Author: Baby Yit Lone

  • Finger Licking

    Finger Licking

    Finger Licking (2024) Jahmar က ကလေးဘဝက စိတ်ဒဏ်ရာတစ်ခုကို ခံစားခဲ့ရသူဖြစ်ပြီး အဲဒီစိတ်ဒဏ်ရာကို ကုသဖိုအတွက် Dana ဆိုတဲ့ စိတ်ရောဂါကုထုံးဆရာမဆီကို သွားရောက်ပြသခဲ့တယ်။ ကုသမှုခံယူနေစဉ်အတွင်း Jamir သူ့မှတ်ဉာဏ်တွေပြန်ပေါ်လာပြီး အတိတ်အဖြစ်အပျက်တွေကနေ Jamir ငယ်ငယ်တုန်းက အတူနေခဲ့တဲ့ Duke မိသားစုနဲ့ သူတိုစားသောက်ဆိုင်ရဲ့ ကျောချမ်းစရာ လျှိဝှက်ချက်တွေကို ဘယ်လိုသိလာရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။

  • Dracula: The Count’s Kin

    Dracula: The Count’s Kin

    Dracula: The Count’s Kin (2024) ဇာတ်လမ်းအကြောင်းအရာကတော့မြို့ထဲမှာ လူတွေပျောက်ပျောက်ပြီးသေဆုံးနေရာကနေ ရဲတွေက ကွင်းဆက်လူသတ်သမားဆိုပြီး အမှုကိုလိုက်ကြပါတယ်။ အဲ့မှာ မိုနီကာဆိုတဲ့ ကောင်မလေးက အလွတ်တန်းစုံထောက်တစ်ယောက်ဆီမှာလက်ထောက်အဖြစ်အလုပ်လုပ်ရင်း လူပျောက်အမှုတစ်ခုကို သူ စုံစမ်းရပါတော့တယ်။ နောက်တော့ မိုနီကာက သူ့စုံစမ်းမှုအရလူတွေပျောက်တာက သမာရိုးကျမဟုတ်ပဲ သွေးစုပ်ဖုတ်ကောင်‌တစ်ကောင်ကြောင့်ဆိုတာ သိသွားပါတော့တယ်။ သွေးစုပ်ဖုတ်ကောင်ကလဲ ဒရယ်ကူလာရဲ့အစ်မ ဖြစ်နေပြီးဘာကြောင့် လူတွေ သတ်ပြီး ကြံစည်နေလဲဆိုတာကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။

  • The Pet Detective

    The Pet Detective (2025) “စုံထောက်ကြီးတိုနီဂျို့စ်အာလူလာ” မက္ကဆီကိုမှာ အလွတ်စုံထောက်လုပ်နေခဲ့တဲ့ စုံထောက်ကြီးဂျို့စ်အာလူလာ။ ကိုလံဘီယာမူးယစ်ရာဇာကြီး ပါဘလိုအက်စ်ကိုဘာရဲ့ခေတ်အပြီး မက္ကဆီကိုက ဂိုဏ်းတွေထဲမှာ အရက်စက်ဆုံးဂိုဏ်းတစ်ဂိုဏ်းရှိခဲ့တယ်။ ဆမ်ဘိုင်းရဲ့ မွန်ဒက်ဂိုဏ်း။ ဆမ်ဘိုင်းကို အရှင်လတ်လတ် ဘယ်သူမှမမြင်ဖူးသလို မြင်ဖူးသမျှလူတိုင်းကလည်း အသက်ရှင်မနေခဲ့တာကြောင့် နိုင်ငံတကာက အေဂျင်စီတွေတောင် သူ့ဓာတ်ပုံတစ်ပုံရဖို့ အသည်းအသန်ကြိုးစားနေကြချိန် စုံထောက်ကြိးဂျို့စ်အာလူလာက အသက်စွန့်ပြီး ဆမ်ဘိုင်းရဲ့ဓာတ်ပုံကိုရဖို့ကြိုးစားခဲ့တယ်။ သူရိုက်လိုက်တဲ့ကင်မရာဖလက်ရှ်မီးကြောင့် ဆမ်ဘားက သူ့ကိုမြင်သွားချိန် ကြောက်လန့်ပြီး မက္ကဆီကိုကနေ အမိအိန္ဒိယနိုင်ငံဆီ ပြန်ပြေးလာခဲ့တာပေါ့။ အိန္ဒိယမှာ စုံထောက်အေဂျင်စီတစ်ခုဖွင့်ပေမဲ့ အဆင်မပြေလို့ ဆမ်ဘားပျောက်ဆုံးခြင်းဆိုတဲ့စာအုပ်ရေးနေရင်း သားဖြစ်သူ တိုနီအရွယ်ရောက်လာခဲ့တယ်။ တိုနီက အဖေ့ခြေရာနင်းလိုက်ပုံများ စုံထောက်လုပ်ရုံမက ကြုံလာသမျှအန္တရာယ်တိုင်းကို ခြေကုန်သုတ်ပြေးလေ့ရှိတဲ့ အဖေတူသားလေး။ ဒီလိုကြောက်တတ်တဲ့ စုံထောက်တိုနီကိုမှ လူသတ်တရားခံအဖြစ် သံသယဝင်ခံရတဲ့အခါမှာတော့…။

  • အင်းလေးတွင် စက်လှေတိမ်းမှောက်ပြီး ၂ ဦး သေဆုံး

    အင်းလေးတွင် စက်လှေတိမ်းမှောက်ပြီး ၂ ဦး သေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟင်္သာတိုင်အနီးမှာ စက်လှေတစင်းနစ်မြုပ်ပြီး ကလေးတယောက်အပါအဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူ ၅ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ၂‌ ယောက်ကို အနီးအနားရှိသူတွေ ပြန်လည်ကယ်တင်နိုင်ခဲ့ကာ ၅ နှစ် အရွယ် ကလေးနဲ့ ၂၂ နှစ်အရွယ် အမျိုးသားကတော့ ရေနစ်သေဆုံးသွားတယ်လို့ ပြောပါတယ်။ ဒေသခံတယောက်က “ဟွန်ဒါစက်လှေလည်း ငယ်တယ်၊ လူလည်းများတယ်။ အဲညမှာ လှိုင်းလုံးလည်းကြီးတော့ စက်လှေက မှောက်သွားတယ်။ ကလေးအလောင်းကို ၂၈ ရက်မနက်မှ ပြန်တွေ့တယ်၊ ကျန်တဲ့တယောက်တော့ ညနေပိုင်းမှ ပြန်တွေ့တယ်။ အင်းလေးမှာ လှေမှောက်တာမကြားဖူးဘူး။ ခုလိုကြားတော့ စိတ်မကောင်းပါဘူး”…

  • မော်လမြိုင်သာသနာနွယ် ဆရာတော် လူဝတ်လဲ အမှုဖွင့်ခံရ

    မော်လမြိုင်သာသနာနွယ် ဆရာတော် လူဝတ်လဲ အမှုဖွင့်ခံရ

    မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒဇောတိကို လူဝတ်လဲပြီး အမှုဖွင့်အရေးယူလိုက်တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဆရာတော် အရှင် စန္ဒဇောတိဟာ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့တာကြောင့် တရားဥပဒေနဲ့အညီ ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆရာတော် အရှင် စန္ဒဇောတိကို စစ်ကော်မရှင်က မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှာ နိုဝင်ဘာ ၂၇ ရက်နေ့က အမှုဖွင့်အရေးယူခဲ့တယ်လို့ အသိပေးထားပေမယ့် ဘယ်ဥပဒေ ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာ အသေးစိတ် ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ ဆရာတော်ဟာ CRPH ၊ NUG…