ဘုန်း​ကြီးတပါး စက်ဘီးစီးနေသော အမျိုးသမီးအား ကားဖြင့်တိုက် ကားထားခဲ့ပြီးနောက် ဖိနပ်မပါဘဲထွက်ပြေး

ဘုန်း​ကြီးတပါး စက်ဘီးစီးနေသော အမျိုးသမီးအား ကားဖြင့်တိုက် ကားထားခဲ့ပြီးနောက် ဖိနပ်မပါဘဲထွက်ပြေး လိင်အင်္ဂါ အစွပ်များ နှင့်အတူ ပြန်လည် ဖမ်းဆီးရမိဟုဆို

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ကျောက်တလင်းရွာ အနီး ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်တွင် မတ် ၂၈ ရက် ည ( ၁၀) နာရီ ဝန်းကျင်က အရှိန်ပြင်းပြင်းမောင်းနှင်သော ဘုန်းကြီးကား တစ်စီး မှ စက်ဘီးစီးသွားနေသော အမျိုးသမီး တစ်ဦးအား တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်မိပြီးနောက် အဆိုပါ ဘုန်းကြီးသည် ကိုယ်လွတ်ရုန်း၍ ကျောက်တလင်းရွာထဲသို့ မောင်းပြေးခဲ့ရာ လမ်းမရှိတော့သည့်အတွက် လယ်ကွက်ထဲ ကားထိုးခဲ့ပြီး ဖိနပ်မပါဘဲ ထွက်ပြေးခဲ့ကြောင်း သိရသည်။

ဘုန်းကြီး တပါး ဖိနပ်မပါဘဲ အရက်မူးပြီး သွားလာနေကြောင်း သတင်းရသဖြင့် အုတ်တွင်းမြို့နယ် သာ/ ထိန်း အဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးရာ ည ( ၁၂) နာရီ ဝန်းကျင်တွင် အုတ်တွင်းမြို့အထွက် ဿုသန်ကျောင်းအနီး ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ် ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထိုသို့သို့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေး ရှာဖွေခဲ့ရာ သက်တမ်းလွန် Passort တခု ၊ ငွေစက္ကူများ နှင့်အတူ ယောက်ျားသုံး လိင်အင်္ဂါ အစွပ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ ​အရက်မူးပြီး ကားအား ပရမ်းပတာ မောင်းနှင်သော ဘုန်း​ကြီးအား လူဝတ်လဲ၍ ရဲလက်အပ်လိုက်ကြောင်းသိရသည်။

Source – အုတ်တွင်းမြို့ သာ / ထိန်း

သတင်း – နေလင်းအောင်( တောင်ငူ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *