲ့ စစ်ဆင်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်သွားမလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ရအောင်နော်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်