The Pet Detective

The Pet Detective

The Pet Detective (2025)

“စုံထောက်ကြီးတိုနီဂျို့စ်အာလူလာ”

မက္ကဆီကိုမှာ အလွတ်စုံထောက်လုပ်နေခဲ့တဲ့ စုံထောက်ကြီးဂျို့စ်အာလူလာ။

ကိုလံဘီယာမူးယစ်ရာဇာကြီး ပါဘလိုအက်စ်ကိုဘာရဲ့ခေတ်အပြီး မက္ကဆီကိုက
ဂိုဏ်းတွေထဲမှာ အရက်စက်ဆုံးဂိုဏ်းတစ်ဂိုဏ်းရှိခဲ့တယ်။

ဆမ်ဘိုင်းရဲ့ မွန်ဒက်ဂိုဏ်း။

ဆမ်ဘိုင်းကို အရှင်လတ်လတ် ဘယ်သူမှမမြင်ဖူးသလို မြင်ဖူးသမျှလူတိုင်းကလည်း အသက်ရှင်မနေခဲ့တာကြောင့် နိုင်ငံတကာက အေဂျင်စီတွေတောင်
သူ့ဓာတ်ပုံတစ်ပုံရဖို့ အသည်းအသန်ကြိုးစားနေကြချိန် စုံထောက်ကြိးဂျို့စ်အာလူလာက အသက်စွန့်ပြီး ဆမ်ဘိုင်းရဲ့ဓာတ်ပုံကိုရဖို့ကြိုးစားခဲ့တယ်။

သူရိုက်လိုက်တဲ့ကင်မရာဖလက်ရှ်မီးကြောင့် ဆမ်ဘားက သူ့ကိုမြင်သွားချိန် ကြောက်လန့်ပြီး မက္ကဆီကိုကနေ အမိအိန္ဒိယနိုင်ငံဆီ ပြန်ပြေးလာခဲ့တာပေါ့။

အိန္ဒိယမှာ စုံထောက်အေဂျင်စီတစ်ခုဖွင့်ပေမဲ့ အဆင်မပြေလို့ ဆမ်ဘားပျောက်ဆုံးခြင်းဆိုတဲ့စာအုပ်ရေးနေရင်း သားဖြစ်သူ တိုနီအရွယ်ရောက်လာခဲ့တယ်။

တိုနီက အဖေ့ခြေရာနင်းလိုက်ပုံများ စုံထောက်လုပ်ရုံမက ကြုံလာသမျှအန္တရာယ်တိုင်းကို ခြေကုန်သုတ်ပြေးလေ့ရှိတဲ့ အဖေတူသားလေး။

ဒီလိုကြောက်တတ်တဲ့ စုံထောက်တိုနီကိုမှ လူသတ်တရားခံအဖြစ် သံသယဝင်ခံရတဲ့အခါမှာတော့…။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *