Author: Baby Yit Lone
-

ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်
ကောလင်းတိုက်ပွဲကို စစ်ကူလာတဲ့တပ်ရင်းကို PDF တွေကြားဖြတ်တိုက်ခိုက်၊ ၃ ဦးသေဆုံး ၇ ဦးဖမ်းမိ ကောလင်းတိုက်ပွဲကို စစ်ကူပို့တဲ့ ဝန်းသိုမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူ းပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိထားပါတယ်။ ဝန်းသိုမြို့နယ်၊အခြေစိုက် ခမရ (၁၂၀)တပ်ရင်းကနေ ကောလင်းမြို့ဘက်ကိုဦးတည်ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း (၄)နဲ့ပူးပေါင်းစစ်ကြောင်းတွေကဒီဇင်ဘာလ၂၁ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခမရ(၁၂၀)က တပ်မ(၃၃) လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာသေနတ် ၁၀ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်း နိုင်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့ အဓိကစခန်းတချို့ကို PDFတပ်ရင်းတွေနဲ့ ပူးပေါင်းတပ်တွေ ဒီဇင်ဘာလ၁၉ရက်နေ့ညမှာ စတင် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်က…
-

လားရှိုးမြို့ နေရာ ၃ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိနိုင်
ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ နေရာ ၃ ခုထက်မနည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။ လားရှိုးမြို့ ရပ်ကွက်- ၅ ရုံးနဲ့ ရပ်ကွက်- ၂ ရုံးတွေအပြင် ရပ်ကွက်- ၁၂ ရှိ လူနေထူထပ်တဲ့နေရာမှာ ဗုံး ၃ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ” ရပ်ကွက် ၂ နားတော့ လူမထိဘူးကြားတယ်။ ရပ်ကွက်- ၁၂ မှာတော့ လူများနေရာမှာ ပေါက်ကွဲတာ။ အထိအခိုက်တော့ မသိရသေးဘူး” လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဒီဗုံးပေါက်ကွဲမှု စစ်ကောင်စီရွေးကောက်ပွဲမှာ မပါဝင်ဖို့ သတိပေးတာဖြစ်နိုင်လို့ ၎င်းက…
-

မြောက်ဦးဆေးရုံ ဗုံးခွဲမှုနောက်က စစ်ကော်မရှင် ဝါဒဖြန့် လှည့်ကွက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်များမှ ဆေးရုံတိုက်ခိုက်မှုကို လျစ်လျူရှုပြီး သေဆုံးသူများမှာ AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ တိုက်ခိုက်မှုမှာ သတင်းပေးမှုကြောင့်ဖြစ်ကြောင်း စသည့် သတင်းတုများ၊ အချက်အလက်မခိုင်လုံသော ပုံများ နှင့် ဇာတ်လမ်းပုံဖော်မှုများကို စနစ်တကျ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ သတင်းတု ဖြန့်ဝေမှု စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များဖြစ်သည့် ကျော်စွာ၊ ရွှေဘ၊ ဟန်ငြိမ်းဦး၊ စစ်သွေး၊ ကကဟန် နှင့် ပုလဲမြေ စသည့် ချန်နယ်များမှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စာသားများအပြင် ထည့်သွင်းအသုံးပြုသည့် ပုံများလည်း…
-

Alibii . com
Alibii . com (2025) ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမောရမယ့် Rom-Com ကားလေးတစ်ကားဖြစ်တဲ့ Alibii.com နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ Alibii . com ဆိုတဲ့ Agency တစ်ခုအကြောင်းပါ။ ဒီ Agency က ဘာလုပ်ပေးလဲဆိုတော့ သူတို့ဆီလာတဲ့ ဖောက်သည်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပေးတာ၊ အထူးသဖြင့် ဖောက်ပြန်တာမျိုးလို ကိစ္စတွေကို လူမမိအောင် လိမ်ညာကူညီပေးတာ၊ အကြောင်းပြချက် (Alibi) တွေ ဖန်တီးပေးတာမျိုးတွေ လုပ်ပေးတာပေါ့ဗျာ။ သူများတွေ လျှို့ဝှက်ထားချင်တဲ့ ကိစ္စတွေကို အကောင်းဆုံး အကွက်ဆင်ပြီး ကူညီဖြေရှင်းပေးတဲ့ သဘောပေါ့။ ဒီလို လိမ်ညာမှုတွေကြားထဲက အလွဲတွေ၊ အချစ်အရှုပ်တော်ပုံတွေကို ရိုက်ပြထားပါတယ်။ ဒါရိုက်တာ Fajar Bustomi ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းက လေးလေးပင်ပင်ကြီး…
-

La Tahzan: Cinta, Dosa, Luka
La Tahzan: Cinta, Dosa, Luka… (2025) Norma တို့၊ Ipar Adalah Maut တို့လိုအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်ကားတွေ ဆက်တိုက်အောင်မြင်ပြီးတဲ့နောက်အလောင်တစ်လိုင်းဘက်ကို ခြေဦးလှည့်လာတဲ့ အင်ဒိုနီးရှားတို့ရဲ့နောက်ထပ်အလောင်ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကတော့အာလီနာနဲ့ရီဇာတို့ဟာ ရင်သွေးလေးနှစ်ယောက်နဲ့အတူ ပျော်စရာအိမ်ထောင်ရေးကိုထူထောင်ထားနိုင်ကြပြီး သူတို့အိမ်ထောင်ရေးကိုသူတို့အချစ်ကို ဘယ်လိုအရာ ဘယ်သူကမှ ဖျက်ဆီးလို့မရနိုင်ဘူးလို့ယုံမှတ်ထားကြသူတွေဖြစ်ပါတယ်။ အာလီနာကတော့ အောင်မြင်တဲ့အွန်လိုင်းရှော့ပင်းလုပ်ငန်းတစ်ခုကို ဦးဆောင်ပြီး လူမှုရေး ဘာသာရေးမှာလည်းတက်တက်ကြွကြွပါဝင်တတ်သူဖြစ်တဲ့အတွက် အိမ်မကပ်ရစတမ်းခရီးတွေထွက်နေရလေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ရဲ့အိမ်ထောင်ရေးသုခနဲ့ပျော်ရွှင်မှုအလုံးစုံကိုဖျက်ဆီးမယ့်အရာဟာ ကလေးထိန်းအမျိုးသမီးအသွင်နဲ့အိမ်ပေါ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီး အာလီနာ့အလစ်မှာ ခြေလှမ်းသွက်သွက်နဲ့ ရီဇာကို ချဉ်းကပ်ပါတော့တယ်။ မာယာများသလို အလှကြီးလှတဲ့ လူတွေရဲ့အထာတွေ အကြောတွေကိုလည်းသိပ်နပ်တဲ့ ဒီအမျိုးသမီးရဲ့လက်ကနေရီဇာတစ်ယောက်လွတ်အောင်ရုန်းနိုင်ပါ့မလား? အာလီနာကရော အချိန်မှီတားနိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ မာယာရှင်မိန်းမလှလေးအဖြစ် How to Survive a Marriage? ထဲက ထူးခြားတဲ့အလှပိုင်ရှင် Ariel Tatum ကဦးဆောင်ပါဝင်ထားပါတယ်။