📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Coppers (Aka) Scotoe

Coppers (2024)

Coppers ဆိုတဲ့ဇာတ်ကားလေးကတော့ အမ်စတာဒမ်မြို့က ဒတ်ခ်ျ-မော်ရိုကန်နဲ့ ဒတ်ခ်ျ-တူရကီ ရဲဘော်နှစ်ယောက်ရဲ့ တလွဲတွေလုပ်ရင်း အမှုလိုက်ပုံကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Action, Comedy, Buddy-Cop ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

ဒါရိုက်တာ Adil El Arbi နဲ့ Bilall Fallah တို့က ရိုက်ကူးထားပြီး သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်၊ မိသားစုဘဝပြဿနာတွေနဲ့ ယဉ်ကျေးမှုနောက်ခံ ဟာသတွေကိုပါ ထည့်သွင်းတင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါးကားလေးပါ။

ဇာတ်လမ်းအကျဥ်း

ဇာတ်လမ်းကတော့ အမ်စတာဒမ်မြို့မှာ တာဝန်ကျတဲ့ ရဲဘော်နှစ်ယောက်ဖြစ်တဲ့ မို နဲ့ ဆိုင်းနို တို့အကြောင်းပါ။

သူတို့နှစ်ယောက်ဟာ အမှုလိုက်ရာမှာ ထူးချွန်ပေမဲ့ စည်းကမ်းမရှိဘဲ ဗရုတ်သုက္ခလုပ်ရပ်တွေကြောင့် အထက်အရာရှိရဲ့ နောက်ဆုံးသတိပေးခြင်းကို ခံထားရပြီးတစ်နေ့မှာတော့ ကိုကင်းမှောင်ခို အရောင်းအဝယ်ကြီးတစ်ခုကို ဖမ်းဆီးဖို့ တာဝန်ပေးခံရပါတယ်။

သူတို့နှစ်ယောက်ဟာ သတင်းပေးတွေရဲ့အကူအညီနဲ့ စုံစမ်းရင်း ဟိုတယ်မှာ လူမှားဖမ်းတာ၊ ရေချိုးခန်းထဲမှာ ရန်ဖြစ်တာတွေအပြင် ပြိုင်ဘက်ရဲတွေနဲ့ပါ ပြဿနာတက်ပြီး နောက်ဆုံးမှာ အလုပ်ကနေ ယာယီရပ်ဆိုင်းခံလိုက်ရပါတယ်။

ဒါပေမဲ့ အမှုကိုလက်မလျှော့ဘဲ ကိုယ်တိုင်စုံစမ်းရင်း သတင်းတစ်ခုကြောင့်ဖက်ရှင်ပွဲတစ်ခုမှာတရားခံကိုဖော်ထုတ်ဖို့ကြိုးစားဖို့လုပ်ကြပါတော့တယ်။

ဒါပေမယ့်ဆိုင်နိုရဲ့မိန်းမပါ ဖက်ရှင်ပွဲကိုလိုက်ချင်တယ်ဆိုပြီးပါလာတာကြောင့် ဘယ်လိုတစ်လွဲတွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဗျာ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်