Author: Baby Yit Lone

  • Bugonia

    Bugonia (2025) 2025 မှာ ဟိုးလေးတကျော် လူပြောများနေတဲ့ အမ်မာစတုန်းရဲ့ နှလုံးလှတဲ့ ကတုံးမ ဇာတ်ကားလာပါပြီ… ဇာတ်လမ်းအကျဉ်း တက်ဒီနဲ့ ဒွန်နီဟာ ဂြိုဟ်သားတွေကို ရူးသွပ်စွဲလန်းနေတဲ့သူတွေဖြစ်ပြီးတော့ ဂြိုဟ်သားတွေဟာ ကမ္ဘာမြေပေါ်မှာ အသွင်ယူနေထိုင်ပြီး လူသားမျိုးနွယ်နဲ့ ကမ္ဘာမြေကို ဖျက်ဆီးဖို့ ကြံစည်နေကြတယ်လို့ အခိုင်အမာယုံကြည်ထားကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဂြိုဟ်သားတစ်ကောင်ကို ရအောင်ဖမ်းပြီး သူတို့ရဲ့ မိခင်ယာဉ်ပျံနဲ့ ဆက်သွယ်နိုင်အောင်လုပ်ပြီးတော့ ကမ္ဘာမြေက ထွက်သွားဖို့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်မယ်ဆိုပြီး လေထဲတိုက်အိမ်ဆောက် စိတ်ကူးတွေယဉ်ပြီး အစီအစဉ်တွေ ဆွဲနေကြပါတယ်။ တစ်ဖက်မှာတော့ အသက် ၄၅ နှစ်အရွယ် မစ်ရှဲ ဖူလာ ဆိုတဲ့ အမျိုးသမီး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်က လူကုံထံပီပီ အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင် စားသောက်ပုံစနစ်တွေ၊ လေ့ကျင့်ခန်းတွေ စိတ်ဆွေးနွေးမှုတွေ စသဖြင့် သေချာလေး နေထိုင်ကျင့်သုံးနေတဲ့သူဖြစ်တဲ့အတွက်…

  • Regretting You

    Regretting You

    Regretting You (2025) ဒီရုပ်ရှင်ကတော့ နာမည်ကြီး စာရေးဆရာမ Colleen Hoover (ကိုလင်း ဟူဗာ) ရဲ့ အရောင်းရဆုံး ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ မိသားစု၊ အချစ်နဲ့ ဒရာမာ ဇာတ်ကားပါ ဇာတ်လမ်းအကျဉ်း မော်ဂန်နဲ့ ခရစ်တို့က ငယ်စဉ်ကတည်းက ချစ်ခဲ့ကြပြီး လိုအပ်တာမှန်သမျှ အလျှော့အတင်းလုပ်ကာ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ မတော်တဆမှုတစ်ခု ဖြစ်ပွားပြီး ခရစ်ဟာ ရုတ်တရက် ဆုံးပါးသွားပါတော့တယ်။ ခရစ်ဆုံးသွားပြီးနောက် မော်ဂန် နဲ့ ကလာရာတို့ဟာ သူတို့ရဲ့ ဝမ်းနည်းမှု၊ ဒေါသတွေကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ဝေးကွာလာကြတယ်။ အမေနဲ့သမီးကြားက ဆက်ဆံရေးဟာ လုံးဝ ပြိုလဲသွားတဲ့အထိ ဖြစ်လာပါတယ်။ မော်ဂန်ကတော့ ခင်ပွန်းသည်ရဲ့ လျှို့ဝှက်ချက် တစ်ခုကို…

  • Urban Justice

    Urban Justice (2007) ဒီဇာတ်ကားကတော့ နာမည်ကျော်အက်ရှင်မင်းသားကြီး စတီဗင်ဆီးဂါလ်(Steven Seagal)ပါဝင်ထားတဲ့ဇာတ်ကားပါ။ Eddie Griffin Carmen Serano နဲ့အခြားဇာတ်ရံတွေအများကြီး အားဖြည့်ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Don E. FauntLeRoy ပါ။ သရုပ်ဆောင်ညံ့တယ်လို့ဝေဖန်ကြပေမဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ တေးဂီတလည်းမဆိုးပါဘူး။ ကိုယ့်သားကိုသတ်သွားတဲ့သူကို မရမက လိုက်လက်စားချေတဲ့ အဖေတစ်ယောက်ရဲ့ အန္တရာယ်တွေကိုမမှုဘဲ စိတ်ပိုင်းဖြတ်ထားတာကတော့သဘောကျစရာပါပဲ။ ဇာတ်လမ်းအကျဥ်း လူလေးစားခံရပြီး တာဝန်သိတဲ့ရဲအရာရှိ မက်စ်ဘောလစ်စတာဟာ တာဝန်ထမ်းဆောင်ရင်း လော့အိန်ဂျယ်လိစ်မြို့(L.A)လမ်းတစ်လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။ လူဆိုးဂိုဏ်းတွေအချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေတဲ့ L.Aမှာ မက်စ်ကိုသတ်သွားတဲ့ တရားခံကိုရှာတွေ့ဖို့က မလွယ်ဘူးလို့ သူ့အမှုကိုတာဝန်ယူထားတဲ့ စုံထောက်ရှောကပြောပါတယ်။ မက်စ်ရဲ့အဖေ ဆိုင်မွန်ဘောလစ်စတာကတော့ ဒါကိုလက်မခံဘဲ သူ့နည်းသူ့ဟန်နဲ့စုံစမ်းပြီး လူသတ်သမားကို လိုက်ရှာပါတယ်။ သူ့သား သတ်ခံရတဲ့နေရာနားမှာ အခန်းငှားနေပြီးစုံစမ်းပါတော့တယ်။ မက်စ်ရဲ့သတင်းပေးဂယ်ရီမောရစ်ဆင်ဆိုတဲ့ လူမည်းကောင်လေးရောက်လာပြီး အခြေအနေတစ်ချို့ကိုပြောပြပေးပါတယ်။ စုံစမ်းရင်း၊ လိုက်ရင်းနဲ့…

  • Hoard

    Hoard

    Hoard (2023) Hoard ဆိုတဲ့ ဇာတ်ကားလေးကတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ အတိတ်ရဲ့အရိပ်မည်းတွေကြောင့် စိတ်ဒဏ်ရာ ရနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပုံဖော်ရိုက်ကူးထားပြီး နာမည်ကြီး Stranger Things သရုပ်ဆောင်ဖြစ်တဲ့ Joseph Quinnလည်းပါဝင်သရုပ်ဆောင်ထားတဲ့Psychological Drama, Coming-of-Ageကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း မာရီယာဆိုတဲ့ကောင်မလေးဟာ အမှိုက်တွေနဲ့မလိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းတတ်တဲ့ရောဂါ(Hoarding Disorder) ရှိတဲ့ မိခင်နဲ့ခံစားချက်ခိုင်မာပြင်းထန်တဲ့ရင်းနှီးဆက်နွှယ်မှုတွေရှိလျက် ကြီးပြင်းလာရပြီး မိခင်မတော်တဆဖြစ်တာကြောင့် မွေးစားမိဘတွေနဲ့အတူနေခဲ့ရပါတယ်။ သူဟာ သူ့အမေရှိခဲ့တဲ့ Hoarding Disorderကြောင့်နေထိုင်ခဲ့ရတဲ့ဘဝပုံစံကိုမေ့လုနီးပါးဖြစ်ချိန် ဆယ်စုနှစ်အကြာမှာ မိုက်ကယ်ဆိုတဲ့ကောင်လေးဟာသူ့ဘဝထဲကိုဝင်ရောက်လာခဲ့ပါတော့တယ်။ မာရီယာနဲ့ မိုက်ကယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ပြင်းထန်မှုဆက်နွှယ်ခြင်းက သူမရဲ့ စိတ်ဒဏ်ရာတွေကိုပြန်လည်ပေါ်ပေါက်လာစေပြီး သူမရဲ့အမေလိုအမှိုက်တွေနဲ့မလိုအပ်တဲ့ ပစ္စည်းတွေကို လိုက်စုဆောင်းပြီး အတိတ်က သူ့အမေနဲ့ ရှိခဲ့တဲ့ ပုံရိပ်တွေကိုပုံဖော်နေမိပါတော့တယ်။ သူမအမေဟာ မတော်တဆဖြစ်တုန်းက မသေဆုံးခဲ့ဘဲ ၁၀နှစ်ကြာမှ သေဆုံးသွားတာကို သိလိုက်ရတာကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာထပ်ရသွားပြီး…

  • Friday Night Lights

    Friday Night Lights

    Friday Night Lights (2004) နာမည်ကြီး ဝတ္ထုတွေကို ပိတ်ကားပေါ်တင်တဲ့အခါ ကောင်းသွားတာလည်း ရှိသလို လိုအပ်ချက်တွေ အများကြီးနဲ့ ဝေဖန်ခံရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ 1988 Permian High School Panthers Football Team ရဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံယူပြီး ရေးထားတဲ့ဇာတ်လမ်းမို တကယ့်လက်တွေ့ဘဝက စိတ်ခွန်အားတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ တကယ့်အမှန်အကန်တွေ ပါဝင်ပါတယ်။ အားကစားနောက်ခံ Documentary ဆန်ဆန် ဇာတ်ကားတွေကြိုက်တဲ့သူတွေအတွက် လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပါမီယန်အထက်တန်းကျောင်းရဲ့ ပန်သာစ်အသင်းနည်းပြ ဂယ်ရီကိန်းစ်ဟာ တက္ကဆက်ပြည်နယ် ချန်ပီယံဆုရဖိုအတွက် အိပ်မက်ကြီးကြီးထားတဲ့သူတစ်ဦး…။ ဒါပေမဲ့လည်း လွယ်ကူတဲ့လမ်းကြောင်းတစ်ခု မဟုတ်တာကြောင့် မိုးထဲရေထဲကြားကနေ ရုန်းကန်နေရတဲ့ဘဝ…။ အောင်မြင်မှုအတွက် အတားအဆီးတွေများတဲ့ကြားက မျှော်လင့်ချက်တွေအပြည့်ရှိတဲ့ မြိုငယ်လေးရဲ့ အားပေးကြမ်းပုံတွေ..။ ကိန်းစ်ဟာ…