Author: Baby Yit Lone
-

Unknown Number: The High School Catfish
Unknown Number: The High School Catfish (2025) ဒီတစ်ခါမှာတော့ Netflixကနေအသစ်စက်စက်ထွက်ရှိထားတဲ့မှုခင်းမှတ်တမ်းရုပ်ရှင်တစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ မှုခင်းမှတ်တမ်းတွေရိုက်လေ့ရှိတဲ့ Skye Borgman ဖြစ်ပါတယ်။ မီချီဂန်ပြည်နယ် ဘီးလ်ဆိုတဲ့ မြို့သေးသေးလေးမှာ ဆယ်ကျော်သက်လူငယ်စုံတွဲလေးဖြစ်တဲ့ အိုဝင်နဲ့လော်ရန်တို့ဟာ ပြင်းထန်တဲ့အွန်လိုင်းတိုက်ခိုက်မှုခံခဲ့ရပါတယ်။ ဘယ်သူမှန်းမသိတဲ့လူတစ်ဦးက သူတို့ဆီကို ကြမ်းတမ်းခက်ထန်တဲ့မက်ဆေ့ချ်တွေနေ့စဥ်ပို့ပြီး စိတ်ဒဏ်ရာရစေခဲ့ပါတယ်။ ကလေးနှစ်ယောက်ရဲ့မိဘနှစ်ပါးဟာလည်း ရနိုင်သမျှသက်သေအချက်အလက်တွေစုပြီး သူတို့သံသယဝင်မိတဲ့သူတွေကိုစာရင်းပြုစုပြီး ရဲတွေကိုစစ်ဆေးမေးမြန်းခိုင်းပါတယ်။ ဒါပေမဲ့ ဘာမှမထူးဘဲ မက်ဆေ့ချ်ပို့တာတွေက နောက်တော့ပိုဆိုးလာတာကြောင့် FBI ပါ ပါဝင်ပြီးစုံစမ်းပေးခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ အဲ့တော့မှ ထိုမက်ဆေ့ချ်တွေကို ပို့တဲ့ဖုန်းနံပါတ်ရဲ့ IPလိပ်စာကနေတစ်ဆင့်ရှာလိုက်မှ တရားခံကိုသိခဲ့ရပါတယ်။ အဲ့တရားခံကိုသိလိုက်ရတဲ့အချိန်မှာ လူတွေအားလုံးအံ့သြတုန်လှုပ်ခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့မှုခင်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ဒီဖြစ်ရပ်မှန်မှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကိုယ်တိုင် ဖြစ်ကြောင်းကုန်စဥ်အကုန်ပြောပြထားပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ တရားခံကဘယ်လိုမှ မထင်ထားခဲ့တဲ့သူဖြစ်နေတာကို တွေ့မြင်ခံစားရမှာပါ။
-

မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ
အွန့်လိုင်းမှာ ပြန့်နေတဲ့ထိုင်းသတင်းမှာ ခုပုံထဲက မိန်ကလေးနဲ့ ယောကျာ်းလေးက လင်မယား မဟုတ်ဘဲ ကောင်လေးက မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကားပေါ်ကိုအတင်းဆွဲနေတာဖြစ်ပါတယ်။ မိန်းကလေးဘက်က ငြင်းနေတာကြောင့် လမ်းဘေးက ဖြတ်သွားတဲ့ထိုင်း အစ်ကိုတယောက်ကတွေ့လို့ ဝင်ကူညီဖို့ မေးလိုက်တယ် “ဘာဖြစ်ကြတာလဲ”လို့။ မိန်းကလေးက “အကိုရေကျမကိုတချက်ကူပါ သူကကျမယောကျာ်း မဟုတ်ဘူး အဓမ္မပြုကျင့်ဖို့ အတင်းခေါ်တာ”လို့ပြောတော့ ကောင်လေးဘက်က “ဒါ ကျွန်နော်မိန်းမပါ၊ သူများလင်မယားကြား လာမရှုပ်နဲ့”ဆိုပီး ကားပေါ်ကိုဆွဲခေါ်ပီးမောင်းပြေးတော့ ထိုင်းအစ်ကိုကလည်း အနောက်ကနေလိုက်သွားတာ ကောင်မလေးကလည်း ကားတခါးကိုဖွင့်ပီး ကားပေါ်ကနေခုန်ချခဲ့တာ ကံကောင်းလို့ မဟုတ်ရင် ဘဝပျက်ပါပီ🥺 (မိန်းကလေးတွေသတိထားကြပါ။ တယောက်ထဲနေတာ သွားလာတာသတိထားကြပါ)
-
ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဟု စစ် ခေါင်းဆောင်ပြော
ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဖြစ်ကြောင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဒီဇင်ဘာ ၆ ရက် ) ကပြောသည်။ ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ “သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင်က ဆိုသည်။ နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှသာ စစ်တပ်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။ စစ်တပ်က ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံစရာမလိုဘဲ လွှတ်တော်ထဲတွင် တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခွင့်ရနေခြင်းဖြစ်သည်။…
-

နေပြည်တော် ကားတိုက်မှု အချိန်မီမကယ်ဆယ်နိုင်လို့ ၂ ဦးသေဆုံး
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာအိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့သူနှစ်ဦးဟာ အချိန်မီဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းဖြတ်သွားတဲ့ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးကျောင်းအနီးမှာ ယနေ့ ဒီဇင်ဘာလ ၇ ရက် မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ “မနက် ၃ နာရီလောက်က ဖြတ်သွားတော့ လမ်းဘေးမှာကားကိုတွေ့တယ်။ လူတွေ မရှိတော့ဘူးထင်တာ။ မနက်မိုးစင်စင်လင်းတော့မှ လူတွေသတိထားမိတာ။ လမ်းသွားလမ်းလာနည်းသွားတဲ့အခါကျတော့ သတိမထားမိကြတာ။ ဖြစ်ဖြစ်ချင်းလူသိခဲ့ရင် အသက်ရှင်နိုင်တယ်” လို့ ဇေယျာသီရိမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ ကားတိုက်မှုဖြစ်စဉ်ဟာ ညသန်းခေါင်ကနေ မနက် ၃ နာရီခန့်မှာ ဖြစ်နိုင်ပြီး မနက် ၆ နာရီခန့်မှာမှ လူမှုရေးအဖွဲ့တွေနဲ့ ရဲတွေရောက်ရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။ လူနာရှိနေတယ်လို့ဖုန်းသတင်းရလို့ သွားရောက်ကြည့်ရှုစဉ်မှာ ကားပေါ်ပါသူ ၂ ဦးစလုံး သေဆုံးနေတဲ့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိုးစေတနာပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။သေဆုံးသူနှစ်ဦးဟာလူလတ်ပိုင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။…
-

ငယ်ငယ်လှလှ ဆရာမ (အပိုင်း ၁)
” ကလေးတွေ ခပ်စောစော ရောက်လာကြရင် ကောင်းမယ်နော် ဆရာ။ ဒါမှ သူတို့ကို နေရာထိုင်ခင်း စီစဉ်ပေးပြီး ညနေစောင်းနေမဝင်ခင် အစပျိုး လေ့ကျင့်ခန်းလေး ဘာလေး လုပ်ပေးလို့ အဆင်ပြေမှာ” ကရာတေး နည်းပြ ဆရာမလေး ခင်မြနိုင်က စခန်းတာဝန်ခံဆရာ ကိုစောမင်းကို လှမ်းပြောလိုက်၏။ ခင်မြနိုင်သည် အသက် (၂၅) နှစ်ခန့်သာ ရှိသေးသည်။ အရပ်မြင့်မြင့် ကိုယ်ဟန်ကျစ်ကျစ်တောင့်တောင့်နှင့် နှာတံပေါ်ပေါ် မေးစေ့ချွန်ချွန် နှုတ်ခမ်းဖူးဖူး ချစ်စရာမျက်နှာလေးနှင့် လှပကျော့ရှင်းသော ကိုယ်နေဟန်ထားရှိ၏။ ရခိုင်သူ။ ဒါပေမယ့် အသားမညို။ ပေါ်တူဂီ သွေးအနည်းငယ်ပါဝင်ပြီး ရှမ်းမြန်မာသွေးများလည်း နှောနေကာ အသားက ဖြူဝင်းသည်။ မျက်တောင်ရှည်ရှည်ကော့ကော့ကြီးများကတော့ ရခိုင်သူ၏ ပင်ကိုယ်အလှကို ဖော်ပြနေသည်။ မျက်လုံးပြာလဲ့လဲ့များရှိနေရာ ဥရောပသွေးနှောကြောင်း သိနိုင်သည်။ အစိုးရအထက်တန်းကျောင်းကြီးတစ်ကျောင်းမှ အားကစားနည်းပြ ဆရာမတစ်ယောက်ဖြစ်သည်။…