Author: Baby Yit Lone

  • ဘုန်း​ကြီးတပါး စက်ဘီးစီးနေသော အမျိုးသမီးအား ကားဖြင့်တိုက် ကားထားခဲ့ပြီးနောက် ဖိနပ်မပါဘဲထွက်ပြေး

    ဘုန်း​ကြီးတပါး စက်ဘီးစီးနေသော အမျိုးသမီးအား ကားဖြင့်တိုက် ကားထားခဲ့ပြီးနောက် ဖိနပ်မပါဘဲထွက်ပြေး

    ဘုန်း​ကြီးတပါး စက်ဘီးစီးနေသော အမျိုးသမီးအား ကားဖြင့်တိုက် ကားထားခဲ့ပြီးနောက် ဖိနပ်မပါဘဲထွက်ပြေး လိင်အင်္ဂါ အစွပ်များ နှင့်အတူ ပြန်လည် ဖမ်းဆီးရမိဟုဆို

    တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ကျောက်တလင်းရွာ အနီး ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်တွင် မတ် ၂၈ ရက် ည ( ၁၀) နာရီ ဝန်းကျင်က အရှိန်ပြင်းပြင်းမောင်းနှင်သော ဘုန်းကြီးကား တစ်စီး မှ စက်ဘီးစီးသွားနေသော အမျိုးသမီး တစ်ဦးအား တိုက်မိခဲ့ကြောင်း သိရသည်။

    ယင်းသို့ တိုက်မိပြီးနောက် အဆိုပါ ဘုန်းကြီးသည် ကိုယ်လွတ်ရုန်း၍ ကျောက်တလင်းရွာထဲသို့ မောင်းပြေးခဲ့ရာ လမ်းမရှိတော့သည့်အတွက် လယ်ကွက်ထဲ ကားထိုးခဲ့ပြီး ဖိနပ်မပါဘဲ ထွက်ပြေးခဲ့ကြောင်း သိရသည်။

    ဘုန်းကြီး တပါး ဖိနပ်မပါဘဲ အရက်မူးပြီး သွားလာနေကြောင်း သတင်းရသဖြင့် အုတ်တွင်းမြို့နယ် သာ/ ထိန်း အဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးရာ ည ( ၁၂) နာရီ ဝန်းကျင်တွင် အုတ်တွင်းမြို့အထွက် ဿုသန်ကျောင်းအနီး ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ် ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

    ထိုသို့သို့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေး ရှာဖွေခဲ့ရာ သက်တမ်းလွန် Passort တခု ၊ ငွေစက္ကူများ နှင့်အတူ ယောက်ျားသုံး လိင်အင်္ဂါ အစွပ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

    အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ ​အရက်မူးပြီး ကားအား ပရမ်းပတာ မောင်းနှင်သော ဘုန်း​ကြီးအား လူဝတ်လဲ၍ ရဲလက်အပ်လိုက်ကြောင်းသိရသည်။

    Source – အုတ်တွင်းမြို့ သာ / ထိန်း

    သတင်း – နေလင်းအောင်( တောင်ငူ)

  • ရေခဲတိုက်ထဲရောက်မှ အသက်ပြန်ရှင်လာခဲ့တဲ့ ကိုစန်းယု ကွယ်လွန်

    ရေခဲတိုက်ထဲရောက်မှ အသက်ပြန်ရှင်လာခဲ့တဲ့ ကိုစန်းယု ကွယ်လွန်

    သူ့ရဲ့နောက်ဆုံးစကားလေးက တကယ်ကို စိတ်မကောင်းစရာ…

    ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ရင်း မတော်တဆမှုကြောင့် ရေခဲတိုက်ထဲအထိ ရောက်သွားခဲ့ပေမဲ့ အံ့သြဖွယ် အသက်ပြန်ရှူလာခဲ့လို့ လူအများက “အသက်ရှင်ခွင့်ရပါစေ” လို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြတဲ့ ကိုစန်းယု (၃၃ နှစ်) တစ်ယောက် ဒီကနေ့မှာတော့ မိသားစုကို ထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။

    အံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခုအဖြစ် လူအများ စိတ်ဝင်တစားနဲ့ ဆုတောင်းပေးခဲ့ကြတဲ့ ကိုစန်းယု (ညောင်တုန်းမြို့) ဟာ ဒီကနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်၊ နံနက် (၉:၃၀) အချိန်မှာ ကိုရီးယားနိုင်ငံ၊ အာဂျုတက္ကသိုလ်ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါတယ်။

    ဖြစ်စဉ်အကျဉ်း –

    ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း မတော်တဆမှုကြောင့် အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းပါးခဲ့ရာမှ ရေခဲတိုက်အတွင်း ပြန်လည်အသက်ရှူလာခဲ့တဲ့ ကိုစန်းယုရဲ့ သတင်းဟာ လူအများကြားမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။

    သို့သော်လည်း ဒီကနေ့မှာတော့ မိသားစုနဲ့ ချစ်ခင်ရသူတွေကို ထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။

    င်္ဒလိုမဖြစ်ခင်က သူ့ သူငယ်ချင်းတွေကိုရင်ဖွင့်ခဲတ့တဲ့”. မိသားစုဆီ ပြန်ချင်တယ်” ဆိုတဲ့ သူ့ရဲ့ နောက်ဆုံးဆန္ဒလေးတွေဟာ အခုတော့ အကောင်အထည်မဖော်နိုင်တော့ဘဲ ကြေကွဲစရာ ကောင်းလွန်းနေပါတယ်။

    📍 ဖြစ်စဉ်အသေးစိတ်

    အချိန် – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက် (နံနက် ၉:၃၀ နာရီ)

    နေရာ – ကိုရီးယားနိုင်ငံ၊ ဆုဝါန်မြို့၊ အာဂျုတက္ကသိုလ်ဆေးရုံကြီး။

    မိသားစု – ဇနီးဖြစ်သူနဲ့ သမီးတစ်ယောက်၊ သားတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

    ညောင်တုန်းမြို့၊ ရေလဲကုန်းကျေးရွာကနေ မိသားစုအတွက် ရုန်းကန်ပေးခဲ့တဲ့ ဖခင်တစ်ဦး၊ ခင်ပွန်းတစ်ဦးဖြစ်တဲ့ ကိုစန်းယုတစ်ယောက် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ထပ်တူထပ်မျှ ဝမ်းနည်းစွာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

    ဇော်မိုးအောင် (ကိုရီးယား)

  • စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ပိုင်ဆိုင်မှုများအကြောင်း သိကောင်းစရာ

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ပိုင်ဆိုင်မှုများအကြောင်း သိကောင်းစရာ

    ဘန်ကောက် လူချမ်းသာရပ်ကွက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ပိုင်ဆိုင်မှုများအကြောင်း သိကောင်းစရာ

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဆိတ်ငြိမ်ရပ်ကွက်တခုတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၏ တန်ဖိုးကြီးအိမ်တလုံး ရှိနေပြန်သည်။

    ဘန်ကောက်မြို့ ရာမ-၉ လမ်းမကြီး၊ လမ်းသွယ် (၁၃) ပေါ်ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (ကျပ် ၆ ဘီလီယံခန့်) တန်ဖိုးရှိသည့် ဇိမ်ခံအိမ်ကြီးတလုံးကို စစ်ခေါင်းဆောင်၏ချွေးမဖြစ်သူ မမျိုးရတနာထိုက်က ၂၀၂၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ကြောင်း Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်အရ သိရသည်။

    မမျိုးရတနာထိုက်က ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော Emerald Princess Co., Ltd. ကို အသုံးပြုကာ အိမ်ရာအကောင်အထည်ဖော်သော Charn Issara Development Public Company Limited ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

    မမျိုးရတနာထိုက်သည် မင်းအောင်လှိုင်၏သားဖြစ်သူ ဦးအောင်ပြည့်စုံ၏ ဇနီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုပ်သံဇာတ်လမ်းတွဲထုတ်လုပ်မှုနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ဦးစီးကျင်းပသော “စတယ်လာဆဲဗင်း” (Stellar Seven Entertainment Company Limited) ၏ ပိုင်ရှင်ဖြစ်သည်။

    Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် အိမ်အလုံး ၂၀ သာ ပါဝင်ပြီး အကျယ်အဝန်းအားဖြင့် ၇၀၀-၈၀၀ စတုရန်းမီတာရှိကာ ဓာတ်လှေကားနှင့် ဥယျာဉ် (ခြံဝန်းကျယ်) ပါရှိသည်။ ဟိုတယ်နှင့် အဆင့်မြင့်ဇိမ်ခံအိမ်ပုံစံ ဒီဇိုင်းဆွဲထားသည့် အိမ်တလုံးလျှင် အနိမ့်ဆုံး ဘတ်သန်း ၁၀၀ ဝန်းကျင်မှ အမြင့်ဆုံး ၂၀၀ ဝန်းကျင်အထိ တန်ကြေးရှိသည်ဟု Charn Issara Development ၏ ထုတ်ပြန်ချက်များအရ သိရသည်။ အိမ်တလုံးချင်းစီတွင် အိပ်ခန်း လေးခန်းမှ ငါးခန်းအထိ ပါဝင်သည့် သုံးထပ်အိမ်အမျိုးအစားများဖြစ်သည်။

    အိမ်ရာအတွင်း ရေကူးကန်၊ ချွေးထုတ်ခန်း (Sauna)၊ အားကစားပြုလုပ်ရန် (Gym) ခန်းမလည်း ထားရှိပေးထားသည့်အပြင် ၂၄ နာရီ စောင့်ကြည့်ကင်မရာစနစ် ထည့်သွင်းထားသည်။ အဆိုပါအိမ်ရာဝင်းသည် မြန်မာသံရုံးဘက်သို့လည်း အမြန်လမ်းမှတဆင့် တိုက်ရိုက်သွားရန် လွယ်ကူသလို ထိပ်တန်းပုဂ္ဂလိကဆေးရုံကြီးများဖြစ်သည့် Bangkok ဆေးရုံ နှင့် Piyavate ဆေးရုံ တို့သို့ မိနစ်ပိုင်းအတွင်း သွားရောက်နိုင်သည်။ ထို့အပြင် Central Rama 9၊ Fortune Town နှင့် Show DC စသော ဈေးဝယ်စင်တာကြီးများနှင့်လည်း နီးကပ်စွာ တည်ရှိသည်။

    စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံသူများ အနေများသောကြောင့် “လူချမ်းသာအိမ်ရာ” ဟု ဘန်ကောက်နေသူများက ရည်ညွှန်းပြောဆိုတတ်ကြသည်။

    မမျိုးရတနာထိုက်က အိမ်ဝယ်ရာတွင် အသုံးပြုခဲ့သည့် Emerald Princess Company Limited ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် စတင်တည်ထောင်ခဲ့သည်။ JFM ၏ အဆိုအရ Emerald Princess ကုမ္ပဏီသည် ဝယ်ယူသူ၏ အချက်အလက်များကို ဖုံးကွယ်ရန်နှင့် နိုင်ငံခြားသားမြေပိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်ရှားနိုင်ရန်အတွက် အိမ်ရာပိုင်ဆိုင်မှုများ မလွှဲပြောင်းမီ တပတ်အလိုတွင်မှ တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    စစ်ခေါင်းဆောင်မိသားစုက အဆိုပါ Issara Residence Rama 9 အနီးတွင်လည်း ကွန်ဒိုတိုက်ခန်းတခု ဝယ်ယူခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား စစ်လက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို ဖမ်းဆီးစဉ် ၎င်းထံမှ မင်းအောင်လှိုင်၏သားဖြစ်သူ ဦးအောင်ပြည့်စုံအတွက် ကွန်ဒိုတိုက်ခန်းတခု ဝယ်ယူပေးခဲ့သော အထောက်အထားများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    Rama 9 လမ်းမကြီး၏ အစည်ကားဆုံးနေရာတွင်ရှိသော Belle Grand Rama 9 တွင် အိပ်ခန်း လေးခန်းပါ ကွန်ဒိုခန်းတခုကို ဦးအောင်ပြည့်စုံက ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူရာတွင် ဦးထွန်းမင်းလတ်က ကြားခံညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဦးထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သက်သေမခိုင်လုံမှုဖြင့် တရားသေလွတ်မြောက်သွားခဲ့သည်။

    ဓာတ်ပုံ – ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဆိတ်ငြိမ်ရပ်ကွက်တခုတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု အိမ်နှင့် ကွန်ဒိုဝယ်ထားသော Issara Residence Rama 9 နှင့် Belle Grand Rama 9 အိမ်ရာတို့အား တွေ့ရစဉ်။ (Google Map)

  • စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို ချင်းတွင်းရေယာဉ်ဖြင့် ယူဆောင်လာပြီး စစ်တွေတွင် အင်အားဖြည့်တင်း

    စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို ချင်းတွင်းရေယာဉ်ဖြင့် ယူဆောင်လာပြီး စစ်တွေတွင် အင်အားဖြည့်တင်း

    ကျောက်ဖြူမှ ဒဏ်ရာရစစ်သားများနှင့် စစ်သားမိသားစုများလည်း လိုက်ပါလာ

    ရန်ကုန်ကနေ စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို တင်ဆောင်လာသော ချင်းတွင်းစစ်ရေယာဉ်သည် စစ်တွေသို့ မတ် ၂၆ ရက်ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

    စစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ ချင်းတွင်း ရေယာဉ်နဲ့ စစ်တွေကို အင်အားထပ်ဖြည့်ဖို့ ယူလာတာပါ။ ညအချိန် ၁၁ နာရီကျော်မှာ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်မှာ အဲဒီ စစ်ရေယာဉ် ဆိုက်ကပ်ပြီး အဲဒီကနေ တစ်ဆင့် ကားတွေနဲ့ စစ်တပ် တပ်နယ်ထဲကို ယူဆောင်သွားတယ်။ ကျွန်တော်တို့ သိရတာက ရဲနဲ့စစ်တပ် အင်အား ၂၀၀ လို့ သိရပါတယ်”ဟု ပြောသည်။

    ထိုသို့ ယူဆောင်လာရာတွင် ကျောက်ဖြူတိုက်ပွဲမှ ဒဏ်ရာရရှိသူ စစ်သားများနှင့် စစ်တပ် မိသားစုများလည်း အတူ လိုက်ပါလာသည်ဟု သိရသည်။

    “ ဒီချင်းတွင်း ရေယာဉ်က ဗမာပြည်ဘက်ကလာတာပါ။ သူတို့ ကျောက်ဖြူမှာ ပထမ ဆိုက်ကပ်ပြီး ဒဏ်ရာရ စစ်သားတွေနဲ့ မိသားစုတွေကို တင်ဆောင်ပြီး စစ်တွေကို ဒီလ ၂၆ ရက် ညနေက ထွက်လာလာတာပါ။ ဒဏ်ရာရ စစ်သားတွေကို ထမ်းစင်တွေနဲ့ ထမ်းချပြီး လူနာတင် Ambulance ကားတွေနဲ့ ယူသွားတာကို တွေ့ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

    ၎င်းပြင် စစ်ကော်မရှင်သည် လက်နက်ခဲယမ်းများအပါအဝင် ရိက္ခာများကိုလည်း အဆိုပါ ချင်းတွင်း စစ်ရေယာဉ်ဖြင့် သယ်ယူလာခဲ့သည်ဟု သိရသည်။

  • ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

    စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

    “လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒ က ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့တယ်။ဒါပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။

    လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့ ရုပ်အလောင်းတွေကို မထုတ်နိုင်ခဲ့ဘဲ အဲဒီနေရာမှာပဲ သဂြိုလ်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မြေပြင်မှာရှိနေသူအချို့က ပြောထားပါတယ်။

    ဒဏ်ရာရတဲ့ပြည်သူ ၆၀ခန့်ကို ကသာမြို့အမှတ်(၂)ရဲစခန်းကို စစ်တပ်က သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

    ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။

    အဲဒါကြောင့် မြို့တွင်းနေပြည်သူတွေအနေနဲ့ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို မြို့တွင်းကထွက်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။

    ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံရင် ဘေးကင်းတယ်လို့ ယူဆကြပေမယ့် စစ်တပ်ဟာ မတ်လ ၂၀ ရက်မှာ လေးထပ်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် အဲဒီမှာရှိတဲ့ စစ်ရှောင်ပြည်သူ ၁၀၀ ထက်မနည်းထိခိုက်သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

    လက်ရှိမှာ တိုက်ပွဲတွေလည်းဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဗုံးကြဲတာတွေရှိနေဆဲလို့ သိရပါတယ်။

    “ကသာမြို့မှာ ကျန်ရှိနေသူများ ကိုယ့်ကိုယ်ကို တန် ဖိုးထားတယ်ဆိုရင် ကသာမြို့ထဲကနေ အပြီးထွက်ပေးကြပါ။ အကြမ်းဖက်စစ်တပ်ဟာ စစ်ရှောင်တွေရှိနေမှန်း သိသိကြီးနဲ့ ရက်ရက်စက်စက်ကို လေယာဥ်နဲ့ ဗုံးကြဲ သတ်ဖြတ်ပြခဲ့ပါတယ်။ တိုက်ပွဲကလည်း ရှေ့ဆက်ပြီး မြို့ရဲ့ နေရာအနှံ့အပြား ပြင်းထန်လာဖို့ရှိပါတယ်”လို့ ကသာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်တွန်းထားပါတယ်။

    ကသာမြို့မှာ စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း အခြေစိုက်ထားပြီး မြေပေါ်ရပ်ကွက် ၁၁ ခုရှိကာ မြို့ပေါ်ရပ်ကွက်တွေကလွဲလို့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။

    (မဟာလေးထပ်ကျောင်းထိုင်ဆရာ​တော်က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေအတွက် အမျှဝေပေးနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ – ဒေဝ)