စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို ချင်းတွင်းရေယာဉ်ဖြင့် ယူဆောင်လာပြီး စစ်တွေတွင် အင်အားဖြည့်တင်း

ကျောက်ဖြူမှ ဒဏ်ရာရစစ်သားများနှင့် စစ်သားမိသားစုများလည်း လိုက်ပါလာ

ရန်ကုန်ကနေ စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို တင်ဆောင်လာသော ချင်းတွင်းစစ်ရေယာဉ်သည် စစ်တွေသို့ မတ် ၂၆ ရက်ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ ချင်းတွင်း ရေယာဉ်နဲ့ စစ်တွေကို အင်အားထပ်ဖြည့်ဖို့ ယူလာတာပါ။ ညအချိန် ၁၁ နာရီကျော်မှာ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်မှာ အဲဒီ စစ်ရေယာဉ် ဆိုက်ကပ်ပြီး အဲဒီကနေ တစ်ဆင့် ကားတွေနဲ့ စစ်တပ် တပ်နယ်ထဲကို ယူဆောင်သွားတယ်။ ကျွန်တော်တို့ သိရတာက ရဲနဲ့စစ်တပ် အင်အား ၂၀၀ လို့ သိရပါတယ်”ဟု ပြောသည်။

ထိုသို့ ယူဆောင်လာရာတွင် ကျောက်ဖြူတိုက်ပွဲမှ ဒဏ်ရာရရှိသူ စစ်သားများနှင့် စစ်တပ် မိသားစုများလည်း အတူ လိုက်ပါလာသည်ဟု သိရသည်။

“ ဒီချင်းတွင်း ရေယာဉ်က ဗမာပြည်ဘက်ကလာတာပါ။ သူတို့ ကျောက်ဖြူမှာ ပထမ ဆိုက်ကပ်ပြီး ဒဏ်ရာရ စစ်သားတွေနဲ့ မိသားစုတွေကို တင်ဆောင်ပြီး စစ်တွေကို ဒီလ ၂၆ ရက် ညနေက ထွက်လာလာတာပါ။ ဒဏ်ရာရ စစ်သားတွေကို ထမ်းစင်တွေနဲ့ ထမ်းချပြီး လူနာတင် Ambulance ကားတွေနဲ့ ယူသွားတာကို တွေ့ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

၎င်းပြင် စစ်ကော်မရှင်သည် လက်နက်ခဲယမ်းများအပါအဝင် ရိက္ခာများကိုလည်း အဆိုပါ ချင်းတွင်း စစ်ရေယာဉ်ဖြင့် သယ်ယူလာခဲ့သည်ဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *