📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Urban Justice

Urban Justice (2007)

ဒီဇာတ်ကားကတော့ နာမည်ကျော်အက်ရှင်မင်းသားကြီး စတီဗင်ဆီးဂါလ်(Steven Seagal)ပါဝင်ထားတဲ့ဇာတ်ကားပါ။

Eddie Griffin Carmen Serano နဲ့အခြားဇာတ်ရံတွေအများကြီး အားဖြည့်ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Don E. FauntLeRoy ပါ။

သရုပ်ဆောင်ညံ့တယ်လို့ဝေဖန်ကြပေမဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။

တေးဂီတလည်းမဆိုးပါဘူး။

ကိုယ့်သားကိုသတ်သွားတဲ့သူကို မရမက လိုက်လက်စားချေတဲ့ အဖေတစ်ယောက်ရဲ့ အန္တရာယ်တွေကိုမမှုဘဲ စိတ်ပိုင်းဖြတ်ထားတာကတော့သဘောကျစရာပါပဲ။

ဇာတ်လမ်းအကျဥ်း

လူလေးစားခံရပြီး တာဝန်သိတဲ့ရဲအရာရှိ မက်စ်ဘောလစ်စတာဟာ တာဝန်ထမ်းဆောင်ရင်း လော့အိန်ဂျယ်လိစ်မြို့(L.A)လမ်းတစ်လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

လူဆိုးဂိုဏ်းတွေအချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေတဲ့ L.Aမှာ မက်စ်ကိုသတ်သွားတဲ့ တရားခံကိုရှာတွေ့ဖို့က မလွယ်ဘူးလို့ သူ့အမှုကိုတာဝန်ယူထားတဲ့ စုံထောက်ရှောကပြောပါတယ်။

မက်စ်ရဲ့အဖေ ဆိုင်မွန်ဘောလစ်စတာကတော့ ဒါကိုလက်မခံဘဲ သူ့နည်းသူ့ဟန်နဲ့စုံစမ်းပြီး လူသတ်သမားကို လိုက်ရှာပါတယ်။

သူ့သား သတ်ခံရတဲ့နေရာနားမှာ အခန်းငှားနေပြီးစုံစမ်းပါတော့တယ်။

မက်စ်ရဲ့သတင်းပေးဂယ်ရီမောရစ်ဆင်ဆိုတဲ့ လူမည်းကောင်လေးရောက်လာပြီး အခြေအနေတစ်ချို့ကိုပြောပြပေးပါတယ်။

စုံစမ်းရင်း၊ လိုက်ရင်းနဲ့ ရေလိုက်လွဲနေတာနဲ့ သဲလွန်စအသစ်တွေကိုသိလာပါတယ်။

ဆိုင်မွန်ရဲ့နောက်ကြောင်းကို တိတိပပမသိရပေမဲ့ ထိပ်ထိပ်ကြဲတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး ဂိုဏ်းတွေကြားထဲလာကျယ်ရဲသလို တစ်ဖက်ကလည်း ဆိုင်မွန့်ကိုလက်စဖျောက်ဖို့ အသည်းအသန်ကြိုးစားလာပါတယ်။

သစ္စာဖောက်တာတွေ လူလည်ကျတာတွေ မူးယစ်ဆေးရောင်းဝယ်တာတွေနဲ့အညှာအတာမရှိသတ်ဖြတ်တာတွေကြားထဲကနေပဲ သူ့သားကိုသတ်သွားတဲ့သူကို ဆိုင်မွန်သိသွားတဲ့အခါ မထင်ထားတဲ့သူဖြစ်နေပြီး သူဘယ်လိုလက်စားချေမယ်ဆိုတာ ဆက်ကြည့်ကြပါ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်