Author: Baby Yit Lone
-

Illuminant Object
Illuminant Object (2025) အလင်းရောင်ဟာ လုံခြုံခြင်းရဲ့ အမှတ်အသားမဟုတ်တော့ပါ။ အလင်းရောင်ထွက်တဲ့ အရာအားလုံးနှင့် ဝေးဝေးနေပါ… လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ပွားခဲ့တဲ့ သဘာဝလွန်အလင်းရောင်ထွက်ပေါ်မှု ဖြစ်စဉ်တစ်ခုကြောင့် ကျန်းဖုန် ရဲ့ အခင်ဆုံးသူငယ်ချင်းတစ်ဦးဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆယ်နှစ်ကြာပြီးနောက် ကျန်းဖုန်ဟာ အမှန်တရားကို ရှာဖွေဖို့ ရိုက်ကူးရေးအဖွဲ့နဲ့အတူ အခင်းဖြစ်ပွားခဲ့ရာနေရာသို့ တစ်ကျော့ပြန် သွားရောက်ခဲ့ပါတယ် သူတို့ဟာ “အလင်းရောင်ထွက်သော တားမြစ်နယ်မြေ” ကို နောက်တစ်ကြိမ် ပြန်ရောက်သွားသောအခါမှာထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ အသိအမြင်တွေဟာ တဖြည်းဖြည်း ကမောက်ကမဖြစ်လာပြီး၊ ခန္ဓာကိုယ်ကလည်း တစတစ ယိုယွင်းလာတဲ့အပြင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများမှာလည်း တဖြည်းဖြည်း ပြိုကွဲလာခဲ့ပါတယ်။ တားမြစ်ထားတဲ့ ကြောက်မက်ဖွယ်အမှန်တရားဟာ အရာအားလုံးကို ပြန်လည်ပြုပြင်လို့မရနိုင်အောင် ဖျက်ဆီးပစ်တော့မှာဖြစ်တယ်။ အဲဒီအလင်းရောင်မှာ ဘယ်လိုစွမ်းအင်မျိုးတွေရှိနေတာလဲ…… ကျန်းဖုန်တို့အဖွဲ့ အလင်းရောင်ရဲ့…
-

Coppers (Aka) Scotoe
Coppers (2024) Coppers ဆိုတဲ့ဇာတ်ကားလေးကတော့ အမ်စတာဒမ်မြို့က ဒတ်ခ်ျ-မော်ရိုကန်နဲ့ ဒတ်ခ်ျ-တူရကီ ရဲဘော်နှစ်ယောက်ရဲ့ တလွဲတွေလုပ်ရင်း အမှုလိုက်ပုံကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Action, Comedy, Buddy-Cop ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Adil El Arbi နဲ့ Bilall Fallah တို့က ရိုက်ကူးထားပြီး သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်၊ မိသားစုဘဝပြဿနာတွေနဲ့ ယဉ်ကျေးမှုနောက်ခံ ဟာသတွေကိုပါ ထည့်သွင်းတင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါးကားလေးပါ။ ဇာတ်လမ်းအကျဥ်း ဇာတ်လမ်းကတော့ အမ်စတာဒမ်မြို့မှာ တာဝန်ကျတဲ့ ရဲဘော်နှစ်ယောက်ဖြစ်တဲ့ မို နဲ့ ဆိုင်းနို တို့အကြောင်းပါ။ သူတို့နှစ်ယောက်ဟာ အမှုလိုက်ရာမှာ ထူးချွန်ပေမဲ့ စည်းကမ်းမရှိဘဲ ဗရုတ်သုက္ခလုပ်ရပ်တွေကြောင့် အထက်အရာရှိရဲ့ နောက်ဆုံးသတိပေးခြင်းကို ခံထားရပြီးတစ်နေ့မှာတော့ ကိုကင်းမှောင်ခို အရောင်းအဝယ်ကြီးတစ်ခုကို ဖမ်းဆီးဖို့ တာဝန်ပေးခံရပါတယ်။ သူတို့နှစ်ယောက်ဟာ…
-

Groom & Two Brides
Groom & Two Brides (2025) Netflix ကနေ အချစ်၊ အလိမ်အညာနဲ့ အရှုပ်အထွေးတွေကြားက ရယ်စရာဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “Groom & Two Brides” ထွက်ရှိလာပါပြီ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် အာဒမ်ဟာ တစ်ချိန်က သူ့ဘဝရဲ့အချစ်ဦးဆာမာကို ရုပ်ရှင်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ကမ္ဘာပတ်ချင်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အငြင်းခံခဲ့ရသူပါ။ သုံးနှစ်ကြာပြီးနောက်မှာတော့ အာဒမ်ဟာ အသည်းကွဲကောင်လေးဘဝကနေ မိန်းကလေးတွေအကြောင်းကျွမ်းကျင်သူ ‘Player’ တစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပြီး “သံယောဇဉ်မတွယ်မိစေနဲ့” ဆိုတဲ့ စည်းကမ်းချက် နံပါတ်တစ်ကို လက်ကိုင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဘဝဟာ သူ့ရဲ့ သူဌေးကြီး မစ္စတာဂျာဘီယာ (Mr. Jabber) က ကုမ္ပဏီမှာ ရှယ်ယာရှင်အဖြစ် ကမ်းလှမ်းလာချိန်မှာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ တစ်ခုတည်းသော သဘောတူညီချက်ကတော့ သူဌေးရဲ့သမီး ယာစမင်းကို လက်ထပ်ရမှာပါ။ အာဒမ်အတွက်တော့ ယာစမင်းဆိုတာ ငယ်ငယ်က…
-

Time
Time (2006) (18+ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ) ဒီတစ်ခါမှာတော့ “Along with the Gods” ရုပ်ရှင်ထဲမှ မင်းသား Ha Jung-woo နဲ့ မင်းသမီး Sung Hyun-ah, မင်းသမီး Park Ji Yeon တို့ပါဝင်ထားတဲ့ Romance/Thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ ဆယ်ဟီး (Park Ji Yeon) ဟာ အရမ်းသဝန်တိုတတ်သူဖြစ်ပြီး သူမနဲ့ ချစ်သူသက်တမ်း ၂နှစ်ရှိပြီဖြစ်တဲ့ ချစ်သူကောင်လေး ဂျီအူ (Ha Jung-woo) က သူမရဲ့လက်ရှိမျက်နှာနဲ့ ပုံစံကို ငြီးငွေ့ပြီး ထားသွားခဲ့မှာကို အမြဲစိုးရိမ်ပူပန်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူမဟာ ချစ်သူကောင်လေးကို ဘာတစ်ခွန်းမှမပြောဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမရဲ့မျက်နှာကို…
-

Love+War
Love+War (2025) “Love+War” ဆိုတဲ့ကားက၂၀၂၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အမျိုးအစားဖြစ်ပြီး နာမည်ကျော် “Free Solo” ရုပ်ရှင်ကို ရိုက်ကူးခဲ့သော ဒါရိုက်တာများဖြစ်သည့် Elizabeth Chai Vasarhelyi နှင့် Jimmy Chin တို့ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီကားမှာတော့ Pulitzer ဆုရှင် စစ်သတင်းဓာတ်ပုံဆရာမ Lynsey Addario ရဲ့ ဘဝနှင့် အလုပ်အကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဓိကအားဖြင့် ယူကရိန်းအပေါ်ပူတင်ရဲ့ရက်စက်လှတဲ့ လုပ်ရပ်တွေ၊ အီရတ်နိုင်ငံမှာတာလီဘန် တွေအမျိုးသမီးတွေကိုနှိပ်စက်ဖိနှိပ်မှုကြောင့် ကိုယ့်ကိုကိုယ်မီးရှို့သတ်သေမှုတွေ၊ အမေရိကန်စစ်သားတွေ ထောင်နဲ့ချီ အီရတ်မှာ အသက်ပေးဆပ်ရပုံတွေ၊ တောင်ဆူဒန်မှာကျန်းမာရေး စောင့်ရှောက်မှုမလုံလောက်မှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနှစ်စဥ်သိန်းနဲ့ချီသေဆုံးရပုံတွေ၊ လစ်ဗျားနိုင်ငံက စစ်အာဏာရှင် Muhammad Gaddafiတို့ရဲ့ နိုင်ငံအတွင်း ပြည်တွင်းစစ်တွေအကြောင်းကို တကယ့်စစ်မြေပြင်က ရုပ်ရှင်မှတ်တမ်းတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း Love+War…